နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန်ရေပေါ်ဘောတံတားမှ ဂါဇာကို အကူအညီများ စတင်ပေးပို့

+++++++++++++++++++++++++++++++++++++++

ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ သယ်ဆောင်လာသည့် ကုန်တင်ကားများသည် အမေရိကန်စစ်တပ် တည်ဆောက်ထားသော ရေပေါ်ဆိပ်ခံတံတားကိုဖြတ်၍ ရောက်ရှိလာပြီးနောက် ကမ်းပေါ်သို့ စတင်မောင်းနှင်သွားခဲ့ကြောင်း အမေရိကန်ဗဟိုဌာနချုပ် (CENTCOM) မှ ပြောကြားခဲ့သည်။

ဆိပ်ခံတံတားအား ဂါဇာရှိကမ်းခြေတစ်ခုတွင် ကြာသပတေးနေ့တွင် ကျောက်ချရပ်နားထားပြီး နိုင်ငံအသီးသီးမှ အကူအညီများကို သိမ်းပိုက် ဝိုင်းရံထားသော ဂါဇာကမ်းမြှောင်သို့ နိုင်ငံပေါင်းစုံမှ အကူအညီများ ပို့ဆောင်ရန် အသုံးပြုမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်မှုအများစုကို ပိတ်ထားကာ အတွင်းတွင် ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ခု ပေါ်ပေါက်လာမည်ဖြစ်သည်။ CENTCOM ၏အဆိုအရ ဂါဇာတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ကမ်းပေါ်တက်ခဲ့ခြင်း မရှိပါ။

CENTCOM ၏ တပ်မှူး ဗိုလ်ချုပ်ဘရက်ကူးပါး (Adm. Brad Cooper) ၏ ရည်မှန်းချက်မှာ ဆိပ်ကမ်းမှ တဆင့် ဂါဇာသို့ နေ့စဉ် လူသားချင်းစာနာမှု အကူအညီ တန်ချိန် ၅၀၀ ခန့် ရရှိရန်ဖြစ်သည်။ ဆိုလိုသည်မှာ တစ်နေ့လျှင် ထရပ်ကားအစီးရေ ၉၀ ခန့် ထောက်ပံ့ရန် ဖြစ်ပြီး ရည်မှန်းချက်က တစ်နေ့ကို ထရပ်ကား အစီး ၁၅၀ အထိ တိုးတက်ပေးဆောင်နိုင်ဖို့ ဖြစ်ပါသည်။

ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထုပ် ၃၀၀ ကျော်ကို အမေရိကန်စစ်တပ်က တပ်ဆင်ထားသည့် ရေပေါ်ဆိပ်ခံတံတားမှ တစ်ဆင့် ဂါဇာသို့ ပို့ဆောင်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။

အစ္စရေးက ရာဖာတွင် ထိုးစစ်စတင်ချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ကယ်ဆယ်ရေးထရပ်ကားအစီး ၃၀၀ ကျော်မျှသာ ခက်ခဲစွာ ဝင်ရောက်နိုင်မှု ရှိသည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီ OCHA က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဘက်သို့ ရာဖာနယ်စပ် ဖြတ်ကျော် ဂိတ်မှ ဝင်ရောက်လာမှုကို တစ်ပတ်ကျော်ကြာ ပိတ်ထားပြီး အကူအညီများ ဖြတ်သန်းခွင့်ကို တားဆီးထားသည့်အတွက်ကြောင့် ရေကြောင်းမှတဆင့်အကူအညီပေးရေးသည် အရေးကြီးသော အကူအညီပေးရေး အခိုက်အတန့်ဝင်ပေါက်ဖြစ်လာခဲ့သည်။

အစ္စရေးသိမ်းပိုက်ထားသည့် ရာဖာဖြတ်ကျော်မှုဂိတ်သည် ဂါဇာနှင့် အီဂျစ်ကြား တစ်ခုတည်းသော ဖြတ်ကျော်ဝင်ရောက်နိုင်သည့်ဂိတ်တခု ဖြစ်ပြီး၊ အစ္စရေးက ထိန်းချုပ်ထားသည့် ဖြတ်ပိုင်းရှိ အခြားနယ်ခြားမှတ်တိုင်များ အားလုံးနှင့်အတူ ဖြစ်သည်

ဂါဇာကမ်းမြောင်သို့ပေးပို့သည့် အကူအညီတွေကို ရေပေါ်ဆိပ်ခံကနေ ဘယ်လိုဖြတ်သွားမလဲ။ ဆိပ်ကမ်းသည် ဂါဇာကမ်းမြောင်သို့ နေ့စဉ်လိုအပ်သော အကူအညီများ ထရပ်ကား အစီးရေ ၉၀ ခန့် ပို့ဆောင်ပေးနိုင်ရန် ကနဦးတွင် မျှော်လင့်ထားသည်။ ၎င်းသည် စနစ်အပြည့်အဝလည်ပတ်ပြီးသည်နှင့် တစ်နေ့လျှင် ထရပ်ကားအစီးရေ ၁၅၀ ဝန်းကျင် သို့မဟုတ် အကြမ်းဖျင်းအားဖြင့် အစားအစာ ၂ သန်းခန့်အထိ နေ့စဉ်ပေးပို့သွားနိုင်မည်ဖြစ်သည်။

ရေပေါ်ဆိပ်ခံတံတားကို ဘယ်လိုတည်ဆောက်ပြီး ဘယ်လိုအလုပ်လုပ်မလဲ။

+++++++++++++++++++++++++++++++++++++++++

အမေရိကန်သည် ဧပြီလနှောင်းပိုင်းတွင် ရေပေါ်ဆိပ်ခံတံတားကို အမေရိကန်ဒေါ်လာ သန်း ၃၂၀ ဖြင့် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်စစ်သားများနှင့် သင်္ဘောသား ၁၀၀၀ ခန့်၏အကူအညီဖြင့် စတင်တည်ဆောက်ခဲ့သည်။ အမေရိကန်က ၎င်းသည် ” လူသားချင်း စာနာမှုအတွက်ပြုလုပ်ပေးသည့် အလုံးစုံသော သဘောသဘာဝ” သာဖြစ်ပြီး ယာယီအတိုင်း အတာတစ်ခုသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

CENTCOM မှ ကူးပါး၏ အဆိုအရ ဆိပ်ခံသင်္ဘောအတွက် အပိုင်းအစများကို အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းရှိ သင်္ဘောများပေါ်တွင် တင်ဆောင်ပြီးနောက် “သမုဒ္ဒရာကိုဖြတ်၍ မိုင်ပေါင်း ၆၀၀၀ ကို ပို့ဆောင်” ခဲ့သည်။ အပိုင်းအစများကို ဂါဇာကမ်းရိုးတန်းအနီးတွင် စုဝေးခဲ့ကြပြီး အစ္စရေး၏ ဆိပ်ကမ်းမြို့ အက်ရှဒေါ့ (Ashdod) တွင် နောက်ဆုံးတပ်ဆင်ခဲ့ကြသည်။

ဆိပ်ခံမှတစ်ဆင့် ပေးပို့သော အကူအညီသည် ဂါဇာကမ်းမြောင်သို့ မရောက်ရှိမီ အဆင့်များစွာ ဖြတ်သန်းရမည်ဖြစ်သည်။ ၎င်းသည် ဆိုက်ပရပ်စ်သို့ လေကြောင်း သို့မဟုတ် ရေကြောင်းဖြင့် ဆိုက်ရောက်မည်ဖြစ်ပြီး ၎င်းအား အမေရိကန်နှင့် အစ္စရေးတို့က စစ်ဆေးမည်ဖြစ်ပြီး ဂါဇာကမ်းရိုးတန်းအနီးရှိ ရေပေါ်စင်္ကြံသို့ သင်္ဘောဖြင့် မပို့ဆောင်မီ အထပ်လိုက် ပဲလက် (palletized) အလိုက်ချထားမည် ဖြစ်သည်။ ထို့နောက် နောက်ဆုံးတွင် ၎င်းကို ရေပေါ်ဆိပ်ခံသို့ ပို့ဆောင်ကာ ကုန်းပေါ်တွင် ဖြန့်ဝေရန်အတွက် ကုန်တင်ယာဉ်များပေါ်သို့ တင်ဆောင်သွားမည်ဖြစ်သည်။

“ကုန်းလမ်းဖြတ်ကျော်ဝင်ရောက်လာတဲ့ အကူအညီတွေကို အစားထိုးဖို့ ရည်ရွယ်တာမဟုတ်ဘူး” ဟု အမေရိကန်က ပြောကြားထားပြီး “ကယ်ဆယ်ရေးလုပ်သားတွေကတော့ ကုန်းလမ်းကနေ နယ်မြေထဲကို ပို့ခြင်းက အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းဖြစ်တယ်” ဟု ပြောခဲ့ပါတယ်။

“ဒီရေကြောင်းကနေပို့တဲ့ လမ်းကြောင်းဟာ ဂါဇာကမ်းမြောင်ကိုပို့နေတဲ့ကုန်းလမ်းကြောင်းတွေကို အစားထိုးဖို့ ရည်ရွယ်တာမဟုတ်ဘူး” ဟု ကူးပါးက ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ဂါဇာကမ်းမြောင်ဒေသရှိ အကူအညီများကို လက်ခံခြင်းနှင့် ဖြန့်ဝေခြင်းအတွက် တာဝန်ရှိမည်ဖြစ်သည်။

အကူအညီတွေ ဘာကြောင့် ဒီနည်းနှင့် ပို့ရတာလဲ။

++++++++++++++++++++++++++++

ဂါဇာကမ်းမြောင်သို့ ကုန်းလမ်းဖြတ်ကျော်မှု အများစုကို အစ္စရေးက ကာလကြာရှည်စွာ စစ်ဆေးမှုများကြောင့် ပိတ်ထားဆဲ သို့မဟုတ် ပိတ်ဆို့ထားခဲ့သည်။ ယင်းကြောင့် အမေရိကန်နှင့် အခြားနိုင်ငံများက ဂါဇာကမ်းမြောင်သို့ ဝေဟင်မှ ထောက်ပံ့ကူညီမှုများ စတင်လုပ်ဆောင်ခဲ့ပြီး နောက်လူ့အခွင့်အရေးအဖွဲ့အစည်းများက ထိုသို့လေကြောင်းမှ ချပေးခြင်းသည် လုံလောက်မှုမရှိဟု ဝေဖန်ခဲ့ ကြသည်။

ဂါဇာကမ်းမြောင်ဒေသတွေမှာ ငတ်မွတ်ခေါင်းပါးမှုစတင် ဖြစ်နေပြီဟု ကုလသမဂ္ဂက သတိပေးထားပြီး အကူအညီတွေပေးဖို့ အစ္စရေးကို ကုန်းလမ်းမှ ဖြတ်ကျော်ဝင်မှု ဂိတ်တွေကို ထပ်ဖွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ USAID စီမံခန့်ခွဲရေးမှူး ဆာမင်သာပါဝါ (Samantha Power) သည် ဂါဇာကမ်းမြောင်ဒေသတွင် အငတ်ဘေး ဖြစ်ပွားနေပြီး “ယုံကြည်စိတ်ချရ” သည်ဟုလည်း အကဲဖြတ်ခဲ့သည်။

မတ်လတွင်၊ ပင်လယ်ရေကြောင်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပထမအသုတ်ကို အမေရိကန် ဆိပ်ခံတံတား စီမံကိန်းမှ သီးခြားစစ်ဆင်ရေးတစ်ခုမှပေးပို့ခဲ့သည်။

ယနေ့တွင်၊ အစ္စရေး ထိန်းချုပ်ထားသော ခီရမ် ရှာလွမ် (Kerem Shalom) ဖြတ်ကူးခြင်းဂိတ်နှင့် ဂါဇာမြောက်ပိုင်းရှိ အနောက်ပိုင်း အီရက်ဇ် (“Western Erez”) ဖြတ်ကူးခြင်းတို့မှသာ ဖွင့်ထားသော်လည်း ၎င်းတို့ကိုဖြတ်၍ ပို့ဆောင်သော အကူအညီ ပမာဏသည် ဂါဇာတွင် လိုအပ်သည့် လိုအပ်ချက်နှင့် နီးစပ်မှုမရှိခဲ့ချေ ။

သို့သော်လည်း အစ္စရေးသည် ၎င်း၏ရာဖာစစ်ဆင်ရေးကို မေလ ၆ ရက်မှ စတင်ပြီးနောက် ကီရမ် ရှာလွမ် (Kerem Shalom) ဖြတ်ကျော်မှုဂိတ်မှ အကူအညီများကို ဂါဇာသို့ပေးပို့၍ မရနိုင်တော့ ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပြောကြားခဲ့သည်။ ပါလက်စတိုင်း ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) က အဆိုပါ ဖြတ်ကျော်မှုဂိတ်ကို မေလ ၆ ရက်မှ ၁၀ ရက်အတွင်း ပိတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီအားလုံး၏ လေးပုံတစ်ပုံ နီးပါးပေးပို့သော အီဂျစ်နှင့်နယ်စပ် ရာဖာဖြတ်ကျော်ဂိတ်ကို အစ္စရေးက သိမ်းယူပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာကမ်းမြောင်ဒေသသို့ မြေပြင်ထိုးစစ်တစ်ခုအဖြစ်စတင်ခဲ့သည်။ အီဂျစ်မှပေးပို့သည့်ရာဖာဖြတ်ကျော်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက