နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂါဇာစစ်ပွဲက ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲရလဒ်ကို အထိနာစေမှာလား?

ဂါဇာစစ်ပွဲက ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲရလဒ်ကို အထိနာစေမှာလား? ++++++++++++++++ ဂါဇာစစ်ပွဲနဲ့ အမေရိကန်ကျောင်းဝန်းတွေက ဆန္ဒပြပွဲတွေကို သမ္မတဂျိုးဘိုင်ဒန်ကိုင်တွယ်ခဲ့ပုံတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်ပါတီဝင်တွေကြားမှာ လေးလေးနက်နက် ဝေဖန်မှုတွေရှိနေပြီး လွန်ခဲ့တဲ့ ၄ နှစ်က ဒေါ်နယ်ထရန့်ကို အနိုင်ယူဖို့ သူမှီခိုခဲ့တဲ့ ညွန့်ပေါင်းအဖွဲ့မှာလည်း သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်စေခဲ့တဲ့လို့ ရိုက်တာရဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ မေလ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကောက်ယူခဲ့တဲ့ အဲဒီစစ်တမ်းမှာ ဒီမိုကရက်တစ်မဲဆန္ဒရှင်တွေထဲက ၄၄ ရာခိုင်နှုန်းဟာ အကျပ်အတည်းတွေကို ဂျိုးဘိုင်ဒန်ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး သဘောမတူကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေကို သဘောမတူတဲ့ ဒီမိုကရက်တစ်မဲဆန္ဒရှင်တွေဟာ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို ထပ်မံမဲပေးဖို့ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ ဒါက ဒေါ်နယ်ထရန့်နဲ့ ပြန်ရင်ဆိုင်ရမယ့် မကျေပွဲအတွက် သေးသေးမွှားမွှားစိုးရိမ်စရာတော့မဟုတ်ပါဘူး။ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၃၅၀၀၀ သေဆုံးခဲ့ရပေမယ့် အစ္စရေးကို စစ်ရေးအရ ဆက်လက်ကူညီထောက်ပံ့နေတာတွေကြောင့် ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းကိုလည်း ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့တစ်ပတ်က ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို စီးနင်းဝင်ရောက်မှုမှာ အစ္စရေးကို ပေါင် 7000 နဲ့ ပေါင် 500 ဗုံးသီး ၁၇၀၀ တွေတင်ပို့မှု ရက်ရွှေ့ဆိုင်လိုက်ပေမယ့်လည်း အမေရိကန်ရဲ့ လက်နက်အကူအညီတွေဟာ အစ္စရေးကို ဆက်လက်စီးဆင်းနေဆဲဖြစ်ပါတယ်။ ဂါဇာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ကျောင်းဝန်းတွေက ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ စီးနင်းဖြိုခွင်းခိုင်းတဲ့ ကိစ္စတွေဟာ ဒေါ်နယ်ထရန့်ရဲ့ ဖရိုဖရဲဖြစ်မှုကို တည်ငြိမ်အောင်လုပ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ 2020 ခုနှစ်က ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်ကတိကိုလည်း ပျက်ပြားစေခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျိုးဘိုင်ဒန်ရဲ့ ပြိုင်ဘက်ဒေါ်နယ်ထရန့်က လက်ရှိမတည်ငြိမ်မှုတွေကို အသုံးချပြီး ဂျူးမဲဆန္ဒရှင်တွေ၊ လူငယ်မဲဆန္ဒရှင်တွေနဲ့ အခြားသောမဲဆန္ဒရှင်တွေကို ဂျိုးဘိုင်ဒန်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မကျေနပ်ကြောင်း ပြသဖို့ တိုက်တွန်းခဲ့ပါတယ်။ ရိုက်တာရဲ့ စစ်တမ်းမှာပါဝင်တဲ့ 34 ရာခိုင်နှုန်းကတော့ ဂျိုးဘိုင်ဒန်ရဲ့ စစ်ပွဲအပေါ်ကိုင်တွယ်မှုကို လက်ခံကြပါတယ်။ အဲဒီ ၃၄ ရာခိုင်နှုန်းမှာ 53 ရာခိုင်နှုန်းက ဒီမိုကရက်မဲဆန္ဒရှင်တွေဖြစ်ပြီး ရီပက်ဘလီကန်မဲဆန္ဒရှင် ၂၂ ရာခိုင်နှုန်းနဲ့ အခြားလွတ်လပ်တဲ့အဖွဲ့အစည်း ၃၁ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။ တက္ကသိုလ်ကျောင်းဝန်းအတွင်းက စစ်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ သမ္မတဂျိုးဘိုင်ဒန်နဲ့ သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လပေါင်းများစွာ ပစ်မှတ်ထားဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ အွန်လိုင်းက ကောက်ယူခဲ့တဲ့ ရိုက်တာရဲ့ စစ်တမ်းမှာ မှတ်ပုံတင်ထားတဲ့ မဲပေးသူ 3208 ဦးပါဝင်ခဲ့ပြီး အမေရိကန်နိုင်ငံတဝန်းက အရွယ်ရောက်ပြီး မဲပေးခွင့်ရှိသူ 3934 ဦး အထိ ပါဝင်ခဲ့ကြပါတယ်။ “ ဒီစစ်တမ်းက ဂျိုးဘိုင်ဒန်ဟာ အရှုံးသမားဆိုတာကို ဖော်ပြနေတာပါပဲ။ သူက အခုကတည်းက ဘယ်၊ ညာ နှစ်ဖက်စလုံးက မဲတွေရော အလယ်က မဲတွေပါ ဆုံးရှုံးနေတာပါ”လို့ စစ်တမ်းကို သုံးသပ်တဲ့ မဟာဗျူဟာပညာရှင် ဒေါက်ကလပ်ရှိုးအန်းက ဝေဖန်သုံးသပ်ခဲ့ပါတယ်။ +++++++++++ ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက