နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

နေတန်ယာဟုကို အစ္စရေးကာကွယ်ရေးဝန်ကြီး လူသိရှင်ကြား စိန်ခေါ်

နေတန်ယာဟုကို အစ္စရေးကာကွယ်ရေးဝန်ကြီး လူသိရှင်ကြား စိန်ခေါ်

+++++++++++++++++++++

ဟားမက်စ်စစ်သွေးကြွတွေနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲအပြီးမှာ ဂါဇာကမ်းမြောင်အတွက် စီမံပေးမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်နေတန်ယာဟုကို အစ္စရေးကာကွယ်ရေးဝန်ကြီးက လူသိရှင်ကြား စိန်းခေါ် ပြောဆို လိုက်ပါတယ်။ ရုပ်မြင်သံကြားကနေထုတ်လွှင့်တဲ့အစီအစဉ်မှာ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုးဂယ်လန့်က ဟားမက်စ်တွေကို တိုက်ခိုက်ချေမှုန်းမှုနဲ့အတူ ပါလက်စ်တိုင်းတွေရဲ့ အစားထိုးအုပ်ချုပ်ရေးစနစ်ကို အခြေခံ အုတ်မြစ်ချပေးဖို့ လိုအပ်တယ်ဆိုတာကိုပါ အလေးပေးပြောဆိုသွားခဲ့တာပါ။

မိမိအနေနဲ့ အောက်တိုဘာလအတွင်းက ဟားမက်စ်တွေရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ တိုက်ခိုက်မှုစတင်ခဲ့ကတည်းက အဲဒီကိစ္စကို တွန်းအားပေးဆောင်ရွက်ခဲ့ပေမယ့် အစ္စရေးအစိုးရထံက တစ်စုံတစ်ရာတုံ့ပြန်မှုမရခဲ့ဘူးလို့ ယိုးဂယ်လန့်က ဆိုပါတယ်။

“ အဲဒီပြဿနာကို အခြေအတင် မဆွေးနွေးတာ ပိုဆိုးပါတယ်။ လောလောဆယ်မှာ တခြားရွေးချယ်စရာမရှိသေးပါဘူး။ ဆုံးဖြတ်ချက်မချနိုင်တာကိုက ဂါဇာမှာ အစ္စရေးစစ်တပ်နဲ့ အရပ်သားအုပ်ချုပ်ရေးဆိုင်ရာအယူအဆကို အန္တရယ်ပိုရှိတဲ့လမ်းစဉ်အဖြစ် ဦးတည်သွားစေခဲ့တာဖြစ်ပါတယ်။ ဒါက အစ္စရေးနိုင်ငံအတွက် မဟာဗျူဟာအရ၊ စစ်ရေးအရ၊ လုံခြုံရေးရှုထောင့်ကနေ အန္တရယ်ရှိတဲ့ရွေးချယ်မှုတစ်ခုပါ”

ကာကွယ်ရေးဝန်ကြီး ယိုးဂယ်လန့်ရဲ့ မှတ်ချက်ဟာ အစ္စရေးခေါင်းဆောင်တွေအတွင်း ဝန်ကြီးချုပ်နေတန်ယာဟုနဲ့ အကြီးမားဆုံးသဘောထားကွဲလွဲမှုဖြစ်ပါတယ်။ ယိုးဂယ်လန့်စ်လို့ နာမည်မတပ်​ထားတဲ့ တုံ့ပြန်မှုအနေနဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီးဟာ ၈ လတာကြာမြင့်လာတဲ့ ဂါဇာထဲက တိုက်ပွဲတွေမှာ ဟားမက်စ်တွေကို မချေမှုန်းနိုင်သေးတဲ့အပေါ် ဆင်ခြေတွေပေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရှေးရိုးဆန်တဲ့ ဝန်ကြီးချုပ်နေတန်ယာဟုဟာ သူ့ရဲ့ စစ်ရေးကက်ဘိနက်အဖွဲ့ကိုတော့ ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ထားပုံရပါတယ်။ နေတန်ယာဟုနဲ့ ယိုးဂယ်လန့်တို့ကလွဲလို့ အစိုးရအဖွဲ့ရဲ့ တစ်ခုတည်းသောမဲပေးအဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဘန်နီဂန့်ဇ်ကတော့ ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေဟာ မှန်ကန်တယ်လို့ ထောက်ခံထားပါတယ်။

ဂါဇာကမ်းမြောင်ကိစ္စနဲ့ပတ်သက်ပြီး ဂယ်လန့်စ်ရဲ့ ဝေဖန်မှုဟာ အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကိုပါ လှုပ်ခတ်စေခဲ့ပါတယ်။အမေရိကန်ဟာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုရရှိထားပြီး အကန့်အသတ်နဲ့သာ အုပ်ချုပ်နေရတဲ့ အနောက်ဘက်ကမ်းက ပါလက်စတိုင်းအစိုးရကို အခန်းကဏ္ဍတစ်ခုပေးဖို့ ကြိုးပမ်းမှုတွေရှိလာခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတော့ ပါလက်စ်တိုင်းအာဏာပိုင်တွေကို ရန်လိုတဲ့အဖွဲ့အစည်းလို့ ကင်ပွန်းတပ်ကာ အသိအမှတ်ပြုဖို့ ငြင်းဆိုထားပါတယ်။ ယိုးဂယ်လန့်စ်ရဲ့ ဗုဒ္ဓဟူးနေ့က မှတ်ချက်ပြုပြောဆိုခဲ့ပြီး နောက်တစ်နာရီအတွင်းမှာတော့ နေသန်ယာဟုက ဂါဇာကမ်းမြောင်ဒေသမှာ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ဆိုရင် ဟားမက်စ်တွေကို အရင်ဆုံးတိုက်ထုတ်ရမယ်လို့ ပြောဆိုခဲ့ပြီး အကြောင်းပြချက်မရှိဘဲ တောင်းဆိုချက်ကို ပြီးဆုံးအောင်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။စစ်ပွဲပြီးဆုံးသွားတဲ့အခါမှာ အစ္စရေးက ဂါဇာကမ်းမြောင်ရဲ့ လုံခြုံရေးကိစ္စအ၀၀ကို ဆက်လက်ထိန်းချုပ်သွားမယ်လို့ လည်း နေသန်ယာဟုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 12 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 28 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 44 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN