နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံသားတွေရဲ့ အိမ်ထောင်ဘက်တွေကို နိုင်ငံသားပေးမည်

အမေရိကန်နိုင်ငံသားတွေရဲ့ အိမ်ထောင်ဘက်တွေကို နိုင်ငံသားပေးမည်

++++++++++++++++++

နယ်စပ်ကိစ္စတွေနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေမှာ နိုင်ငံရေးကစားဖို့ ကျတော်စိတ်မဝင်စားဘူး၊ အဲဒီအခက်အခဲတွေကို ပြင်ဆင်သွားဖို့ပဲ စိတ်ဝင်စားပါတယ်”

သမိုင်းဝင်ကြိုးပမ်းမှုတစ်ခုဖြစ်တဲ့ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်ဖြစ်စေဖို့အတွက် အမေရိကန်နိုင်ငံသားတွေနဲ့ လက်ထပ်ထားသူတိုင်းကို နိုင်ငံသားပေးမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က အင်္ဂါနေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါဟာ ရွေးကောက်ပွဲအကြိုလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ရီပက်ဘလီကန်ပြိုင်ဘက် ဒေါ်နယ်ထရန့်ရဲ့ အစုလိုက်အပြုံလိုက်ပြည်နှင်ဒဏ်ပေးမယ့် အစီအစဉ်နဲ့ သိသိသာသာ ဆန့်ကျင်နေပါတယ်။

“ ဒီနေ့ ကျတော်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို တခြားအဖွဲ့တွေ ဘယ်လိုပဲ ပြောပြော အမေရိကန်ပြည်သူတွေအားလုံးက ထောက်ခံနေကြပါတယ်။ စစ်တမ်းကောက်ယူမှုတွေအရ အမေရိကန်လူမျိုး 70 ရာခိုင်နှုန်းကျော်ဟာ ဒီကြိုးပမ်းမှုကို ထောက်ခံကြတာပါ၊ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ မိသားစု​တွေအတူတကွနေထိုင်သင့်တယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ မူကို သူတို့လက်ခံကြတာပါ”

အိမ်ဖြူတော်နဲ့ ဒေသလုံခြုံရေးဌာနဟာ အမေရိကန်နိုင်ငံမှာ အနည်းဆုံး 10 ကြာနေထိုင်လာကြတဲ့ အိမ်ထောင်ဖက် 5 သိန်းကျော်ကို နိုင်ငံသားအဖြစ် လက်ခံသွားမှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်အရ အမေရိကန်နိုင်ငံသားမိဘတွေနဲ့အတူ အသက် 21 နှစ်အောက် သူတို့ရဲ့ သားသမီး 5 သောင်းကျော်လည်း အကျုံးဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အများသူဌာ လုံခြုံရေးကို ခြိမ်းခြောက်နေသူတွေလို့ ယူဆခံထားရသူ ဒါမှမဟုတ် ရာဇဝတ်မှုတွေနဲ့ ပတ်သက်သူတွေကတော့ နိုင်ငံသားအဖြစ်သတ်မှတ်ခံရမှာမဟုတ်ပါဘူး။ “နယ်စပ်တွေကို လုံခြုံအောင်လုပ်ဖို့ အမေရိကားမှာရှိနေတဲ့သူတွေကို မောင်းထုတ်ရမယ်ဆိုတာမျိုးကို ကျတော်မယုံကြည်ပါဘူး”

လာမယ့်နိုဝင်ဘာလရွေးကောက်ပွဲမှာ သမ္မတဒုတိယသက်တမ်းအတွက် ကြိုးပမ်းနေတဲ့ ဒီမိုကရက်တစ်ပါတီဝင် ဂျိုးဘိုင်ဒန်ဟာ ပြိုင်ဘက်ဖြစ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို ပြောင်းပြန်လှန်မယ်လို့ ကြွေးကြော်ပြီး သမ္မတရာထူးကို ရရှိလာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် သူ့လက်ထက်မှာ အမေရိကန်-မက္ကဆီကိုနယ်စပ်ကနေ ရွှေ့ပြောင်းအခြေချသူတွေ စံချိန်တင်ဖမ်းဆီးခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဂျိုးဘိုင်ဒန်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ခိုလှုံခွင့်တောင်းခံလာတဲ့သူတွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ် ဆောင်ရွက်ခဲ့ပါတယ်။

အခု ဂျိုးဘိုင်ဒန်စီစဉ်ထားတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အိမ်ထောင်ဖက်တွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးမယ့် အစီအစဉ်ဟာ မဲဆွယ်ကာလက ကတိကဝတ်တွေကို ဖြည့်ဆည်းပေးခဲ့တာဖြစ်သလို လူသားဆန်တဲ့လူဝင်မှုကြီးကြပ်ရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီစနစ်ကို လာမယ့်လအတွင်း စတင်တော့မှာဖြစ်တယ်လို့ ဘိုင်ဒန်အုပ်ချုပ်မှုအဖွဲ့ရဲ့ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောဆိုထားပါတယ်ခင်ဗျာ . .  .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက