နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီး လက်တီနိုမျိုးဆက် မာကိုရူဘီယို (Marco Rubio)

——————————————–

ဒေါ်နယ်ထရန့်သည် အမေရိကန် အထက်လွှတ်တော်အမတ် မာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များက ပြောကြားထားပြီး ဖလော်ရီဒါပြည်နယ်ဖွား ရှေ့နေနိုင်ငံရေးသမားသည် အမေရိကန်၏ ထိပ်တန်းခေါင်းဆောင်အဖြစ် ပထမဆုံး လက်တင်နိုမျိုးဆက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

ဇန်န၀ါရီလတွင် ရွေးကောက်ခံ ရီပတ်ဘလီကန်သမ္မတအဖြစ် ထရန့်က အာဏာရယူသည့်အခါ သူသည် နိုင်ငံခြားရေးတာဝန်ထမ်းဆောင်ရမည့် ထိပ်တန်းသံတမန်တစ်ဦးဖြစ်လာလိမ့်မည် ဖြစ်သည်။

ရူဘီယိုသည် ထရန့်၏ နိုင်ငံခြားရေးဝန်ကြီးအတွက် ဆန်ခါတင်စာရင်းတွင် အထက်မြက်ဆုံး ငြင်းပယ်ရန် မရှိသည့် ရွေးချယ်မှုဖြစ်ပြီး တရုတ်၊ အီရန်နှင့် ကျူးဘားတို့အပါအဝင် အမေရိကန်၏ ပထဝီနိုင်ငံရေးရန်ဘက်များနှင့် စပ်လျဉ်း၍ လွန်ခဲ့သည့်နှစ်များတွင် သူသည် တင်းမာသော နိုင်ငံခြားရေးမူဝါဒကို ထောက်ခံအားပေးခဲ့သည်။

ပြီးခဲ့သောနှစ်များစွာအတွင်း သူသည် ထရန့်၏အမြင်များနှင့် ပိုမိုနီးကပ်စွာညှိနှိုင်းနိုင်ရန် ပျော့ပျောင်းသော ရပ်တည်ချက်အချို့ကို ကျင့်သုံးလာခဲ့သည်။ ရွေးကောက်ခံသမ္မတထရန့်က ယခင်အမေရိကန်သမ္မတများသည် အမေရိကန်ကို ငွေကုန်ကြေးကျများပြီး အချည်းနှီးသော စစ်ပွဲများထဲသို့ ပို့ဆောင်ခဲ့သည်ဟု စွပ်စွဲကာ ပိုမိုတင်းကျပ်သော နိုင်ငံခြားရေးမူဝါဒကို တွန်းအားပေးခဲ့သည်။

ပြဒါးတိုင်ကဲ့သို့ အတက်အကျမြန်ရာတွင် နာမည်ကြီးသော ထရန့်သည် နောက်ဆုံးမိနစ်တွင် သူ့စိတ်ကို ပြောင်းလဲနိုင်သော်လည်း တနင်္လာနေ့တွင် သူ့ရွေးချယ်မှုအပေါ် ဆုံးဖြတ်ချက်ချပြီးနေပုံရသည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တခု၏ အဆိုအရ သိရသည်။

ထင်ရှားသော ရူဘီယိုကို ရွေးချယ်မှုသည် ထရန့်မဟာမိတ်အချို့အကြား စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဖလော်ရီဒါ အထက်လွှတ်တော်အမတ်သည် ကမ္ဘာ့အမြင်နှင့် နိုင်ငံတကာ ဆက်သွယ်ထားမှုရှိနေပြီး ရီပတ်ဘလီကန်ပါတီမှ လက်ယျာစွန်းများ၏ အထီးကျန်ဆန်သော ရပ်တည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေခြင်းကြောင့် ထရန့်၏ မဟာမိတ်အချို့ကြားတွင် စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

အချို့သော ဆိုရှယ်မီဒီယာတွင် ရူဘီယို၏ရွေးချယ်မှုသည် အပြီးသတ် မပြီးသေးကြောင်း သတိပေးခဲ့သော်လည်း ၎င်းတို့၏အချက်အလက်များသည် မည်သည့်နေရာက လာသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ထရန့်ကို ထောက်ခံသော ရန်ပုံငွေပွဲပြုလုပ်ပေးသူ ကာရိုလိုင်းဝါရင် (Caroline Wren) သည် ရူဘီယိုကို မကြိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် စဥ်းစားခံနေရသူ တယောက် ဖြစ်သည့် ဂျာမနီနိုင်ငံဆိုင်ရာ သံအမတ်ဟောင်း ရစ်ချက်ဂရီနဲလ် (Richard Grenell) နှင့် နှိုင်းယှဉ်ကာ လှောင်ပြောင်ခဲ့သည်။

ရစ်ချက်ဂရီနဲလ်ကဲ့သို့ လုံးဝသစ္စာရှိသူတစ်ဦးကို ‘လော်ဘီသမားများက လုံးဝထောက်ခံကြောင်း’ နှင့် ‘ဆီးနိတ်တွင် အဆိုးရွားဆုံးမဲပေးမှုမှတ်တမ်း’ ရှိသည့် အထက်လွှတ်တော်အမတ်တစ်ဦးကို အဘယ်ကြောင့် လိုချင်ကြသနည်းဟု ဝါရင်သည် ရူဘီယိုအကြောင်း ထရန့်၏အတိတ်က ထုတ်ပြန်ချက်များကိုရည်ညွှန်းပြီး X တွင်တင်ခဲ့သည်။

ထရန့်နှင့် ရူဘီယို ကိုယ်စားလှယ်များသည် မှတ်ချက်ပေးရန် တောင်းဆိုချက်များကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။ ထရန့်နှင့် ရူဘီယိုတို့က ထိုကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်း မရှိပါ။

လာမည့်အုပ်ချုပ်ရေးသစ်သည်၂၀၁၇ ခုနှစ်တွင် ထရန့် သမတရာထူးတာဝန်ယူချိန်ကထက် ပိုမိုရန်လိုပြီး အန္တရာယ်ရှိသောကမ္ဘာကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး၊ ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲများ တဟုန်ထိုးအရှိန်မြင့်တက်နေပြီး တရုတ်သည် အမေရိကန်၏ရန်ဘက် ရုရှားနှင့် အီရန်တို့နှင့် ပိုမိုနီးကပ်စွာ ချိန်ညှိပူးပေါင်းနေခြင်းတို့ကိုလည်း ရင်ဆိုင်ရမည် ဖြစ်သည်။

ယူကရိန်းအကျပ်အတည်းသည် ရူဘီယို၏အစီအစဉ်တွင် အရေးပါသည့် အပိုင်းမှ ပါဝင်လာလိမ့်မည် ဖြစ်သည်။

မကြာသေးမီက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းများတွင် အသက် ၅၃ နှစ်အရွယ် ရူဘီယိုက ယူကရိန်းက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ရုရှားသိမ်းယူထားသော နယ်မြေအားလုံးကို ပြန်လည်ရရှိရေးကို အာရုံစိုက် ပြောဆိုနေခြင်းထက် ရုရှားနှင့် စေ့စပ်ညှိနှိုင်းပြီး ပြေလည်မှုရအောင် လုပ်ဆောင်သင့်သည်ဟု‌ပြောခဲ့သည်။

ယူကရိန်း၊ အစ္စရေးနှင့် အခြားအမေရိကန် လုပ်ဖော်ကိုင်ဖက်များအတွက် ဧပြီလက အတည်ပြုခဲ့သော ဒေါ်လာ ၉၅ ဘီလီယံ စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်ကို ကန့်ကွက်ခဲ့သည့် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ၁၅ ဦးထဲမှ ရူဘီယိုသည် တစ်ဦးလည်း ဖြစ်သည်။

စစ်ရေးဝင်ရောက်စွက်ဖက်မှုနှင့် တင်းမာသောနိုင်ငံခြားရေးပေါ်လစီကို ထောက်ခံအားပေးသည့်ပါတီ၏ သိန်းငှက်ကဲ့သို့ထက်မြက်သူကို ယခုအချိန်တွင် ထရန့် ၏ မဟာမိတ်အများစုက ထိန်း၍လုပ်ဆောင်ရန် ပြောနေကြပြီး အထူးသဖြင့် ရီပတ်ဘလီကန်ပါတီဝင်အများစုက ဥရောပရှိ အမေရိကန်၏ မဟာမိတ်များသည် သူတို့ပေးအပ်ရမည့် ဥရောပကာကွယ်ရေးဆိုင်ရာ ကုန်ကျစရိတ်များကို အချိုးကျစွာ မပေးကြောင်း ကန့်ကွက်ခဲ့သည်။

“ကျွန်တော်က ရုရှားဘက်မှာ မရှိပါဘူး၊ ဒါပေမယ့် ကံမကောင်းတဲ့အချက်ကတော့ ယူကရိန်းစစ်ပွဲက စေ့စပ်ညှိနှိုင်းတဲ့ ပြေလည်မှုနဲ့သာ အဆုံးသတ်ရမှာ ဖြစ်ပါတယ် ” ဟု ရူဘီယိုက စက်တင်ဘာလတွင် NBC သို့ ပြောကြားခဲ့သည်။

ရူဘီယိုကို ရွေးချယ်မှုသည် ပြည်တွင်းသာမက နိုင်ငံတကာနှင့်လည်း အရေးပါပါသည်။

ထရမ့်သည် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ဒုသမ္မတ ကာမာလာဟားရစ်နှင့်ယှဥ်ပြိုင်မှုတွင် လက်တင်နို အများအပြား၏ ထောက်ခံမှုကို ရရှိကာ အနိုင်ရခဲ့ပြီး ယခင်ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီကို လက်တင်နိုများက တခဲနက် မဲပေးခဲ့ ကြသော်လည်း နိုင်ငံရေးအရ ပိုမိုကွဲပြားသော လူဦးရေတိုးပွားလာမှုကြောင့် ရီပတ်ပလီကင်များကို ထောက်ခံသည့် လက်တင်နိုများ ပိုများလာခဲ့သည်။

အဓိကမူဝါဒအခန်းကဏ္ဍအတွက် ရူဘီယိုကို ရွေးချယ်ခြင်းဖြင့် ထရန့်သည် လက်တီနိုများကြားတွင် ရွေးကောက်ပွဲဆိုင်ရာအမြတ်အစွန်းများကို ကျစ်လစ်စေပြီး ၎င်း၏အစိုးရ လက်ထက်အုပ်ချုပ်ရေးတွင် လက်တီနိုများအတွက် အဆင့်အမြင့်ဆုံး နေရာရှိကြောင်း အလေးပေးဖော်ပြနိုင်ခဲ့သည်။

ရူဘီယိုသည် လက်တင်အမေရိကတွင် ယခင်နိုင်ငံခြားရေးဝန်ကြီးများထက် ပိုမိုအရေးပါလာဖွယ်ရှိကြောင်း ရူဘီယို၏ မဟာမိတ်ဖြစ်သူ ပထမထရန့် အစိုးရလက်ထက်တွင် Inter-American Development Bank ဘဏ်၏ဥက္ကဋ္ဌဟောင်းနှင့် လက်တင်အမေရိကရှိ အမျိုးသားလုံခြုံရေး ကောင်စီလက်ထောက် ဟောင်း တစ်ဦးဖြစ်သူ မီူရီစီအို ကလာဗာ ကရုန်း (Mauricio Claver-Carone ) က ပထမဆုံးအနေဖြင့် ပြောကြားခဲ့သည်။

“ဒီအချိန်ဟာ အမေရိကရဲ့ သမ္မတတွေ သက်တမ်းတစ်လျှောက်မှာ လက်တင်အမေရိကရဲ့ မြေပုံပေါ်မှာ လက်တင်နိုတယောက်က အမြင့်ဆုံးရာထူးကိုရခဲ့တယ်ဆိုတဲ့အချိန်ပါပဲ။ ဒါဟာ သမိုင်းဝင်ပါပဲ။ တခြားနည်းလမ်းနဲ့ ပြောစရာမရှိပါဘူး” ဟု ကလာဗာကရုန်းက ပြောကြားခဲ့သည်။

တရုတ်နှင့် ကျူးဘားအပေါ် သဘောထားတင်းမာသူ ရူဘီယိုသည် ထရန့်၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်မှုအတွက် နောက်ဆုံးဆန်ခါတင် ကျန်သူ ၃ ဦးထဲမှတစ်ဦးဖြစ်သည်။ ရွေးကောက်ခံသမ္မတသည် နောက်ဆုံးတွင် ဒုတိယသမ္မတအဖြစ် အထီးကျန်ဆန်သော နိုင်ငံခြားရေးမူဝါဒအရ လူသိများသော တင်းမာသော လက်ယာယိမ်း ပုဂ္ဂိုလ် အိုဟိုင်းယိုး ပြည်နယ်မှ ဆီးနိတ်အမတ်‌ဂျေဒီဗင့်စ် (JD Vance) ကို ရွေးချယ်ခဲ့သည်။

ထရန့် ၏ထောက်ခံသူအချို့သည် ထရန့်နှင့်ဆန့်ကျင်ဘက် တင်းမာသော နိုင်ငံခြားရေး မူဝါဒကိုင်စွဲထားသည့် ရူဘီယိုကို ရွေးချယ်မှုအတွက် သူ၏ ဆုံးဖြတ်ချက် အပေါ်သံသယ ဖြစ်ကြသည်။

ဥပမာအားဖြင့် ထရန့် ၏၂၀၁၇-၂၀၂၁ သက်တမ်းအတွင်း ရူဘီယိုက ပူးတွဲကမကထပြုသော ဥပဒေတစ်ရပ် ကြောင့်ထရန့်အနေနှင့် ‌မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့မှ နုတ်ထွက်ရန် ပိုမိုခက်ခဲစေခဲ့ပြီး အထက်လွှတ်တော်၏ သုံးပုံနှစ်ပုံမှ အတည်ပြုရန် လိုအပ်ခဲ့သည်။

ထရန့်သည် သဘောတူညီထားသည့် စစ်ရေးအသုံးစရိတ်များကို ဖြည့်ဆည်းရန် ပျက်ကွက်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများကို နှစ်အတန်ကြာ ပြစ်တင်ရှုံ့ချခဲ့ပြီး မဲဆွယ်ကာလတွင် ရန်ပုံငွေအပေါ် ပျက်ကွက်သော နိုင်ငံများကို ခုခံကာကွယ်ရန် ငြင်းဆိုရုံသာမကဘဲ ထိုနိုင်ငံများကို ရုရှားက “လုပ်ချင်တိုင်းလုပ်ပါ” အားပေးသွားမည်ဟု ထရန့်က သတိပေးခဲ့သည်။

ရူဘီယိုသည် ဆီးနိတ်လွှတ်တော်တွင် တရုတ်ကို ဖိအားပေးနေသည့်ထိပ်တန်းအမတ်တစ်ဦးဖြစ်ပြီး ဒီမိုကရေစီရေးဆန္ဒပြမှုများအပြီး ဟောင်ကောင်အပေါ် ၎င်း၏ရပ်တည်ချက်နှင့်ပတ်သက်၍ ၂၀၂၀ ခုနှစ်တွင် ဘေဂျင်းက ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းခံခဲ့ရသည်။

အထူးသဖြင့် ရူဘီယို သည် လူကြိုက်များသော တရုတ်လူမှုမီဒီယာအက်ပ် TikTok အပေါ် အမျိုးသားလုံခြုံရေးပြန်လည်သုံးသပ်မှုကို စတင်ရန် ၂၀၁၉ ခုနှစ်တွင် ဘဏ္ဍာရေးဌာနအား တောင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများနှင့် ရင်းနှီးမှုများကို ထုတ်ပစ်ရန် အမိန့်ပေးခဲ့သည်။

အထက်လွှတ်တော်ထောက်လှန်းရေးကော်မတီမှ ထိပ်တန်း ရီပတ်ပလီကင်တဦး အနေဖြင့် ဘိုင်ဒင်၏ အုပ်ချုပ်ရေးပိုင်းကို အရှိန်မြှင့်ပြီး ယခုနှစ်အစောပိုင်းတွင် ဟွာဝေ (Huawei) ထံ ရောင်းချမှုအားလုံးကို ပိတ်ဆို့ရန် တောင်းဆိုခဲ့ပြီးနောက် ဟွာဝေက Intel AI ပရိုဆက်ဆာ ချစ်ပ်ပါရှိသော လက်ပ်တော့ပ် အမျိုးအစားသစ်ကို ထုတ်လုပ်လိုက်ပြီးနောက် ယခုနှစ် အစောပိုင်းတွင် ဟွာဝေထံ ရောင်းချမှုအားလုံးကို ပိတ်ပင်ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ကျူးဘားမှ အမေရိကန်သို့ ပြောင်းရွှေ့လာခဲ့သည့် မိဘနှစ်ပါးမှ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမျိုးတွင် မွေးဖွားသည့် ရူဘီယိုသည် ကျူးဘားအစိုးရနှင့် ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်ခြင်းကို ထရန့်နည်းတူ ဆန့်ကျင်သည့်သူတစ်ဦးလည်း ဖြစ်သည်။

လက်တင်အမေရိကရေးရာများကို ကြီးကြပ်ကွပ်ကဲသည့် အထက်လွှတ်တော် ဆပ်ကော်မတီ၏ ရီပတ်ဘလီကန် ကော်မတီဝင်တဦးဖြစ်ပြီး ဗင်နီဇွဲလား နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အစိုးရကို မကြာခဏ အပြင်းအထန် ဝေဖန်သူလည်း ဖြစ်သည်။

ထရန့်သည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရာထူးတာဝန်ယူမည်ဖြစ်ပြီး လာမည့်နှစ် အစောပိုင်းတွင် ၎င်း၏ အစိုးရအဖွဲ့ဝင်များကို ရွေးချယ်ပြီး အစိုးရအဖွဲ့တွင် ထည့်သွင်းသွားမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက