နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဲခူးတိုင်းထဲက ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးခဲ့

ဇန်နဝါရီလ (၁၈)ရက်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလကစပြီး အခုဇန်နဝါရီလ ပထမအပတ်ကုန်အထိ ပဲခူးတိုင်းထဲ နယ်မြေစိုးမိုးရေးကြိုးပမ်းရာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းထံက သိရပါတယ်။

အဲ့ဒီထိတွေ့တိုက်ပွဲတွေဟာ ပဲခူးတိုင်းထဲက ပဲနွယ်ကုန်း-နတ်သံကွင်းကားလမ်း၊ သဲတော၊ ထိန်တော၊ နရွဲပင်၊ အုန်းနဲပင် စတဲ့နယ်မြေတွေမှာ နယ်မြေစိုးမိုးရေးနဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်တွေ အထိနာခဲ့ပြီး နယ်မြေအချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၆၀)ခန့်နဲ့ လက်နက်ကြီးပစ်ကူ (၁၁၅)ကြိမ်ခန့်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သဲကော၊ ထိန်တော၊ နရွဲပင်၊ အုန်းနဲပင် စတဲ့ကျေးရွာတွေက ရာနဲ့ချီတဲ့ နေအိမ်တွေ ပျက်စီးခဲ့ပြီး အရပ်သားထိခိုက်တာတွေ ရှိခဲ့ကာ ထိခိုက်မှုအတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ရေးသားထားပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးကာ (၇၀)နီးပါး ဒဏ်ရာရရှိခဲ့ပြီး သေနတ် (၂)လက်၊ Jammer (၁)ခု၊ 5.56 ကျည် (၁၀၀၀)၊ အီနာဂါ (၁၅)လုံး၊ ၆၀မမ (၁၀)လုံး၊ ဒရုန်း (၁)စင်းနဲ့ လက်ပစ်ဗုံး (၁)လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲမှာ တော်ဝင်ဒေါင်းစစ်ကြောင်းဘက်က ရဲဘော်တစ်ဦး မြင့်မြတ်စွာ တိုင်းပြည်နဲ့ လွတ်လပ်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီ က ပြောကြားလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 1 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီက အင်္ဂါနေ့တွင်
မြန်မာသတင်း

မင်းလက်ပံခြံဝင်းထဲ ကျားဖြန့်လုပ်သားတွေ ကင်းစင်သွားကာ ခြံဝင်းကို ချိတ်ပိတ်သိမ်းလိုက်ပြီလို့ KNU ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 17 Views
ဒီဇင်ဘာလ (၁၇)ရက်။ သောရင်မြစ်သဲသောင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေအားလုံး ထိုင်းနိုင်ငံဘက်ကို အပြီးသတ် ထွက်ခွာသွားပြီလို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရွေး‌ကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၀၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 16 Views
ဒီဇင်ဘာလ (၁၇)ရက်။ ရွေးကောက်ပွဲ ပျက်ပြားအောင် နှောင့်ယှက်တာကြောင်ဆိုပြီး ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၂၉)ဦးအထိရှိလာတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပြဋ္ဌာန်းပြီးနောက် ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ အရေးယူမှု (၁၄၀)မှာ အမျိုးသား (၂၀၁)ဦးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်ကို ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မယ်ဆိုပြီး ဒုစစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 16 Views
ဒီဇင်ဘာလ (၁၇)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မှာဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က မြစ်ကြီးနားကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစီမံကိန်းအတွက် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေဖို့ တမံအမြင့်နဲ့ ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နဲ့ပတ်သက်ပြီး အဆိုပြုနည်းလမ်း (၆)မျိုးနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လုပ်ရပ်ဆိုးတွေကို အမြန်ဆုံးရပ်တန့်အောင် ကူညီပေးဖို့ ကုလနဲ့ အင်အားကြီးနိုင်ငံအစိုးရတို့ကို MNDAA နဲ့ TNLA မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၆)ရက်။ စစ်ကော်မရှင်ဟာ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေစုဝေးရာ နေရာတွေကို ပစ်မှတ်ထားပြီး ရခိုင်အပါအဝင် မြန်မာပြည်အနှံ့အပြားကို နေ့တိုင်း ဗုံးကြဲနေတယ်လို့ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အမှု(၃)မှုနဲ့ မင်းကင်းပကဖတာဝန်ခံ အမှုဖွင့်ခံထားရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 26 Views
ဒီဇင်ဘာလ (၁၆)ရက်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲဝင် ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို အမှုဖွင့်ခံ ထားတယ်လို သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ (၁၅)ရက်နေ့က မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ဟာ ရဲမေ မအေးငြိမ်းမြတ်(ခ)မငြိမ်းကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ်ဆိုတာ သတင်းအမှားလို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်တပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ ကွယ်လွန်တယ်ဆိုတဲ့သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ကာ အခုလို
မြန်မာသတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ပြုလုပ်တဲ့ (၈၀)ကြိမ်မြောက် ကုလညီလာခံရဲ့ (၆၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ပတ်သက်ပြီး အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာကို