နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးသာမက ပြန်လည်ထူထောင်ရေးကိုပါ ကူညီဖို့ NUG အပါအ၀င် KNU၊ KNPP နဲ့ CNF ပူးတွဲတောင်းဆို

စက်တင်ဘာလ (၁၇)ရက်။

ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးသာမက ပြန်လည်ထူထောင်ရေးကိုပါ ရေတိုရေရှည် ကူညီပံ့ပိုးဖို့ NUG အပါအ၀င် KNU၊ KNPP နဲ့ CNF တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်တောင်းဆိုထားချက်အရ သိရပါတယ်။

(၃)ရက်ခန့် မိုးကြီးတာနဲ့ ဆည်တွေရဲ့ ရေပိုလွှဲတွေကနေ ရေထုတ်လွှတ်တာတို့ကြောင့် မန္တလေး၊ ရှမ်း၊ ကရင်နီနဲ့ ပဲခူးတို့မှာ ဒေသခံ ထောင်နဲ့ချီ သေဆုံး၊ ပျောက်ဆုံးနေကာ ရေလွှမ်းမိုးတဲ့ဘေးကြောင့် လူဦးရေ (၇)သိန်းခန့် ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ရေလွှမ်းမိုးတာကြောင့် လူနေအိမ်တွေ ပြိုကျပျက်စီးတာ၊ ပိုင်ဆိုင်ပစ္စည်းတွေ ဆုံးရှုံးတာ၊ လမ်းတံတားနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးတာ၊ စိုက်ပျိုးမြေတွေ ရေလွှမ်းမိုးတာ၊ မွေးမြူရေးတိရစ္ဆာန်တွေ သေကြေပျက်စီးတာနဲ့ ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုထိခိုက်ပျက်စီးတာတွေကို NUG လူသားချင်းစာနာမှု၀န်ကြီးဌာနအပါအ၀င် KNU၊ KNPP နဲ့ CNF တို့က ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်တဲ့လုပ်ငန်းတွေကို အစွမ်းကုန် ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

မုန်တိုင်းအရှိန်နဲ့ ရေဘေးအန္တရာယ်ရဲ့ ကြီးမားပြင်းထန်တာကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ အမိုးအကာထောက်ပံ့တဲ့လုပ်ငန်းတွေအပြင် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် လူသားစာနာမှုအကူအညီပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို အကူအညီတွေ အညီအမျှရဖို့ ဆောင်ရွက်ပေးတာ၊ ၀န်ကြီးဌာန တာ၀န်ခံတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေကို တိုက်ရိုက်ပံ့ပိုးဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာပေးအပ်တဲ့ လူသားစာနာမှုအကူအညီတွေကို နိုင်‌ငံရေးနဲ့ စစ်ရေးတို့အတွက် အမြတ်ထုတ်တာ မခံရဖို့ အထူးသတိပြုဆောက်ရွက်တာအပြင် အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက် စီမံခန့်ခွဲဖို့ တောင်းဆိုထားပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ လူမှုရေးအဖွဲ့တွေနဲ့ စေတနာရှင်ပြည်သူတွေကို အသိအမှတ်ပြု ကျေးဇူးတင်ကာ ပူးပေါင်း‌လုပ်ဆောင်သွားမယ်လို့ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို