နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၃၀)ဦးသေဆုံးပြီး အများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့

ဩဂုတ်လ (၁၇)ရက်။

မနေ့က နေ့လယ် (၃)နာရီအချိန်ခန့်က ငါးဇွန်မြို့နယ်၊ တောင်ရွာဘိုကျေးရွာဘုန်းကြီးကျောင်းထဲရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဘုန်းကြီးကျောင်းထဲရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မီတာ (၁၀၀)ပတ်ချာလည်ကနေ ဒရုန်းနဲ့ ဗုံးသီးချတာအပါအ၀င် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီဘက်က (၃၀)ဦးခန့် သေဆုံးခဲ့ကာ အများအပြား စိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းတွေကို အတည်ပြုပြီး ဖော်ပြထားပါတယ်။

တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ငါန်းဇွန်မြို့ကနေ စစ်ကား (၄)စီးနဲ့ စစ်ကူရောက်ရှိလာကာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဘုန်းကြီးကျောင်းထဲက အင်အားတွေနဲ့ ပူးပေါင်းသွားတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ လက်နက်နဲ့ ခဲယမ်းအင်အား မမျှတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီတပ်တွေဘက်ကနေ စက်လက်နဲ့ (၄၀)မမအပါအ၀င် လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူတွေပို့သတဲ့မေတ္တာတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပွန်းပဲ့ရှနာတာကလွဲပြီး အထိအခိုက်မရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းဖြစ်တဲ့ People’s Defence Force – South Monywa အနေနဲ့ TGYR-Youth Guerrilla Counter Revolution-NZ(ငါန်းဇွန်)၊ ငါန်းဇွန်မြို့နယ်(ပကဖ)၊ 925-ပျောက်ကျားတပ်ဖွဲ့၊ Wings OF KSU၊ မန္တလေးခရိုင်တပ်ရင်း(၅)၊ ဇေယျာရွှေမြေပျောက်ကျားတပ်ဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားတပ်ဖွဲ့နဲ့ အားမာန်သစ်ပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နွေဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီလေယာဉ် (၅)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 2 Views
မေလ (၂၁)ရက်။ နွေ‌ဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီရဲ့ လေယာဉ် (၅)စီးအထိကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 1 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။
မြန်မာသတင်း

နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 2 Views
မေလ (၂၁)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုမြို့ ဟိုခိုရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် ဓါတ်အားလိုအပ်ချက် မပြည့်တာလို စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 11 Views
မေလ (၂၁)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရပ်ဆိုင်းခဲ့ရရင် မဂ္ဂါဝပ် (၆၀၀၀)ရရှိမှာဖြစ်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က အစည်းအဝေး ဒုတိယနေ့မှာ ပြောဆိုခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံမှာ လျှပ်စစ်နဲ့ပတ်သက်ပြီး လိုအပ်ချက်ပြည့်မီတာ မရှိသေးဘဲ လျှပ်စစ်စွမ်းအင်မရှိရင် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို
မြန်မာသတင်း

ဗန်းမော်မှာ စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 22 Views
မေလ (၂၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ဗန်းမော်မြိုကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲတွေက ပစ်ချနိုင်ခဲ့တယ်လို မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်မှာ ထောက်ပိုတက်လာတဲ့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် (၃)စီးကို‌ တော်လှန်ရေးတပ်တွေက ပစ်‌ခတ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 21 Views
မေလ (၂၀)ရက်။ စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ “ စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာ ကျနော်တိုမှာ စစ်ဒေသ (၃)ခုရှိပါတယ်။ အဲ့ဒီစစ်ဒေသ (၃)ခုလုံးမှာရှိတဲ့ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်း‌တွေဖွင့်လှစ်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 17 Views
မေလ (၂၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့တယ်လို စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တာလို ဆိုပါတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ ကာ/လုံအဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 18 Views
မေလ (၂၀)ရက်။ ရွေးကောက်ပွဲကျင်းပဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)ရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပဒေတွေကို ချိန်ထိုးကြည့်ရာမှာ ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်တာကို တွေ့ရကြောင်း၊