နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

အီရန်နိုင်ငံရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်မဟာမိတ်အီရတ်နိုင်ငံနဲ့ အငြင်းပွါးစရာဖြစ်လာ

အီရတ်နိုင်ငံမြောက်ပိုင်းကို ပစ်မှတ်ထားပြီး အီရန်နိုင်ငံက ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုအပေါ် မကျေနပ်တာကြောင့် အီရတ်နိုင်ငံအတွင်းက ကာ့ဒ်လူမျိုးတွေ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အိမ်နီးချင်းမဟာမိတ်နိုင်ငံတွေအတွက် ပုံမှန်မဟုတ်တဲ့ အငြင်းပွါးစရာတွေဖြစ်လာခဲ့ပါတယ်။ အီရန်စစ်ဘက်ကတော့ မိမိတို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ အစ္စရေးသူလျှိုတွေရဲ့ ခြိမ်းခြောက်မှုကို ဟန့်တားဖို့ ရည်ရွယ်ခြင်းသာဖြစ်တယ်လို့ အခိုင်အမာပြောပါတယ်။

ဂါဇာစစ်ပွဲနဲ့ ဆက်နွယ်နေတဲ့ ဒေသတွင်းပဋိပက္ခအတွင်း အီရန်နိုင်ငံရဲ့ ပထမဆုံးတိုက်ရိုက်တိုက်ခိုက်မှုမှာ အီရတ်နိုင်ငံက အရပ်သားအမြောက်အများသေဆုံးခဲ့ရပါတယ်။ အီရန်တော်လှန်ရေးအဖွဲ့တွေကတော့ အီရတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ကာဒစ်စတန်က အစ္စရေးသူလျှို့စင်တာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသက သူတို့ရဲ့ မဟာမိတ်တွေအပေါ် အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုကို တုံ့ပြန်ခဲ့တာပါ။

မော့ဆက်ထောက်လှမ်းရေးစင်တာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အီရန်နိုင်ငံဘက်က ပြောဆိုချက်နဲ့ပတ်သက်ပြီး အစ္စရေးအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အဗီဟေးမန်းကတော့ မှတ်ချက်တစ်စုံတရာပေးခြင်းမရှိခဲ့ပါဘူး။ အီရတ်ကာ့ဒ်ဝန်ကြီးချုပ် ဘာဇာနီကတော့ ကမ္ဘာ့စီးပွါးရေးဖိုရမ်မှာ မိန့်ခွန်းပြောရင်း အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုအပေါ် ထည့်သွင်းမှတ်ချက်ပေးခဲ့ပါတယ်။

“ ဒီပဋိပက္ခမှာ ကျတော်တို့ မပါဝင်ပေမယ့် အခုလို တိုက်ခိုက်ခဲ့တာလဲဆိုတာကို အံ့အားသင့်မိပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ကာဒစ်စတန်အရပ်သားတွေ အများအပြားသေဆုံးခဲ့ရတယ်။ ကျတော်တို့အနေနဲ့ အီရန်အပေါ် ရန်လိုခြင်းလည်းမရှိခဲ့ပါဘူး။အီရန်အနေနဲ့ အခုတစ်ကြိမ်မှ မဟုတ်ဘူး၊ အရင်ကလည်း တိုက်ခိုက်ခဲ့ဖူးတယ်”လို့ ဘာဇာနီက ပြောသွားခဲ့တာပါ။

အီရန်နိုင်ငံရဲ့ ပစ်ခတ်တိုက်ခိုက်မှုအပေါ် မကျေနပ်တာကြောင့် ကာ့ဒ်လူမျိုးတွေ ဆန္ဒပြခဲ့ကြပြီး အဲဒီဆန္ဒပြမှုတွေကလည်း ဒေသတွင်း မတည်ငြိမ်မှုတွေ မိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်စရာတွေဖြစ်လာစေခဲ့ပါတယ်။ အောက်တိုဘာလ 7 ရက်နေ့က စတင်ခဲ့တဲ့ ဂါဇာပဋိပက္ခဟာ အခုချိန်မှာ အစ္စရေးနဲ့ ဟားမက်စ်တို့တွင်မဟုတ်ဘူး အီရန်နိုင်ငံရဲ့ မဟာမိတ်တွေဖြစ်တဲ့ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နဲ့ ယီမင်နိုင်ငံတွေပါ ပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုဖြစ်ပွါးခဲ့ပြီးနောက်မှာ အီရတ်နိုင်ငံဟာ ဒေသတွင်းပဋိပက္ခတွေရဲ့ ဗဟိုချက်မကြီးဖြစ်လာမှာကို စိုးရိမ်မှုတွေလည်းရှိနေပါတယ်။

အီရန်နိုင်ငံက အခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားမှုရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် အီရတ်နိုင်ငံခြားရေးဝန်ကြီးကတော့ မိမိတို့ရဲ့အချုပ်အခြာအာဏာကို ထိပါးလာမှုအတွက် တရားဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို