နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့လူငယ် (၁၂၅)ဦးရှိခဲ့

ဒီဇင်ဘာလ (၁၇)ရက်။

အခုလ (၁၅)ရက်တာထဲ မန္တလေးမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ် (၁၂၅)ဦးအထိရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဒီဇင်ဘာ (၁)ရက်ကနေ (၁၅)ရက်အထိ (၂)ပတ်တာကာလထဲ မြေပြင်သတင်းတွေကို အခြေခံပြီး မန္တလေးက မြို့နယ်(၇)မြို့နယ်မှာ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ်တွေကို စာရင်းပြုစုခဲ့တာပါ။ လက်လှမ်းမီရာ စာရင်းပြုစုထားတာကြောင့် မြေပြင်မှာ အခုစာရင်းထက် ပိုများနိုင်ပါတယ်” လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အောင်မြေသာဇံမှာ (၂၁)ဦး၊ ချမ်းအေးသာဇံမှာ (၇)ဦး၊ မဟာအောင်မြေမှာ (၅)ဦး၊ ချမ်းမြသာစည်မှာ (၅)ဦး၊ ပြည်ကြီးတံခွန်မှာ (၃၆)ဦး၊ အမရပူရမှာ (၁၇)ဦးနဲ့ ပုသိမ်ကြီးမှာ (၃၄)တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအကြောင်းပြုပြီး နေ့/ညမရွေး ဖမ်းဆီးတာအပြင် ညအချိန်မတော် ဧည့်စာရင်းဥပဒေကို အကြောင်းပြပြီး ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် မန္တလေးမြို့နေ လူငယ်တွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီး စစ်မှုထမ်းတာ မခံရဖို့ စစ်ကောင်စီယန္တရားနဲ့ လှုပ်ရှားတာတွေကို လေ့လာအကဲခတ်ပြီး အန္တရာယ်ကျရောက်လာနိုင်ခြေရှိရင် ကြိုတင်ရှောင်ရှားဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် ခြိမ်းခြောက်အကြပ်ကိုင်ကာတာတွေလို မလွှဲမရှောင်သာ အခြေအနေနဲ့ကြုံတွေ့ရပြီး တပ်သားသစ်စုဆောင်းခံရရင် ကြိုတင်ပြင်ဆင်ရတဲ့အချိန်မှာ လိုအပ်တာတွေ ပြင်ဆင်ဖို့နဲ့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ မတရားဖမ်းဆီးခံရရင် သတင်းပို့ဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ အခုလဆန်းပိုင်းကစပြီး မန္တလေးနဲ့ ရန်ကုန်မြိုကြီးတွေက လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေပြီး သတိထားကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးနှိုးဆော်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့