နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတူပီမြို့ရှိ စစ်ကောင်စီစခန်း ခမရ (၃၀၄) ကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်

ဇွန်လ (၁၈) ရက်။

ချင်းညီနောင်ရဲ့ စစ်ရေးရည်မှန်းချက် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးအတွက် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် အာရက္ခတပ်တော် (AA)၊ Yaw Army (YA) စတဲ့ မဟာမိတ်တပ်တွေအိမ်း ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်တောင်ပိုင်း အခြေချဗျူဟာတည်ရှိရာ မတူပီမြို့ကို ထိုးစစ်ဆင်နေရာ မနေ့အ ဇွန်လ (၁၇) ရက်နေ့မှာ ခြေမြန်တပ်ရင်း-ခမရ ၃၀၄ ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက်ကျဆုံးမှုတွေ ရှိနေပြီး ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲဝင်ဘက်မှာ မတူပီ CDF တပ်မဟာ ၁ က ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့ဟာ ဇွန်လ ၉ရက်နေ့က စတင်ပြီး မတူပီမြို့ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတိုကို ဇွန်လ ၁၃ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မတူပီမြို့မှာ ကျန်ရှိနေတဲ့ မတူပီဗျူဟာနဲ့ ခလရ ၁၄၀ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိနေတယ်လို့ သိရပြီး မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ စစ်ကူပိုပေးတာ အပါအဝင် လေကြောင်းကနေလည်း ပစ်ကူပေးတိုက်ခိုက်ပေးနေတယ်လို့ သိရပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ စစ်ကောင်စီကို တိုက်ခိုက်နေရသလို နောက်ကျောကနေ လာရောက်တိုက်ခိုက်တဲ့ CNA နဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကိုလည်း ပြန်လည်ခုခံနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ။

ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် တွေ့ရပုံ/CDF-Matupi

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို