နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

Pager များ ပေါက်ကွဲမှုတွင် အစ္စရေးတာဝန်ရှိကြောင်း လက်ဘနွန်အစိုးရဆို

စက်တင်ဘာလ (၁၈) ရက်။

မနေ့က စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော Pager များ တပြိုင်တည်း ပေါက်ကွဲမှုတွင် အစ္စရေးတို့ တာဝန်ရှိကြောင်း လက်ဘနွန်အစိုးရက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် သက်၍ “လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားတဲ့ အစ္စရေးရဲ့ ရာဇဝတ်ကျူးကျော်မှုကို အစိုးရအဖွဲ့က တညီတညွတ်တည်း ရှုတ်ချပါတယ်” ဟု လည်း ယင်းဖြစ်ရပ်အပြီး ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် လက်ဘနွန်ဝန်ကြီးချုပ် Najib Mikatiက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၇ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းခန့်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့အနီးတဝိုက်တွင် Pager များ ပေါက်ကွဲမှုကြောင့် တစ်နာရီအတွင်း အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် လူ ၈ ဦးထက်မနည်း‌ သေဆုံးခဲ့ပြီး လူပေါင်း ၂၈၀၀ ခန့် ဒဏ်ရာရခဲ့သည်။ သေဆုံးသူ ၈ ဦးထဲတွင် ဟစ်ဇဘိုလာ ၂ ဦးသာပါကြောင်း သိရှိရသည်။

လက်ဘနွန်အစိုးရသည် အစ္စရေးတို့၏ လုပ်ရပ်များအတွက် တာဝန်ယူရေးအတွက် အစ္စရေးကို တောင်းဆိုရန် ကုလသမဂ္ဂနှင့် နိုင်ငံအများအပြားကို ဆက်သွယ်ထားကြောင်းကိုလည်း လက်ဘနွန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အစ္စရေးကမူ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပေးသေးချေ။

အမေရိကန်သတင်းစာများက အစ္စရေးမော့ဆက်အဖွဲ့အစည်း၏ လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဟစ်ဇဘိုလာအဖွဲ့ဝင်များသည် လက်ကိုင်ဖုန်းများအစား အချင်းချင်းဆက်သွယ်ရာတွင် အစ္စရေးဘက်က ဖြတ်တောက်နားထောင်ခြင်း မပြုနိုင်သည့် Pager များကို အသုံးပြုကြသည်။ ၎င်းသည် အသေးစား ဆက်သွယ်ရေးပစ္စည်းငယ်တစ်ခုဖြစ်ပြီး စာတိုမက်ဆေ့ချ်များ ပို့ရာတွင် အသုံးပြုကြသည်။ ယင်း Pager များကို ဟစ်ဇဘိုလာမှ အရေအတွက် ၅၀၀၀ ခန့်တင်သွင်းခဲ့ရာ လက်ဘနွန်ဆိပ်ကမ်းမချမီ တနေရာတွင် အစ္စရေးက ဘက်ထရီနားတွင် ယမ်းနှင့် အဝေးထိန်းဖောက်ခွဲကိရိယာများကို ထည့်သွင်းပေးလိုက်သည်ဟု အမေရိကန်သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

စုံစမ်းစစ်ဆေးမှုများအရ ပေါက်ကွဲမှုဖြစ်သော Pager များသည် တိုင်ဝမ်နိုင်ငံ အခြေစိုက် Gold Apollo ကုမ္ပဏီမှ ပြုလုပ်သည့် Pager များ ဖြစ်ကြပြီး၊ မကြာသေးမီ လများအတွင်း ဟစ်ဇဘိုလာတို့အတွက် ဝယ်ယူတင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။ သို့ရာတွင် တိုင်ဝမ်ကုမ္ပဏီသည် ၎င်းတို့ထံမှ လိုင်စင်ယူထားသည့် အခြားကုမ္ပဏီမှ ထုတ်လုပ်ထားသည့်ပစ္စည်းများ ဖြစ်ကြောင်း ပြောဆိုထားသည်။

၎င်း Pager ကို ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့ အခြေစိုက် BAC ကုမ္ပဏီက ထုတ်လုပ်ထားသည်ဟု သိရှိရပါသည်။

Mandatory Credit: Photo by RITCHIE B TONGO/EPA-EFE/REX/Shutterstock (14726049b) People wait outside the office of the Taiwanese company ‘Gold Apollo’ in New Taipei City, Taiwan, 18 September 2024. Taiwanese company Gold Apollo denied on 18 September that they were the manufacturers of the beeper devices used in the Lebanon explosion, which left at least eight people dead and injured thousands, according to the Lebanese Health minister. Taiwan’s Gold Apollo denies manufacturing pagers used in Lebanon blast
TOPSHOT – Relatives mourn Fatima Abdallah, a 10-year-old girl killed after hundreds of paging devices exploded in a deadly wave across Lebanon, during her funeral in the village of Saraain in the Bekaa valley on September 18, 2024. Hundreds of pagers used by Hezbollah members exploded across Lebanon on September 17, killing at least nine people and wounding around 2,800 in blasts the Iran-backed militant group blamed on Israel. (Photo by AFP) (Photo by -/AFP via Getty Images)
BEIRUT, LEBANON – SEPTEMBER 17: Lebanese people arrive at Red Cross building in Beirut to donate blood following call of Lebanon’s Health Ministry as pager explosions left at least 9 people including a child dead and 2800 others injured across Lebanon on September 17, 2024. (Photo by Houssam Shbaro/Anadolu via Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက