နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ATACMS တာဝေးပစ်သည် ရုရှားနယ်မြေအတွင်း ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်လျှင်တောင် ယူကရိန်းအတွက် နောက်ကျသွားပြီလား?

ဤဆောင်းပါးသည် CNN မှ Nick Peyton Walsh ၏ ဆောင်းပါးဖြစ်ပါသည်။

အမေရိကန်သမ္မတဘိုင်ဒန်က အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည် ATACMS ကို ရုရှားပိုင်နက်မှာ အသုံးပြုဖို့ ယူကရိန်းကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

(CNN) အမေရိကန်သမ္မတ ဘိုင်ဒန်သည် ရုရှားပိုင်နက်တွင် အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည် ATACMS ကို အသုံးပြုရန် ယူကရိန်းအား ခွင့်ပြုခဲ့သည်။

အိမ်ဖြူတော်သည် ယူကရိန်းထံမှ ATACMS အသုံးပြုခွင့်ပေးရန် တောင်းဆိုမှုများကို လပေါင်းများစွာ ပယ်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စစ်ပွဲများ ကျယ်ပြန့်လာမည်ကို စိုးရိမ်သည့်အတွက်ဖြစ်သည်။ ယူကရိန်းအစိုးရသည် ငြင်းဆိုမှုအတွက် အမေရိကန်ကို ဝေဖန်ခဲ့သည်။ ယူကရိန်း တောင်းဆိုချက်ကို မပေးတော့ဟု ထင်မြင်ထားချိန်တွင် ဘိုင်ဒင်အစိုးရက အသုံးပြုခွင့်ကို အတည်ပြုခဲ့သည်။

ရွေ့လျားနိုင်မှု မြင့်မားသော ဒုံးပျံအမြောက်စနစ် “HIMARS”၊ ပင်မတိုက်ပွဲဝင်တင့်ကား “Abrams” နှင့် ယူကရိန်းမှ တောင်းဆိုထားသော F-16 တိုက်လေယာဉ်အားလုံးသည် တူညီသောပုံစံအတိုင်း ဖြစ်သည်။ ယူကရိန်းတောင်းဆိုမှုကို ငြင်းဆန်ပြီးမှ စစ်ပွဲအခြေအနေများ နောက်ကျခါနီးရောက်မှ အတည်ပြုခဲ့သည်။

ATACMS တာဝေးပစ်သည် ရုရှားနယ်မြေအတွင်း ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်လျှင်တောင် ယူကရိန်းအတွက် နောက်ကျသွားပြီလား?

အဖြေသည် ရှုပ်ထွေးပြီး ဘိုင်ဒင်အစိုးရက အသုံးပြုခွင့်ကို အဘယ်ကြောင့် တုံ့ဆိုင်းနေသနည်းဟု တစ်စိတ်တစ်ပိုင်း ရှင်းပြနိုင်ပေသည်။

ပထမအချက်က ယူကရိန်းအတွက် ရရှိနိုင်သော ATACMS သည် အကန့်အသတ်ရှိသည်။ ယူကရိန်းက ရုရှားပိုင်နက်ထဲကို နက်နက်နဲနဲ ဝင်ရောက်တိုက်ခိုက်နိုင်လျှင်မှ ညတွင်းချင်း စစ်မြေပြင်ကို အပြောင်းအလဲ ဖြစ်စေနိုင်မည် မဟုတ်ပေ။

လေ့လာသူများက ATACMS အကွာအဝေးအတွင်း ရုရှားပစ်မှတ်များကို စာရင်းပြုစုထားသည်။ US think tank Institute for Warfare (ISW) သည် ပစ်မှတ်ရာပေါင်းများစွာကို စာရင်းပြုစုထားသည်။ သို့သော်လည်း ATACMS ၏ အကွာအဝေးအတွင်း ရုရှားလေတပ်စခန်းများမှ တိုက်လေယာဉ်များကို ရုရှားပိုင်နက်ထဲသို့ ထပ်မံ ရွှေ့ပြောင်းခဲ့ကြောင်း ဘိုင်ဒင်အစိုးရက ရှင်းပြခဲ့ပုံရသည်။

သို့သော်လည်း အမှန်တကယ်အခြေအနေမှာ ယူကရိန်းသည် စစ်ပွဲအခြေအနေကို ပြောင်းလဲပစ်နိုင်လောက်အောင် ATACMS လုံလောက်စွာ ရရှိနိုင်မည် မဟုတ်ပေ။

ဒုတိယအချက်မှာ ယူကရိန်းသည် စျေးပေါပြီး ပြည်တွင်း၌ ထုတ်လုပ်သော ဒရုန်းများကို အသုံးပြု၍ ရုရှားပိုင်နက်အတွင်းသို့ နက်နက်နဲနဲ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ မောင်းသူမဲ့လေယာဉ်များ တီတွင်ထုတ်လုပ်ရေးအတွက် ရန်ပုံငွေများ ပေးအပ်ရန် အမေရိကန်က သဘောတူညီခဲ့သည်။ ယူကရိန်းဒရုန်းများသည် ရုရှားနိုင်ငံ၏မြို့တော် မော်စကိုတစ်ဝိုက်ရှိ လေဆိပ်များနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ယုံကြည်ရသည်။

တတိယအချက်မှာ၊ နက်ရှိုင်းသော ရုရှားပိုင်နက်ကို တိုက်ခိုက်ရန်အတွက် အလွန်တိကျသော အမေရိကန်ဒုံးကျည်များ အသုံးပြုခွင့်ပြုခြင်းသည် ကြီးမားသော စိန်ခေါ်မှု ဖြစ်သည်။

ရုရှားသည် လက်ရှိတွင် စစ်ရေးအရ အလွန်အားနည်းနေပြီး နေတိုး သို့မဟုတ် အမေရိကန်တို့နှင့် အပြည့်အဝ ပဋိပက္ခ မဖြစ်နိုင်သည်မှာ မှန်ပါသည်။

သို့သော် တစ်ချိန်ချိန်တွင် ရုရှားသည် ဟန့်တားမှုကို ပြန်လည်ထိန်းသိမ်းရန် ကြိုးစားမည်ဖြစ်သည်။ ရုရှားထောက်လှမ်းရေးသည် ဥရောပတစ်ဝှမ်းရှိ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ရန် ပြုလုပ်နေသည်ဟု ဝေဖန်ခံနေရသည်။ ၎င်းတွင် ဖောက်ခွဲရေးပစ္စည်းများကို ဥရောပ၏ ပါဆယ်ထုပ်များထဲတွင် ထည့်သွင်းထားကြောင်း လတ်တလောသတင်းများ ထွက်ပေါ်နေသည်။

ရုရှားသည် တစ်နည်းနည်းဖြင့် တန်ပြန်တိုက်ခိုက်ရန် တွန်းအားပေးသည်ဟု ယူဆပါက NATO နိုင်ငံများရှိ အရပ်သားများ ထိခိုက်မှု ဖြစ်လာနိုင်ချေနှင့် တာဝေးပစ်တိုက်ခိုက်မှုများ၏ လက်တွေ့အသုံးဝင်မှုကို ဘိုဒင်အစိုးရက ချိန်ဆတွက်ချက်ထားပုံရသည်။

ထို့ကြောင့် ဤဆုံးဖြတ်ချက်သည် ယူကရိန်းအစိုးရကို ထောက်ခံသူအချို့က ဆိုထားသကဲ့သို့ ရိုးရှင်းသော ဆုံးဖြတ်ချက် မဟုတ်ခဲ့ပေ။ ယူကရိန်းတို့၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်မှာ ရုရှား-ယူကရိန်းစစ်ပွဲတွင် ဘိုင်ဒင်အစိုးရအား ပိုမိုတက်ကြွပါ ဝင်လာစေရန်နှင့် ရုရှားနှင့်တိုက်ခိုက်ခြင်းကို အလေးအနက်ထားမှုကို ထင်ရှားလာစေရန်ဖြစ်သည်။

သို့သော်လည်း ရုရှားနိုင်ငံ Kursk ဒေသသို့ မြောက်ကိုရီးယား စစ်သားများ စေလွှတ်မှုကြောင့် ဆုံးဖြတ်ချက် ချမှတ်ရခြင်း ဖြစ်ကြောင်း အိမ်ဖြူတော်က အလေးပေး ပြောကြားခဲ့ပြီး ရုရှား၏ ပိုမိုပြင်းထန်လာမှုကို တုံ့ပြန်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အနောက်နိုင်ငံ အရာရှိများက မြောက်ကိုးရီးယား တပ်ဖွဲ့ဝင်များကို ရုရှားသို့ စေလွှတ်မှုသည် ယူကရိန်းတွင် စစ်ပွဲများ ပိုမိုကျယ်ပြန့်လာကာ အမေရိကန်၏ အင်ဒို-ပစိဖိတ်ဒေသ၏ရန်ဘက်နိုင်ငံက ရုရှားစစ်ပွဲတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ကို ထောက်ပြခဲ့သည်။ အမေရိကန်အတွက် ယူကရိန်းစစ်ပွဲသည် တစ်ကမ္ဘာလုံး အတိုင်းအတာအထိ ဖြစ်လာစေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ရွေးကောက်ခံသမ္မတထရန့်သည် ငြိမ်းချမ်းရေးကို စေ့စပ်ညှိနှိုင်းနိုင်သည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ဤလောင်းကြေးများသောစစ်ပွဲကို အမွေဆက်ခံရအုံးမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 83 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 95 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 91 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက