နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်က မြို့နယ်အချို့မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး VPN တွေကိုပါ စစ်ဆေးနေ

ဇွန်လ (၁၇)ရက်။

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ စစ်ကောင်စီလက်အောက်ခံတွေက ဧည့်စာရင်းအကြောင်းပြပြီး VPN အသုံးပြုတာရှိမရှိကို စစ်ဆေးတာတွေရှိနေတယ်လို့ မြို့ခံပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ပြီးခဲ့တဲ့ရက်က လမ်းထဲမှာ စကစအဖွဲ့တွေက ဧည့်စာရင်းဆိုပြီး ဝင်စစ်တာ၊ သူတို့က ဧည့်စာရင်းစစ်ရင်းနဲ့ VPN ရှိမရှိကိုပါစစ်တာ၊ တော်တော်များများပါသွားတယ်။ ပြီးတော့ တယောက်တစ်သောင်းနဲ့ ပြန်လွှတ်ပေးခဲ့တယ်” လို့ သုဝဏ္ဏနေသူတစ်ဦးက ဆိုပါတယ်။

ဇွန်လ (၁၅)ရက်နေ့ နံနက်ပိုင်းကလဲ သင်္ဃန်းကျွန်းမြို့ရှိ စံပြဈေးထဲက ဈေးသည်တွေနဲ့ ဈေးဝယ်လာသူတွေရဲ့ ဖုန်းတွေကို VPN ရှိမရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပေါင်းအပါတွေက စစ်ဆေးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ ဒီလိုလုပ်တာက စစ်ကောင်စီက ပြည်သူတွေရဲ့ ပုဂ္ဂလိကလုံခြုံမှုကို အတင်းအဓမ္မကျူးလွန်တာ၊ နောက်ပြီး VPN တွေ့ရင် ဒဏ်ရိုက်တာ၊ ဖမ်းဆီးတာတွေကို မြို့ပေါ်က နေရာတွေအထိ ပြုလုပ်နေတာ” လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY)က ပြောပါတယ်။

ရန်ကုန်မြို့ပေါ်မှာ VPN အကြောင်းပြပြီး ငွေညှစ်နေတာတွေကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့သွားလာကာ စစ်ကောင်စီရဲ့ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

ပြည်သူတွေဆီကနေ VPN အသုံးပြုတာရှိမရှိ စစ်ဆေးဖမ်းဆီးတာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ယာဉ်ထိန်းရဲတွေ၊ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်အဖွဲ့တွေ ပူးပေါင်းကာ လုပ်ဆောင်နေတာလို့ ပြောဆိုနေကြပါတယ်။

စစ်ကောင်စီဟာ မေလကုန်ပိုင်းကစပြီး VPN အသုံးပြုတာတွေကို ကန့်သတ်တားမြစ်တာတွေရှိလာသလို ဖမ်းဆီးစစ်ဆေး ငွေညှစ်နေတာကြောင့် မြို့နေပြည်သူတွေဟာ စိုးရိမ်မှုတွေနဲ့ သွားလာနေကြရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ