နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမြို့ မန်ကျည်းကုန်းရွာအနီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးခဲ့

ကန့်ဘလူမြို့ မန်ကျည်းကုန်းရွာအနီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးခဲ့

ဒီဇင်ဘာလ (၁၈)ရက်။

ဒီဇင်ဘာလ (၁၆)ရက်နေ့က ကန့်ဘလူမြို့ မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကျွန်းလှ ကုက္ကိုလ်ကုန်းရွာအထိုင်ကနေ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းနဲ့ ကန့်ဘလူခရိုင်ထဲက တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ။ တိုက်ပွဲက တနေကုန်နီးပါးကြာခဲ့ပြီး စကစဘက်က အထိနာလို့ လေယာဉ်ပစ်ကူပါ ပေးခဲ့ရတယ်” လို့ ဆိုပါတယ်။

ကျွန်းလှမြို့ ကုက္ကိုလ်ကုန်းရွာအထိုင်ကနေ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဟာ တနေကုန်နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာများခဲ့ပြီး အထိနာခဲ့တာကြောင့် တံတားဦးတက်ဘက်က ဂျက်ဖိုက်တာတစ်စီးနဲ့ နေ့လယ် (၁၂)နာရီကျော်အချိန်မှာ လေကြောင်းကနေ (၂)ကြိမ် ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေနတ် (၉)လက်နဲ့ ခဲယမ်းမီးကျောက်အချို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်း (၂)စင်း ပျက်စီးခဲ့ပြီး ရဲဘော် (၄)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေကို ကား (၃)စီးနဲ့ ကျွန်းလှမြို့ကနေတဆင့် ကန့်ဘလူမြို့ရှိ ကုတင်(၁၀၀)ဆေးရုံကို ပို့ဆောင်ခဲ့သလို သေဆုံးသူတွေကို ကန့်ဘလူသုသာန်မှာ မီးသင်္ဂြိုလ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် သေဆုံးခဲ့တဲ့ စစ်ကောင်စီနဲ့ ပျုစောထီးတွေကို မီးသင်္ဂြိုလ်ဆဲ့အချိန်မှာ သုသာန်အနီး ဘယ်သူမှ ဖြတ်သန်းခွင့် ပိတ်ပင်တားမြစ်ခဲ့တယ်လို့ သိရပြီး အဲ့ဒီသုသာန်အနီး ဘန်ကာဆောက် ဂိတ်ချထားတာ ကြာပြီလို့လဲ ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ သေဆုံးသွားတဲ့ ပျူစောထီးတွေထဲက နတ်ပေးရွာက ပျုစောထီးတစ်ယောက်၊ သမန်းတောရွာက ငဖြိုးနဲ့ ရာကျော်ဝင်းအပြင် အလောင်းပြန်မရတဲ့ ပိုင်ရှင်မဲ့အထုပ် (၅)ထုပ်ကို ရွာပြန်ပို့ဆောင်ခဲ့တယ်လို့ နောက်ဆက်တွဲ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့