နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက်

အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက်

+++++++++++++++++++++++

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ ဇူလိုင်လ 17 ရက်နေ့မှာ ဥပဒေပြုလွှတ်တော်က အတိုက်အခံ အမတ်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ နေတန်ယာဟုဟာ ဟားမက်စ်တွေနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွက် စီမံခန့်ခွဲခြင်းနဲ့ ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို လွှတ်ပေးရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေကို အကြိမ်ကြိမ်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း နေတန်ယာဟုက မိမိတို့ရဲ့ ရည်မှန်းချက်တွေမပြီးမြောက်ခင်မှာ နိုင်ငံတကာဖိအားတွေကို ကျောခိုင်းပြီးခုခံသွားမယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အောက်တိုဘာလ 7 ရက်နေ့က ဟားမက်စ်တွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် အစ္စရေး အရပ်သား 1200 ကျော် သေဆုံးခဲ့ရပြီး 250 ကျော် ဓါးစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ကိစ္စမှာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအနေနဲ့ လုံခြုံရေးပျက်ကွက်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အစ္စရေးဟာ အဲ့ဒီလို ကျူးကျော်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ပါလက်စတိုင်းအရပ်သား 38000 ကျော် အသက်သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ အစ္စရေးအရပ်သား 100 ကျော်ကို ဟားမက်စ်တွေက ဓါးစာခံအဖြစ်ဆက်လက်ဖမ်းဆီးထားတာကြောင့် အစ္စရေးစစ်တပ်ဟာ ဂါဇာထဲမှာ အပြင်းအထန်တိုက်ခိုက် ရှာဖွေမှုတွေပြုလုပ်နေတာပါ။

ဒါပေမယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်နဲ့ အီဂျစ်၊ ကာတာနိုင်ငံတွေရဲ့ ကြားဝင်ဖြန်ဖြေပေးမှုတွေကြောင့် ဂါဇာထဲက စစ်ပွဲတွေ အဆုံးသတ်ပြီး ဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာနိုင်ဖွယ်ရှိနေပါတယ်။ အစ္စရေးနိုင်ငံထဲက ဆန္ဒပြပွဲတွေမှာတော့ ဓားစာခံတွေအမြန်ဆုံး အိမ်ပြန်ရောက်ရေးနဲ့ ဝန်ကြီးချုပ်နေတန်ယာဟု ရာထူးက နုတ်ထွက်ရေးကို တောင်းဆိုနေကြတာတွေလည်း ရှိပါတယ်။

နေတန်ယာဟုဟာ လာမယ့် သီတင်းပတ်အတွင်း ဝါရှင်တန်ကို သွားရောက်လည်ပတ်ပြီး အမေရိကန်လွှတ်တော်အတွင်း မိန့်ခွန်းပြောမယ့် အစီအစဉ်မတိုင်ခင်မှာပဲ ဗုဒ္ဓဟူးနေ့က အစ္စရေးပါလီမန်အတွင်း အခြေအတင်တွေဖြစ်ခဲ့ရတာပါ။ လွှတ်တော်ထဲမှာ အတိုက်အခံခေါင်းဆောင် ယိုင်ရာလာပစ်က ဓါးစာခံသဘောတူညီချက်ကို လက်ခံကြောင်း ကြေညာမှာလားဆိုတာကို မေးမြန်းခဲ့ရာကနေ အခြေအတင်စဖြစ်ခဲ့တာပါ။

အဲဒီလို မကြေညာဘူးဆိုရင်တော့ ဝါရှင်တန်ကို မသွားဘဲ ကာတာနဲ့ ကိုင်ရိုမှာပဲ အကြေအလည်ဆွေးနွေးဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ လာပစ်က “ ဓါးစာခံတွေ လိုဏ်ခေါင်းတွေထဲ အသက်ရှုကြပ်သေဆုံးနေရချိန်မှာ အဲယားကွန်းအခန်းထဲ မိန့်ခွန်းသွားမပြောပါနဲ့”လို့ ပြင်းပြင်းထန်ထန်ဝေဖန်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။

နေတန်ယာဟုဟာ ဝါရှင်တန်မှာ ဂါဇာအတွင်း အစ္စရေးရဲ့ စစ်ရေးတိုက်ခိုက်မှုကို ကာကွယ်ပြီး ဟားမက်စ်တွေကို ရှုတ်ချခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

Breaking News!

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 2 Views
ဆီးရီးယားအတိုက်အခံများက မြို့တော်ကို လွတ်မြောက်ပြီဟု နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေညာ ဒီဇင်ဘာလ (၈) ရက်။ ဒီဇင်ဘာလ (၈) ရက်နေ့တွင်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဂါဇာမြောက်ပိုင်းက ကာမဲလ် အက်ဝမ် (Kamal Adwan) ဆေးရုံကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းရာမှာ ဆရာဝန်လေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေ ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 2 Views
ဒီဇင်ဘာလ (၈) ရက်။ ဒီဇင်ဘာလ (၆) ရက် သောကြာနေ့တွင် အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာမြောက်ပိုင်းရှိ ကာမဲလ်အက်(ဒ)ဝမ် (Kamal Adwan)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အတိုက်အခံတပ်ဖွဲ့များက ၎င်းတို့သည် ဒမတ်စကတ်မြို့နှင့် ပိုမို နီးကပ်လာသည်ဟု ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 2 Views
ဒီဇင်ဘာလ (၈) ရက်။ ဆီးရီးယား လက်နက်ကိုင်သူပုန်တပ်ဖွဲ့တွေ ဒမတ်စကတ်မြို့တော်ကို ဝိုင်းရံပြီး စစ်ဆင်ရေးတစ်ရပ် ကြိုးပမ်းနေကြတယ်ပေမယ့် ဆီးရီးယားစစ်တပ်ကတော့ သူတို့တပ်ဖွဲ့တွေဟာ မြို့တော်ကနေ ဆုတ်ခွာနေခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ အလက်ပိုနဲ့ ဟားမားတို့ကို သိမ်းပိုက်ပြီးနောက် သူပုန်တပ်ဖွဲ့တွေဟာ မြောက်ဘက်ကနေ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အာဆတ်အစိုးရ၏ ကာကွယ်ရေးများ ပြိုလဲသွားချိန်တွင် သူပုန်များသည် ဒမတ်စကတ်သို့ ဝင်ရောက်လာပုံရသည်ဟု မြို့ခံ ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 2 Views
ဒီဇင်ဘာလ (၈) ရက်။ အာဆတ်အစိုးရ၏ ကာကွယ်ရေးတပ်များ ပြိုကျနေသည့် အရိပ်အယောင်များ ပြသနေခြင်းကြောင့် သူပုန်တပ်ဖွဲ့များသည် ဆီးရီးယားမြို့တော် ဒမတ်စကတ်သို့ ဝင်ရောက်လာပုံရသည်ဟု မြို့ခံတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ ဒမတ်စကတ်မြို့တွင်းရှိ ရပ်ကွက်တစ်ခုဖြစ်သည့် Barzeh တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အမေရိကန်သည်ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်မည်မဟုတ်ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 2 Views
++++++++++++++++++++++ ဒီဇင်ဘာလ (၈) ရက်။ အမျိုးသားလုံခြုံရေးအကြံပေးက အမေရိကန်သည် ISIS ပြန်လည်ပေါ်ပေါက်လာမှုကို ဟန့်တားရန် ကြိုးစားမည်ဖြစ်သော်လည်း ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန် (Jake Sullivan) က
နိုင်ငံတကာသတင်း အာရှ

စစ်အုပ်ချုပ်ရေး ကြေညာဖို့ သမ္မတကို အကြံပေးခဲ့တဲ့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ်ယွန်ဟွန်းကို ဖမ်းဆီး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 2 Views
သမ္မတယွန်ဆပ်ယိုးကို အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာရန် အကြံပေးခဲ့သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွန်းကို အစိုးရရှေ့နေတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြသည်။ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွန်းဟာ နိုင်ငံတော်ကို ပုန်ကန်ရန် ကြံစည်သည်ဟု အတိုက်အခံပါတီက စွပ်စွဲခဲ့သည်။ သမ္မတယွန်ကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားရှိ HTS ခေါင်းဆောင် အဘူ မိုဟာမက်အယ်ဂျုလာနီ (Abu Mohammed al-Julani) ဆိုတာဘယ်သူလဲ?

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 4 Views
Hayat Tahrir al-Sham (HTS) အဖွဲ့ ၏ အလက်ပိုမြို့ကို အံ့သြသင့်စွာ သိမ်းပိုက်နိုင်ခဲ့သဖြင့် အယ်ဂျလာနီသည် ဆီးရီးယားစစ်ပွဲနှင့်ပတ်သက်သော မျှော်လင့်ချက်များစွာကို ဖြည့်ဆည်းအားတက်စေခဲ့သည်။ သမ္မတ ဘာရှာအယ်လ်အာဆတ်ကို သစ္စာခံသည့်အစိုးရတပ်ဖွဲ့များကို အံ့သြဖွယ်ရာ ပြိုကျသွားသည့်အထိ တိုက်ခိုက်ပြီးနောက် ဆီးရီးယားရဲ့
နိုင်ငံတကာသတင်း အာရှ

Breaking News!!

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 3 Views
တောင်ကိုရီးယားသမ္မတယွန်အား စွပ်စွဲပြစ်တင်ရန် တောင်းဆိုသည့် ဥပဒေကြမ်းတစ်ရပ် မအောင်မြင် ဒီဇင်ဘာလ (၇) ရက်။ တောင်ကိုရီးယားသမ္မတယွန်အား စွပ်စွဲပြစ်တင်ရန် တောင်းဆိုသည့် ဥပဒေကြမ်းတစ်ရပ်ကို ဒီနေ့မွန်းလွဲ (၇) ရက် နေ့လယ်တွင် တောင်ကိုရီးယား အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အာဏာရပါတီ