နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

လုပ်ကြံခံရတဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရဲ့ အခြေအနေ စိုးရိမ်နေရဆဲ

လုပ်ကြံခံရတဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရဲ့ အခြေအနေ စိုးရိမ်နေရဆဲ

++++++++++++++++++

အခုတစ်ပတ်အစောပိုင်းက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခံရတဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ စိုးရိမ်ရတဲ့အနေအထားမှာရှိနေဆဲဖြစ်ပေမယ့် အခြေအနေတွေအားလုံးကတော့ တည်ငြိမ်သွားခဲ့ပြီလို့ သိရပါတယ်။

“ မနေ့က ခွဲစိတ်မှုအောင်မြင်ပါတယ်။ အခြေအနေတွေကတော့ တည်ငြိမ်နေပါပြီ။ ဒါက ကျတော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ တခြားခန့်မှန်းချက်တော့ မရှိသေးပါဘူး” လို့ ဝန်ကြီးချုပ် ရောဘတ်ဖီကိုရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆလိုဗက်ကီးယား ဒုဝန်ကြီးချုပ်ရောဘတ်ကာလီနက်က အတည်ပြုပြောဆိုခဲ့တာပါ။

အသက် 59 နှစ်အရွယ် ဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဥရောပတဝန်းကို တုန်လှုပ်ခြောက်ခြားစေတဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး သေနတ်ဒဏ်ရာ 5 ချက် ထိမှန်ခဲ့ပါတယ်။ သောကြာနေ့မှာတော့ သူ့ရဲ့ သေနတ်ဒဏ်ရာတွေကို 2 နာရီကြာ ခွဲစိတ်ကုသမှုခံယူခဲ့တာကြောင့် ပြန်လည်သက်သာ ကောင်းမွန်လာဖို့ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒုဝန်ကြီးချုပ် ကာလီနက်ရဲ့ ပြောပြချက်အရတော့ ရောဘတ်ဖီကိုဟာ နောက်ဆက်တွဲပြဿနာကြောင့် အန္တရယ်ရှိနေဆဲပဲလို့ သိရပါတယ်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုလုပ်ကြံခံရမှုမှာ ယူရက်စီလို့ အမည်ရတဲ့ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ သူ့ကို လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ ကနဦးမှာ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေကို ခေတ္တဆိုင်းငံ့ထားဖို့ ဆလိုဗက်ရာဇဝတ်အထူးပြုတရားရုံးက စနေနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ခွဲစိတ်ကုသမှုခံယူထားတဲ့ ဝန်ကြီးချုပ် ဖီကိုရဲ့ တာဝန်တွေကို တရားဝင်လွှဲပြောင်းယူသွားမှာ မဟုတ်ဘူးလို့ ဒုဝန်ကြီးချုပ်ကာလီနက်က ပြောဆိုထားပါတယ်။ စနေနေ့ကတော့ ရောဘတ်ဖီကို ကို ထောက်ခံသူ 100 ခန့်ဟာ ဆေးရုံပြင်ပမှာ စုဝေးရောက်ရှိလာခဲ့ပြီး ဝန်ကြီးချုပ်အတွက် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရာထူးကို ၄ ကြိမ်မြောက် ရယူလိုက်တဲ့နောက်မှာ ရောဘတ်ဖီကိုဟာ နိုင်ငံရဲ့ မူဝါဒတွေကို ပြောင်းလဲခဲ့တာကြောင့် အတိုက်အခံတွေက ဒါဟာ အာဏာလုယူမှုလို့ ဝေဖန်စွပ်စွဲခဲ့ကြပါတယ်။ ဖီကို ဦးဆောင်တဲ့ ဆလိုဗက်အစိုးရဟာ ရုရှားစစ်ပွဲမှာ ယူကရိန်းဘက်က ထောက်ခံမှုကို လျှော့ချခဲ့ပြီး မီဒီယာလွတ်လပ်ခွင့်တွေကိုလည်း ထိန်းချုပ်ကန့်သတ်ခဲ့တယ်လို့ သိရပါတယ် ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 31 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 32 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်