နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNLA တပ်မဟာ (၄) တပ်ရင်း ၁၀ ဒုတပ်ရင်းမှူး ကျဆုံး

မေလ (၁၉) ရက်။

ဗိုလ်လားထော်လို့ လူသိများတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော် မေလ (၁၇) ရက်နေ့က ကျဆုံးခဲ့တယ်လို့ KNU ဆီက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄၊ တပ်ရင်း ၁၀ ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလားထော်နဲ့ ရဲဘော်နှစ်ဦးဟာ လက်နက်ကြီးကျည်မတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မနေ့က မနက်ပိုင်းမှာ ကျောက်မဲတောင်ကျေးရွာအနီးက စစ်ကောင်စီဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့လုပ်ဆောင်နေချိန် လက်နက်ကြီးထပေါက်ခဲ့ပြီး မတော်တဆဖြစ်မှုကြောင့် ကျဆုံးသွားတာလို့ KNU က ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့နယ်ထဲ ဒေါင်းနက်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေပြုလုပ်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 7 Views
‌နိုဝင်ဘာလ (၂)ရက်။ ‌ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့မှာ “ ဒေါင်းနက်” နာမည်နဲ့ အင်အား(၁၀)ဝန်းကျင်ခန့် လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေ ပြုလုပ်နေတယ်လို့
မြန်မာသတင်း

မန္တလေးမှာ အခြေချပြီး ဂိုဏ်းဖွဲ့ လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 7 Views
နိုဝင်ဘာလ (၂)ရက်။ မန္တလေးမှာ အခြေချပြီး ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံကို ဂိုဏ်းဖွဲ့ကာ လူကုန်းကူးတဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကျောက်ကြီးမြို့မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၀)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 8 Views
‌နိုဝင်ဘာလ (၂)ရက်။ မနေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို KNLA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်ရှိ ကျွန်းဘုရားကို ဝင်ရောက်လာတာကြောင့် KNLA
မြန်မာသတင်း

မန္တလေးမှာ အခြေချပြီး ဂိုဏ်းဖွဲ့ လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 4 Views
နိုဝင်ဘာလ (၂)ရက်။ မန္တလေးမှာ အခြေချပြီး ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံကို ဂိုဏ်းဖွဲ့ကာ လူကုန်းကူးတဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၂၄)ရက်နေ့က မန္တလေးလေဆိပ်မှာ ထိုင်းနိုင်ငံကို MAI လေကြောင်းနဲ့ သွားရောက်မယ့်
မြန်မာသတင်း

ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 5 Views
နိုဝင်ဘာလ (၂)ရက်။ ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂)တပ်ရင်းရဲ့ မနေ့က သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ တပ်ရင်းအနေနဲ့ ရဲဘော်အင်အား အမြဲတိုးတက်နေပြီး အင်အား များလာတာနဲ့အတူ COC သက်ရောက်တာနဲ့
မြန်မာသတင်း

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ (၇၇)ကြိမ်ရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 6 Views
နိုဝင်ဘာလ (၂)ရက်။ အောက်တိုဘာလထဲ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ (၇၇)ကြိမ်အထိ ရှိခဲ့တယ်လို့ CDF-Mindat ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းတပ်မြို့ကို စစ်ကောင်စီက အောက်တိုဘာလ (၁၈)ရက်နဲ့ (၁၉)ရက်နေ့မှာ နှစ်ရက်ဆက်တိုက် (၇)ကြိမ်
မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုက သတင်းသမား (၇)ဦးကို သတ်ဖြတ်ပြီး (၁၅၀)ထက်မနည်းကို ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 4 Views
‌နိုဝင်ဘာလ (၂)ရက်။ အကြမ်းဖက်စစ်အုပ်စုဟာ သတင်းသမား (၇)ဦးကို သတ်ဖြတ်ပြီး (၁၅၀)ဦးထက်မနည်းကို ဖမ်းဆီးတာနဲ့ ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာလုယူဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး အောက်တိုဘာလ (၃၀)ရက်နေ့အထိ စစ်အုပ်စုဟာ သတင်းသမား
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီနယ်ထိန်းတစ်ဦး ရည်းစားကိုလာတွေ့ချိန် ဖမ်း‌ဆီးပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 4 Views
‌နိုဝင်ဘာလ (၁)ရက်။ မနေ့က ညပိုင်းက တောင်သာမြို့နယ်ရှိ ကျေးရွာတရွာကို ကျွံဝင်လာတဲ့ နယ်ထိန်းအဆင့်ရှိ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် မောင်ချမ်း(ခ)အရှည်ကို ဖမ်းဆီးခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ရုံးစင်ကြီးရဲစခန်းက နယ်ထိန်းအဆင့်ရှိတဲ့ ရခ။