နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြို့နယ်ပကဖကို မန္တလေး PDF ဖမ်းဆီးထားတဲ့အပေါ် ဒေသခံတွေ ဆန္ဒထုတ်ဖော်

မြို့နယ်ပကဖကို မန္တလေး PDF ဖမ်းဆီးထားတဲ့အပေါ် ဒေသခံတွေ ဆန္ဒထုတ်ဖော်

+++++++++++++++++++++++++++++++++++++++++

မေလ (၁၉) ရက်။

ပြီးခဲ့တဲ့ ဧပြီလ (၉) ရက်နေ့က မတ္တရာမြို့နယ်မှာ တိုက်နယ် (၃) ပကဖတာဝန်ခံ (၂) နဂါးညီနောင်အဖွဲ့ခေါင်းဆောင် ဦးသန်းကို လက်နက်အပြည်အစုံ ကိုင်ဆောင်ထားတဲ့ MDY PDF က ရဲဘော်မုန်တိုင်း ဦးဆောင်ပြီး အဖွဲ့ဝင် (၈)​ ဦးက ညှိနှိုင်းဖို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ နဂါးညီနောင်အဖွဲ့က ကိုမိုးစက်က ပြောပါတယ်။

အဲ့ဒီနောက်မှာ ခေါင်းဆောင်ဦးသန်းကို ဖမ်းဆီထားတယ်လို့ သတင်းရရှိတဲ့အတွက် အခြေအနေကို တိတိကျကျ စုံစမ်းဖို့ ခွဲမှူး (၈)ယောက် ထပ်မံလိုက်သွားခဲ့တယ်လို့ သိအပါတယ်။ အဲ့ဒီနောက်မှာလည်း ခွဲမူး(၈) ယောက်လုံးနဲ့ တစ်လကျော်လာတဲ့အထိ အဆက်အသွယ်မရတဲ့အတွက် နဂါးညီနောင်တိုက်နယ် (၃) ပကဖတာဝန်ခံ (၂) နဲ့ ဒေသခံတွေက မေလ (၁၇) ရက်နေ့က သူတို့ခေါင်းဆောင်နဲ့ ခွဲမှူးတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာပါ။

အဖွဲ့ခေါင်းဆောင် ဦးသန်းကို ဘာကြောင့် ဖမ်းဆီးသွားတာလဲလို့ ကိုမိုးစက်ကို ခေတ်မျက်လုံးကို မေးမြန်းတဲ့အခါ ညှိနှိုင်းဖို့ ရောက်ခေါ်ဆောင်သွားခဲ့တာလို့ ပြောပါတယ်။ အဲ့ဒီလို မဖမ်းခင်မှာ MDY PDF ရဲဘော်မုဆိုးက စာတစ်စောင်ကို ဖတ်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီစာက ဘယ်လိုစာမျိုးလည်းဆိုတာတော့ ပထမပိုင်းမှာ မသိခဲ့ဘူး။ နောက်မှ လိုက်စုံစမ်းတော့ ဒလန်ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးသွားတာလို့ သိရပြီး အဲ့ဒီစာကို ခေတ်မျက်လုံးကို ပို့ပေးခဲ့ပါတယ်။

စာထဲမှာတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့က စကားပင်ကျေးရွာထဲကို စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်က အင်အား ၄၀ က ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ပြင်ဦးလွင်ခရိုင်တပ်ရင်းက တပ်ဖွဲ့ဝင် ၃ ဦးနဲ့ စကားပင်ကျေးရွာက ပြည်သူ (၅) ဦး စုစုပေါင်း (၈) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက် စကားပင်ကျေးရွာက ပြည်သူ (၁၅) ဦးကို ဒလန်လို့ စွပ်စွဲပြီး ဒေသခံတော်လှန်ရေးအဖွဲ့တဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲ့ဒီ သတ်ဖြတ်မှုကို မတ္တရာမြို့နယ်မှာ တိုက်နယ်အမှတ် (၃) တာဝန်ခံ ဦးသန်းတို့အဖွဲ့က ကျူးလွန်ခဲ့တယ်လို့ အမည်မဖော်လိုသူ ဒေသခံပြည်သူတဦးက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို တိုင်တန်းလို့ ပူးပေါင်းဆောင်ရွက်ဖို့ ဖော်ပြထားပေမဲ့ ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ စကားပင်ကျေးရွာက လူ (၁၅) ယောက်ဟာ ဒလန်ဖြစ်တယ်ဆိုတာ သက်သေအထောက်အထားရှိတယ် ကျွန်တော်တို့ နဂါးညီနောင်အဖွဲ့တဖွဲ့တည်းက သတ်ဖြတ်တာ မဟုတ်ဘူး အဖွဲ့ပေါင်း ၁၅ ဖွဲ့ပါဝင်ပတ်သက်နေတာလို့ ကိုမိုးစက်က ပြောပါတယ်။ ကျွန်တော်တို့မှာ အပစ်ရှိရင်လည်း အပစ်ပေးလို့ ရပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်မှုကို လိုချင်လို့နဲ့ အပစ်မရှိတဲ့သူတွေဆိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ (၉) ယောက်ရဲ့ မိသားစုဝင်တွေနဲ့လည်း မတွေ့ရသလို ဆက်သွယ်လို့လည်း မရဖြစ်နေလို့ မိသားစုဝင်တွေအနေနဲ့လည်း စိတ်ပူနေကြတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဆော်လမွန်ကို ခေတ်မျက်လုံးက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် “ စုံစမ်းစစ်ဆေးမှုတွေ မပြီးသေးတဲ့အတွက် လတ်တလော ဖြေကြားဖို့ မရှိသေးပါဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အခုလို ဖမ်းဆီးထားတဲ့ကိစ္စကို MOD ဘက်က သိလား မသိလားဆိုတာကိုတော့ မသိရသေးပါဘူး။ MOD အတွင်းဝန် ဦးနိုင်ထူးအောင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ MOD ရဲ့ လက်အောက်က ပကဖတွေနဲ့ တပ်ရင်းတွေအကြား COC က ဘယ်လိုရှိနေမှန်းမသိလို့ မှတ်ချက်ပေးလို့ မရဘူးလို့ ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 9 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 14 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 25 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 19 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 25 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 253 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Broken System(BS)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 29 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့
မြန်မာသတင်း

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ရှောင်တွေနေတဲ့ရွာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူ (၂၀)နီးပါးရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 29 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူထံက သိရပါတယ်။ “ ညနေ(၄)နာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ ကောင်ဂျာရွာကို စကမက လေကြောင်းကနေ ပေါင်