နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်မှာတွေ့ဆုံ

ဇွန်လ (၁၉)ရက်။

မနေ့က တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တွေ့ဆုံချိန်မှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာဖို့အပါအဝင် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပိုမိုမြှင့်တင်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်ဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီအာဘော်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာအပါအဝင် အထူးသဖြင့် အာဆီယံနဲ့ ကုလသမဂ္ဂမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လဲ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးကာလ ရှမ်းမြောက်ဒေသမှာ မြို့နဲ့ စခန်း‌တွေ အများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးတဲ့နောက် တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ယာယီအပစ်ရပ်ခဲ့ကြပါတယ်။

အခုအခါ စစ်ရေးရှုံးနိမ့်နေရတဲ့ ရခိုင်ဒေသက တိုက်ပွဲတွေမှာလဲ မြို့နယ်နဲ့ စခန်းအများအပြားကို လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်နိုင်ဖို့ ဆွေးနွေးတာတွေရှိတယ်လို့ AA ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

(၄) ရက်ကြာ အပစ်ရပ်မယ်လို့ ကိုးကန့်တပ် ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 3 Views
+++++++++++++++++++++++++++++ ဇူလိုင်လ (၁၄) ရက်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် အစည်းအဝေး ရှိနေတဲ့ အတွက် ဒီနေ့ (၁၄) ရက်နေ့
1027 Operations မြန်မာသတင်း

လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 6 Views
ဇူလိုင်လ (၁၄) ရက်။ ရှမ်းမြောက်၊ လောက်ကိုင်ဒေသ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ ကိုးကန့်တပ်ရဲ့ သတင်းဌာန The Kokang
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

သမ္မတဟောင်း ဒေါ်နယ် ထရန့်ကို လုပ်ကြံသတ်ဖြတ်သူကို FBI ဖော်ထုတ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 6 Views
ဇူလိုင်လ (၁၄) ရက်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက ဖော်ထုတ်ခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်သူ သေနတ်သမားဟာ အသက် ၂၀ အရွယ် သောမတ်စ် မက်သယူး ကရော့စ် (Thomas Mathews Crooks)
1027 Operations မြန်မာသတင်း

မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့တို့မှာ TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 5 Views
ဇူလိုင်လ (၁၄)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းရဲ့ (၁၉)ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့တို့မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုးကုတ်မြို့ရှိ ကမ္ဘာလုံးစေတီအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 3 Views
ဇူလိုင်လ (၁၄)ရက်။ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အပျက်အစီးများခဲ့တဲ့ လွိုင်ကော်မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ လွိုင်ကော်မြို့ထဲက စာသင်ကျောင်းအချို့ကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပြီး တက္ကသိုလ်တွေနဲ့ စာသင်ကျောင်းတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့
မြန်မာသတင်း

နမ့်စန်မြို့မှာ RCSS အဖွဲ့၀င်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 9 Views
ဇူလိုင်လ (၁၄) ရက်။ ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းအချိန်က နမ့်စန်မြို့၊ မတ်ကျန်းကျေးရွာအနီးက နားရိုင်းကျေးရွာလမ်းခွဲမှာ RCSS/SSA အဖွဲ့၀င်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့သူတွေဟာ RCSS/SSA ရဲ့
မြန်မာသတင်း

မိုင်းရယ်မြို့ကို SSPP/SSA ဝင်ရောက်ထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 17 Views
++++++++++++++++++++++++++ ဇူလိုင်လ (၁၃) ရက်။ ဒီကနေ့ ဇူလိုင်လ မနက် ၅ နာရီ ဝန်းကျင်မှာ မိုင်းရယ်မြို့ကို SSPP/SSA က နေပြည်တော်နဲ့ညှိပြီး ဝင်ရောက်ထိန်းချုပ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ အင်အား ၁၀၀၀ ကျော်ရှိတယ်လို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲငပလီ ဟိုတယ်ဇုန်ကို AA အပြည့်အဝထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 6 Views
**** သံတွဲ၊ မောင်တော မြိုဝင်နေရာများတွင် မိုင်းအန္တရာယ်သတိထားရန် AA ပြော *** ဇူလိုင်လ (၁၃) ရက်။ သံတွဲငပလီ ဟိုတယ်ဇုန်ကို AA အပြည့်အဝထိန်းချုပ်လိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းမြစ်ဆီက သိရပါတယ်။ သံတွဲမြိုနဲ့ မောင်တောမြို့အတွင်းကို ဝင်ရောက်နိုင်တဲ့