နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရမ်းဗြဲမြို့မှာ တစ်ရက်ထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေကြောင့် လူနေအိမ် (၁၅၀)ကျော် မီးလောင်ပျက်စီးခဲ့

ဖေဖော်ဝါရီလ (၁၉)ရက်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီလ (၁၇)ရက်နေ့ တစ်ရက်ထဲမှာ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းကနေ အကြိမ်အရေအတွက် ရာနဲ့ချီ ပစ်ခတ်ခဲ့တယ်လို့ AA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလို ရမ်းဗြဲမြို့ကို တစ်ရက်ထဲ ရာနဲ့ချီပြီး ပစ်ခတ်ခဲ့တာတွေကြောင့် အမှတ်(၄) ကင်းတဲရပ်ကွက်က လူနေအိမ် (၁၅၀)ကျော်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရမ်းဗြဲမြို့ကို အလုံးစုံပြိုပျက်စေဖို့ ရည်ရွယ်ချက်နဲ့ လေကြောင်း၊ ရေကြောင်းကနေ ပစ်ခတ်တာတွေကို နေ့စဉ် ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

မနေ့က နံနက် (၁၁)နာရီ (၅၂)မိနစ်အချိန်ကနေ နေ့လယ် (၁၂)နာရီ (၂၂)မိနစ်အထိ ရမ်းဗြဲသိမ်တောင်ဘုရားကုန်းထက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းက ရမ်းဗြဲမြို့ကို လက်နက်ကြီးနဲ့ (၂)ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ရခိုင်မှာ စစ်ရေးအရ အလုံးစုံရှုံးနိမ့်တော့မယ့် အနေအထားကို လက်ခံနိုင်တာမရှိတဲ့ စစ်ကောင်စီက အကြမ်းဖက် ဖက်ဆစ်တို့ရဲ့ လုပ်ရပ်အတိုင်း ပြုလုပ်ပြီး ရှုံးမဲမဲနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်တာ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ဖြတ်တောက်တာအပါအဝင် ကုန်စည်စီးဆင်းမှုဖြတ်တောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြောက်ဦးဆေးရုံကို စစ်စခန်းအနေနဲ့ အသုံးပြုတာကြောင့် တိုက်ခိုက်တာဆိုပြီး စစ်တပ် လိမ်လည်သတင်းထုတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 6 Views
ဒီဇင်ဘာလ (၁၃)ရက်။ မြောက်ဦးပြည်သူ့ဆေးရုံကို AA နဲ့ PDF တွေက စစ်စခန်းအနေနဲ့ အသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး စစ်တပ်က ဒီကနေ့ထုတ်သတင်းစာကနေ
မြန်မာသတင်း

ရေဖြူမြို့ပေါ်ရှိ စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို PDF စီးနင်းတိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 7 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က ရေဖြုမြို့ပေါ်ရှိ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးအပါအဝင် စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

မြောက်ဦးအပါအဝင် တညထဲ မြို့(၄)မြို့ကို စစ်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က ညပိုင်းအချိန်က ရခိုင်ရှိ မြောက်ဦးမြို့အပါအဝင် မြို့ (၄)မြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီလောက်ကစပြီး မြောက်ဦး၊ ပုဏ္ဏားကျွန်း၊
မြန်မာသတင်း

မြန်မာဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူမဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြန်မာနိုင်ငံဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူ မဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က မနေ့က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ ပထမဆုံးအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့နယ်မြေထဲ တည်ရှိနေတာထက် ကွင်းဆက်များစွာနဲ့ လည်ပတ်နေတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၈)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 8 Views
ဒီဇင်ဘာလ (၁၂)ရက်။ မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲသလိုမျိုး
မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 35 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၄)နှစ်ကျော်ကာလထဲ
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 34 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် (၂၈)ရက်နေ့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ၂၀၂၆ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 18 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်က လွန်စွာ စက်ဆုတ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်သာမက ရခိုင်ဒေသမှာ