နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ ဥရောပ

တရုတ်နှင့် ရုရှားတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ကဘာလဲ။

ဆောင်းပါးရှင် ဆိုင်မွန်း မက်ကာသီ ( Simone McCarthy) မှလေ့လာတင်ပြသည်။

စက်တင်ဘာလ (၁၇) ရက်/ဟောင်ကောင် CNN။

ပြီးခဲ့သော သီတင်းပတ်က ရုရှားစစ်တပ်သည် ကမ္ဘာလုံးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုအား အမေရိကန်ကို ဦးတည်သည့် အင်အားပြသမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်လာရချိန်တွင် သမ္မတဗလာဒီမာပူတင်က မည်သည့်နိုင်ငံသည် မော်စကိုဘက်မှ ရပ်တည်သည်ကို သူမြင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဖွင့်ဗီဒီယိုမိန့်ခွန်းတွင် ပူတင်က ရင်းနှီးသောနိုင်ငံ ၁၅ နိုင်ငံက စောင့်ကြည့်လေ့လာနေသော မော်စကို၏ စစ်ရေးအင်အားပြမှုတွင် တပ်ဖွဲ့ဝင် ၉၀,၀၀၀ ခန့်နှင့်အတူ လေယဉ်တင်သင်္ဘောကြီးများ အပါအဝင် သင်္ဘော ၅၀၀ ကျော်တို့ အခိုင်အမာပါဝင်ပြီး နှစ် ၃၀ အတွင်း အကြီးမားဆုံးလေ့ကျင့်မှုဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

သို့သော် ရုရှားနှင့်အတူ စစ်ရေးလေ့ကျင်မှုတွင် တရုတ်သာ ပါဝင်မည်ဟု ပူတင်က ဆိုသည်။ “ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာဖို့ အထူးအာရုံစိုက်နေပါတယ်။ ကမ္ဘာတဝှမ်း ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒါဟာ အထူးအရေးကြီးပါတယ်” ဟု ရုရှားခေါင်းဆောင်က ပြောကြားခဲ့သည်။ “ Ocean-2024” ဟု အမည်ပေးထားသည့် ခုနစ်ရက်ကြာ စစ်ရေး ပူးပေါင်းလေ့ကျင့်မှုသည် ရုရှားနှင့် တရုတ်တို့အကြား ပူးတွဲကင်းလှည့်မှုတွင် နောက်ဆုံးလုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး ကရင်မလင်သည် ယူကရိန်းကို စစ်တိုက်နေသော်လည်း ပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့၏ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုစုစည်းစေမည်ဟု ကတိပြုထားသည်။

တရုတ်သည် သမုဒ္ဒရာ-၂၀၂၄ စစ်ရေးပူးတွဲလေ့ကျင့်ရေးအတွက် ရုရှား၏ အရှေ့ဖျားကမ်းလွန်ပင်လယ်ပြင်သို့ စစ်သင်္ဘောအများအပြားနှင့် လေယာဉ်တင်သင်္ဘော ၁၅ စီး စေလွှတ်ခဲ့ကြောင်း ရုရှားစစ်တပ်က ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နှင့် ရုရှားတပ်ဖွဲ့များသည် ယခုလအတွင်း ဂျပန်နိုင်ငံအနီး ရေပြင်တွင် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း ပိုမိုနက်ရှိုင်းသော မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပြီး ပစိဖိတ်မြောက်ပိုင်းတွင် ၎င်းတို့၏ ငါးကြိမ်မြောက် ပူးတွဲရေကြောင်းကင်းလှည့်မှုကို ပြုလုပ်ခဲ့သည်။

ထိုလှုပ်ရှားမှုပြီးနောက် နွေရာသီတွင် အလာစကာအနီးအနားအပါအဝင် သင်္ဘောအုပ်စုလိုက်ပူးတွဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ပြီး အမေရိကန်နှင့် ကနေဒါတပ်ဖွဲ့များသည် ရုရှားနှင့် တရုတ်ဗုံးကြဲလေယာဉ်များကို ပထမဆုံးအကြိမ်အဖြစ် ကြားဖြတ်ဟန့်တားခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

တောင်တရုတ်ပင်လယ်တွင် အရေးပါသော ရေလမ်းကြောင်း တခုလုံးနီးပါးကို တရုတ်က ပိုင်ဆိုင်သည်ဟု တောင်းဆိုခဲ့ပြီး ပထဝီနိုင်ငံရေးအရ အရှိန်အဟုန်နဲ့ တင်းမာမှုများ မြင့်တက်နေပါသည်။

စက်ကိရိယာများနှင့် မိုက်ခရိုအီလက်ထရွန်းနစ်များကဲ့သို့ နှစ်မျိုးသုံးစွဲနိုင်သည့်ပစ္စည်းများကို ရုရှားသို့ တင်ပို့မှုဖြင့် ရုရှား၏ ကာကွယ်ရေးကဏ္ဍကို တရုတ်က အားဖြည့်ပေးနေသည်ဟု လပေါင်းများစွာ ဝါရှင်တန်က စိုးရိမ်ပူပန်စွာ စွပ်စွဲနေခဲ့သည် အဆိုပါစွပ်စွဲမှုများကို တရုတ်ကငြင်းပယ်ထားပြီး ပဋိပက္ခတွင် သူက ကြားနေရေးဖြစ်သည်ဟု ဆိုထားသည်။ ယူကရိန်းစစ်ပွဲ အရှိန်အဟုန်ပြင်းပြင်းနှင့် ခြိမ်းခြောက်မှုများ ပြင်းထန်လာချိန်တွင် ပူတင်က နေတိုးခေါင်းဆောင်များကို ရုရှားနိုင်ငံအတွင်း နက်ရှိုင်းစွာ တိုက်ခိုက်နိုင်ရန် တာဝေးပစ်ဒုံးပျံများ အသုံးပြုမှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်ခြင်းသည် စစ်ပွဲစရန် လုပ်ရပ်အဖြစ် ယူဆမည်ဟု ဆိုခဲ့သည်။

ယခုနောက်ဆုံး ရုရှား-တရုတ် စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကျော် စစ်ရေးပူးပေါင်းဆောင်ရွက်မှုပုံစံနှင့် ကိုက်ညီကြောင်း ကျွမ်းကျင်သူများက ပြောသည်။ သို့သော် ယူကရိန်းတွင် ရုရှား၏စစ်ပွဲ၊ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအား တောင်းဆိုမှုများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေချိန်တွင် မော်စကိုနှင့် ပေကျင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အင်အား၏ သော့ချက်အဖြစ် အချင်းချင်း ပိုမိုရှုမြင်လာပုံရကြောင်း ထောက်ပြထားသည်။ ပူးတွဲစစ်ရေး လေ့ကျင့်မှုနှင့်ပတ်သက်ပြီး မေးစရာမေးခွန်း ထွက်ပေါ်လာသည်။ မဟာမိတ်အဖြစ် စာချုပ်ချုပ်ဆိုထားခြင်းမရှိသော နျူကလီးယား လက်နက်အင်အားကြီး နှစ်နိုင်ငံသည် ဖြစ်ပေါ်လာနိုင်သည့် အနာဂတ်ပဋိပက္ခများတွင် အတူတကွ လုပ်ဆောင်နိုင်မည့်လားဟူ၍ ဖြစ်သည်။

‘တိုးတက်လာခြင်းနှင့် စုစည်းခြင်း’

ဤဧရာမအိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးသည် ဘယ်သောအခါမှ မရိုးစင်းပါ။ မော်စကိုနှင့် ပေကျင်းတို့သည် တစ်ချိန်က ဆိုဗီယက်ယူနီယံနှင့် ငယ်ရွယ်သော ကွန်မြူနစ်တရုတ်တို့ကြား ၁၉၆၉ ခုနှစ် နယ်နိမိတ်ပဋိပက္ခကို တိုက်ခိုက်ခဲ့သော ရန်သူများ ဖြစ်ခဲ့ကြသည်။ သို့သော် မကြာသေးမီ ဆယ်စုနှစ်များက နှစ်နိုင်ငံကြား ခိုင်မာသော လက်နက်ကုန်သွယ်မှုကို မြင်တွေ့ရပြီး အထူးသဖြင့် ရှီနှင့် ပူတင်တို့ ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်စွာ ပေါင်းစည်းလာခြင်းကြောင့် စစ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုကို တိုးချဲ့လာနိုင်ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တပ်မတော်နှစ်ရပ်သည် အခြားနိုင်ငံများနှင့် ဘက်စုံစစ်ရေးလေ့ကျင့်မှုအပါအဝင် စစ်ရေးလေ့ကျင့်မှု ၄ကြိမ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ၁၀ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ အချက်အလက်များအရ သိရသည်။ ယခုနှစ် ဇူလိုင်လအထိ ထိုကဲ့သို့သောလှုပ်ရှားမှု ၇ ခု ရှိခဲ့ပြီး CSIS ဒေတာတွင် ထိုလအတွက် ပြသခဲ့ပြီး သြဂုတ်လနှင့် စက်တင်ဘာလတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်များ စုစုပေါင်း ၁၁ ခု ရှိခဲ့ကြောင်း CNN ၏ နောက်ထပ်ကိန်းဂဏန်း တစ်ခုအရသိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများနှင့် ကင်းလှည့်မှုများသည် လေ့လာသူများအတွက် ပိုမိုရှုပ်ထွေးလာခဲ့သည်။ ဥပမာ ရေတပ်နှင့် လေတပ်များ ပါဝင်သောစစ်ရေးလေ့ကျင့်မှု သို့မဟုတ် ပိုမိုအဆင့်မြင့်သော စက်ပစ္စည်းကိရိယာများ ပါဝင်သည့်အပြင် လက်လှမ်းမမှီသော ကမ္ဘာ၏ ဝေးလံသော ဒေသများတွင်လည်း ပြုလုပ်နေပါသည်။ ယခု ဇူလိုင်လတွင် ပထမအကြိမ်တွင် အလာစကာ အနီးရှိ တရုတ်နှင့် ရုရှားလေယာဉ်နှစ်စင်းစလုံးသည် ရုရှားလေတပ်စခန်းတစ်ခုတည်းမှ ပျံသန်းခဲ့ကြောင်း ကြားဖြတ်ဖမ်းယူရရှိခဲ့သည်ဟု CSIS သုတေသီများအဆိုအရသိရသည် ၎င်းသည် ပစိဖိတ်မြောက်ပိုင်းရှိ မိတ်ဖက်များ၏ ပထမဆုံးပူးတွဲလေကြောင်း ကင်းလှည့်မှုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

“သူတို့က နေတိုးမဟာမိတ်တွေလို အပြန်အလှန် ပူးပေါင်းလုပ်ဆောင်လို့ မရပေမယ့် ဒီဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဒါမှမဟုတ် အံဝင်ခွင်ကျဖြစ်အောင် တိုးတက်အောင်တော့ သူတို့က လုပ်ဆောင်နေပါတယ်” ဟု ဆစ်ဒနီမြို့ရှိ New South Wales တက္ကသိုလ်မှ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေး အကြီးတန်းကထိက အလက်ဇန်းဒါး ကိုရိုလက်ဗ် (Alexander Korolev) က ပြောကြားခဲ့သည်။

တစ်ခုတည်းသောအဖွဲ့အစည်းအဖြစ် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် NATO ၏ အဓိက ကျင့်ဝတ်တစ်ခုဖြစ်ပြီး၊ နှစ်ဖက်ကာကွယ်ရေး သဘောတူစာချုပ်ဖြင့် ပေါင်းစည်းထားသော ဆယ်စုနှစ်များစွာကြာ အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံ၏ မဟာမိတ်အဖွဲ့ဖြစ်ပြီး တရုတ်နှင့်ရုရှားနှစ်နိုင်ငံစလုံးက အဓိကစစ်ပြိုင်ဖက်အဖြစ် ရှုမြင်ထားကြသည်။ ရုရှားနှင့် တရုတ်တို့၏ ပေါင်းစည်းရေး သရုပ်ပြမှုတွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ရှင်းရှင်းလင်းလင်း ပရိတ်သတ်ရှိသည်။ ပူတင်နှင့် ရှီသည် အနောက်နိုင်ငံများက ၎င်းတို့၏ အဓိက အကျိုးစီးပွားကို ချိုးနှိမ်ရန် ရည်မှန်းထားသည်ဟု တူညီသောအမြင်ဖြင့် တဦးနှင့်တဦး ပူးပေါင်းလာခဲ့ကြသည်။ ပူတင်အတွက် အဆိုပါ စိုးရိမ်မှုများတွင် NATO တိုးချဲ့မှုကို ဟန့်တားခြင်း အပါအဝင် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အား လွှမ်းမိုးချုပ်ကိုင်မှုကို ရှီက မျက်စိကျနေပြီးလုပ်ဆောင်လိုသည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ရုရှား၏ ခြိမ်းခြောက်မှုနှင့် တရုတ်ထိန်းချုပ်ရေးမူဝါဒကို အကြောင်းပြကာ ၎င်းတို့၏ စစ်ရေးစခန်းများကို ရုရှားနိုင်ငံ ၏ အနောက်ဘက် နယ်စပ်တစ်လျှောက်နှင့် အာတိတ်နှင့် အာရှ-ပစိဖိတ်ဒေသ”တို့တွင် တည်ဆောက်ရန်အတွက် အကြောင်းပြချက်အဖြစ် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အသုံးပြုနေသည်ဟု ပူတင်က ၎င်း၏ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အာရှ-ပစိဖိတ်ဒေသအပါအဝင် “ရှေ့ဆက်ဖြန့်ကျက်နေရာများ” တွင် အမေရိကန်သည် တာလတ်နှင့် တာတိုပစ် ဒုံးကျည်စခန်းများကို ချရန် စီစဉ်ထားကြောင်း ရုရှားခေါင်းဆောင်က သတိပေးခဲ့သည်။ ပူတင်က နွေရာသီတွင် ဝါရှင်တန်နှင့် ဘာလင်တို့သည် အမေရိကန်၏ တာဝေးပစ်ဒုံးကျည်များကို ၂၀၂၆ ခုနှစ်တွင် ဂျာမဏီတွင် ဖြန့်ကျက်ရန် အစီအစဉ်နေသည်ဟု ဝေဖန်နေခဲ့သည်။ ယခုနှစ် အစောပိုင်းတွင် ဖိလစ်ပိုင်တွင် စစ်ရေးလေ့ကျင့်ရန်အတွက် အားကောင်းသည့် ဒုံးကျည်တစ်စင်းကို အမေရိကန်က ယာယီပေးပို့ခဲ့ခြင်းအပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။ ပေကျင်းကလည်း ပြစ်တင်ခဲ့သည်။။

ရုရှားနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအား ၎င်းတို့၏ စစ်အင်အား နှစ်ရပ်ပေါင်းစည်းမှု ပိုမိုခိုင်မာလာနေပြီး အန္တရာယ်ဖြစ်စေသည့် စိန်ခေါ်မှု မှန်သမျှကို ပူးပေါင်းတုံ့ပြန်မှုကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို သိစေလိုကြောင်း ပြသလိုသည်ဟု အငြိမ်းစားယူအက်စ်ရေတပ်ဗိုလ်ကြီးနှင့် အမေရိကန်ပစိဖိတ်ဒေသ ပူးတွဲထောက်လှမ်းရေးဌာန စစ်ဆင်ရေး ဒါရိုက်တာဟောင်း ကားလ် ရှူစတာ (Carl Schuster) က ပြောကြားခဲ့သည်။ “ သူတို့က ငါတို့က မင်းကိုပြန်ချနိုင်တယ်၊ ဆိုလိုတာက မင်းတို့က ငါတို့ရဲ့ အိမ်နောက်ဖေးမှာလာ လုပ်နေသလိုမျိုး မင်းရဲ့အိမ်နောက်ဖေးမှာလည်း ငါတို့ကလာလုပ်နိုင်တယ်ဆိုပြီး သူတို့ပြောတာ” ဟုဆိုသည်။

စစ်ရေးလေ့ကျင့်မှုတွင် တဦးဆီမှ တဦးကအပြန်အလှန် လေ့လာသင်ယူရန်ဖြစ်ပြီး ရုရှားသည် ၎င်း၏ကျယ်ပြန့်သော စစ်မြေပြင် အတွေ့အကြုံများရှိပြီး တရုတ်သည် အီလက်ထရွန်းနစ်စစ်နည်းပညာများ ပိုမိုအဆင့်မြင့်လာသောကြောင့် တဦးချင်းစီထံမှ သင်ယူရန် အခွင့်အလမ်းများကိုလည်း ပေးစွမ်းနိုင်သည်ဟု လေ့လာသူများက ဆိုသည်။

ယူကရိန်းစစ်ပွဲအစတွင် အနောက်နိုင်ငံများ၏ ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများသည် လက်နက်များဆိုင်ရာ တရုတ်-ရုရှားနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို အတိုင်းအတာတခုအနေနှင့် ထိန်းထားနိုင် သိရှိရန်မှာ “တိုး၍လာရန် ခက်ခဲသည်” ဟု Korolev မှ ပြောကြားခဲ့သည်။

နှစ်ထပ်ခြိမ်းခြောက်မှုလား။

တရုတ်နှင့်ရုရှားတို့ ပိုမိုနီးကပ်သောဆက်ဆံရေးသည် ဝါရှင်တန်အတွက် စိုးရိမ်ပူပန်မှု အမြင်များကို တိုးပွားလာစေပြီး တပြိုင်နက်တည်း တရုတ်နှင့် ရုရှားတို့နှင့် အမေရိကန်တို့ စစ်ရေးပဋိပက္ခ ဖြစ်နိုင်ခြေကို စိုးရိမ်မှုများ တိုးလာနေပြီး ယခုနှစ်အစောပိုင်းတွင် ရုရှားနှင့် နှစ်နိုင်ငံရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည့် အီရန်ကဲ့သို့သော အခြားမိတ်ဖက်နိုင်ငံများလည်း ပါဝင်နိုင်သည်။ အာရှ-ပစိဖိတ်ဒေသ စစ်ပွဲဖြစ်ပွားလျှင် ဘေဂျင်းအတွက် မော်စကို၏ အလားအလာရှိသော ပံ့ပိုးကူညီမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိပါသည်။

ထိုနေရာတွင် ဘေဂျင်းနှင့် ဝါရှင်တန်တို့သည် ထိုင်ဝမ်အပေါ် တရုတ်၏ သဘောထားမှုများနှင့် အမေရိကန်သဘောတူစာချုပ်ချုပ်ဆိုထားသည့် မဟာမိတ် ဖိလစ်ပိုင်ကို ဆန့်ကျင်သည့် တောင်တရုတ်ပင်လယ်တွင် ကျူးကျော်ရန်စမှုများ အပါအဝင် အလားအလာရှိသော အချက်များစွာ စစ်ရေးတင်းမာမှု ရှိနိုင်သည်ကို ပြသနေသည်။ ရုရှားနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် အမေရိကန်က ဒေသတွင်းရှိ ၎င်း၏ မဟာမိတ်များနှင့် ကာလရှည်ကြာ ဆက်ဆံရေး အားကောင်းလာစေရန် စစ်ရေးအရ လုပ်ဆောင်နေမှုကို စောင့်ကြည့်နေခဲ့သည်။ သို့သော် ရုရှား-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ညှိနှိုင်းဆောင်ရွက်မှုများ တိုးလာနေသော်လည်း၊ ပြတ်သားသည့် အဆုံးသတ်ရည်မှန်းချက် ရှင်းရှင်းလင်းလင်းမရှိကြောင့် အားကောင်းသည့်အချက်ပြခြင်း မဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုကြသည်။

“ဥပမာ ထိုင်ဝမ်ကို တရုတ်တိုက်ခိုက်တာကို ထောက်ခံတဲ့ ရုရှားလေယာဉ်တွေကို တွေ့ရမယ်ဆိုတာ မသိနိုင်ဘူး၊ ဒါမှမဟုတ် ဖိလစ်ပိုင်နဲ့ ပဋိပက္ခမှာ ရုရှားရေယာဉ်တွေက တရုတ်တွေကို ထောက်ပံ့ပေးနေမလားဆိုတာ သံသယဖြစ်မိတယ်” ဟု လွတ်လပ်သော သုတေသနအဖွဲ့ CNA မှ တရုတ်နှင့် အင်ဒို-ပစိဖိတ်လုံခြုံရေးရေးရာဌာနခွဲမှ အကြီးတန်းသုတေသနပညာရှင် အယ်လစ်ဇဘက် ဝတ်ရှ်နစ် (Elizabeth Wishnick) က ပြောကြားခဲ့သည်။

ရုရှားနှင့် တရုတ်တို့သည် “ထပ်နေသော အကျိုးစီးပွားများ” ရှိကောင်းရှိနိုင်သော်လည်း ဒေသတွင်းတွင် မဟာဗျူဟာမြောက် ရည်မှန်းချက်များ တူညီမည် မဟုတ်ကြောင်း သူမက ပြောကြားခဲ့သည်။ “ သူတို့က နောက်ထပ် စစ်ရေးလေ့ကျင့်မှုတွေတိုး လုပ်နေတာကြောင့်လုပ်နိုင်မယ်လို့ မင်းထင်လို့မရဘူး ဘာကြောင့်လဲဆိုတော့ သူတိုခြေလှမ်းတွေက ချုပ်ထားပြီးသားဖြစ်နေလို့” ဟု သူမက ဆိုသည်။ ပူးတွဲထုတ်ပြန်ချက်တွင် တရုတ်နှင့် ရုရှားတို့က ၎င်းတို့၏ ဆက်ဆံရေးသည် မည်သည့်ပြင်ပအဖွဲ့အစည်းကိုမျှ ပစ်မှတ်မထားဘဲ ဘက်မလိုက်သော ဆက်ဆံရေးတစ်ခုဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သူတို့တွင် ဒေသတစ်ခုစီတွင် မတူညီသော ပထဝီဝင်နိုင်ငံရေး ရည်မှန်းချက်များ ရှိသည်။ ဥပမာအားဖြင့် ရုရှားသည် တရုတ်၏ ပြိုင်ဘက် အိန္ဒိယနှင့် နီးကပ်သောဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ပေကျင်းနှင့် မော်စကိုကြားတွင် ပါဝါမညီမျှမှုကို နက်ရှိုင်းစေမည့် အာရှရှိ တရုတ်၏ သြဇာအာဏာကို တားဆီးရန် စိတ်အားထက်သန်ဖွယ်ရှိသည်။ တစ်ဖန် တရုတ်နိုင်ငံသည် ရုရှားနှင့် အလွန်တိုက်ရိုက် ပူးပေါင်းခြင်းသည် သူ ရည်ရွယ်ချက်ထားသည့် မဟာဗြူဟာရည်မှန်းချက်ကို အလျှော့အတင်းလုပ်ပေးရမည်ကိုလည်း တရုတ်ကသတိထားရမည်ဖြစ်သည်။

မည်သည့်လုပ်ဆောင်မှုမျိုးမဆို၊ မြောက်ဘက်အိမ်နီးချင်းနှင့် နွေးထွေးသောဆက်ဆံမှုသည် ဆယ်စုနှစ်များစွာ တည့်လိုက်မတည့်လိုက် ဖြစ်သော ဆက်ဆံရေးမည်သည့် လုပ်ဆောင်ချက် တခုခုကမဆို မတည်မငြိမ် ဖြစ်စေမည့်ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်ပေသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် တရုတ်သည် သူ့ဘာသာသူမှလွဲ၍ အခြားတစ်ဖက်တွင် မည်သူမှရှိပါ” ဟု စင်ကာပူရှိ နန်ယန် (Nanyang) နည်းပညာတက္ကသိုလ်၏ ကာကွယ်ရေးနှင့် မဟာဗျူဟာလေ့လာရေးသိပ္ပံမှ လက်ထောက်ပါမောက္ခ ဂျိမ်းချာ (James Char) က ပြောသည်။ “ရေမျက်နှာပြင်အောက်မှာ တရုတ်နဲ့ ရုရှားတို့ဟာ အပြန်အလှန် မယုံကြည်မှုတွေကို နက်နက်ရှိုင်းရှိုင်း ချုပ်ကိုင်ထားဆဲပါ။” ဒါပေမယ့် အာရှမှာ တရုတ်နဲ့ ပတ်သက်နေတဲ့ ပဋိပက္ခတွေ ပေါ်ပေါက်လာပါက မိတ်ဖက်ဆက်ဆံမှု ခံနိုင်ရည်ရှိတဲ့ နည်းလမ်းများစွာ ကျန်ရှိနေသေးတယ်” ဟု လေ့လာသူတွေက ပြောပါသည်။

ရုရှားသည် ယူကရိန်းစစ်ပွဲအတွင်း မော်စကိုသို့ ဘေဂျင်းက တိုးချဲ့ပေးခဲ့သော သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့မျိုး အနည်းဆုံး အပြန်အလှန်အားဖြင့် တုံ့ပြန်သွားနိုင်မည်ဟု လေ့လာသူများက ပြောဆိုကြပြီး လက်နက်များနှင့် စွမ်းအင်ကို လျှော့ဈေးများနှင့် ပေးစွမ်း နိုင်ဖွယ်ရှိသည်။ သို့သော်လည်း အမေရိကန်နှင့် အလားအလာရှိသော ပဋိပက္ခများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ ရုရှားသည် “ပို၍ ဆုံးရှုံးရမည်ဖြစ်ပြီး အမြတ်အနည်းငယ်သာရှိသည်” ဟု အငြိမ်းစား ရေတပ်ဗိုလ်ကြီး ရှုစတာ (Schuster) က ဆိုသည်။ သို့သော် ထိုင်ဝမ်ကို တရုတ်က အရေးယူမည်ဆိုပါက ရုရှားစစ်တပ်သည် ဂျပန်တစ်ဝိုက်ရှိ ရေပြင်သို့ ကင်းလှည့်ရန် သင်္ဘောများနှင့် လေယဉ်များ စေလွှတ်ခြင်း သို့မဟုတ် အနောက်ပစိဖိတ်ဒေသသို့ ရေငုပ်သင်္ဘောတစ်စင်း သို့မဟုတ် နှစ်စင်းကို ပေးပို့၍ အကန့်အသတ်ဖြင့် ပံ့ပိုးကူညီနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းအချက်က အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအား မည်ကဲ့သို့ တုံ့ပြန်ရမည်ကို နောက်ထပ် စိုးရိမ်စရာ အချက်တစ်ချက်ကို ပေးလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ ဒါပေမယ့် တရုတ်က ရုရှားကို အဲဒီပဋိပက္ခမှာ ပါဝင်လာအောင် စည်းရုံးဖို့ အများကြီး ကမ်းလှမ်းရလိမ့်မယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံသုံးဦး ပြန်လည်လွတ်မြောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၅) ရက်။ အစ္စရေးဓားစာခံသုံးဦးကို ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေက ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ကြက်ခြေနီလက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ဇလန်းစကီး စည်းဝိုင်းအပြင် ထုတ်ခံရတော့မလား။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 5 Views
+++++++++++++++++++ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း အခန်းရဲ့ဗဟိုမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဇလန်းစကီးဟာ အခန်းထဲမှာ ရှိသေးရဲ့လား
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ထရန့်သည် ပူတင်နှင့် အရင်တွေ့ဆုံပါက အန္တရာယ်ရှိနိုင်သည်ဟု ဇလန်းစကီး သတိပေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅) ရက်။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက သူ ပါဝင်ခြင်း မရှိဘဲ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် သမတထရန်တို့ အရင်တွေ့ဆုံခြင်းသည် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားသည်။ဇလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပထမဆုံးသူ့အနေနှင့် ပါဝင်မည့်သူဖြစ်ရန် ထရန့်က အာမခံချက်ပေးမထားကြောင်း ဝန်ခံထားသည်။
နိုင်ငံတကာသတင်း အမေရိကန်

မိမိအိမ်မှာ နာကျင်မှုတွေ ဖြစ်လာတဲ့အခါ ရီပတ်ဘလစ်ကန်တွေက ထရန့်ရဲ့အသုံးစရိတ် ဖြတ်တောက်မှုနဲ့ အခွန်စည်းကြပ်မှုတွေကို တားဆီးလာပါတယ်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
NIH ရန်ပုံငွေကို လျှော့ချခြင်းကနေ USAID ရဲ့ စားနပ်ရိက္ခာ အစီအစဉ်ကို ဖြတ်တောက်ခြင်းအထိနဲ့ အခွန်စည်းကြပ်ခြင်းအသစ် အပါအဝင် ထရန့်ရဲ့လုပ်ဆောင်ချက်အချို့ကို ရီပတ်ပလီကင်ပါတီ GOP ဥပဒေပြုအမတ်တွေဟာ ဆန့်ကျင်တဲ့အနေနဲ့ စတင်စကားပြောဆိုလာကြပြီ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ကက်ပီတိုလ်ဟေးလ်က ရီပတ်ဘလီကန်အမတ်တွေဟာ
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာနိုင်ငံမှ ထောင်နဲ့ချီရှိသည့်ကောလ်စင်တာ၏ သားကောင်ဖြစ်သူများကို ပြန်လွှတ် ပေးတော့မည်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 3 Views
ကြာသပတေးနေ့၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ နယ်ခြားစောင့်တပ် BGF သည် လိမ်လည်သူများကို နှိမ်နင်းရန်နှင့် တရားစွဲဆိုရန်အတွက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဟု တာဝန်ရှိသူများက ပြောသည်။ ထိုင်းနှင့် မြန်မာ အစိုးရတို့သည် နယ်စပ်မြို့များတွင်
နိုင်ငံတကာသတင်း အမေရိကန်

တသီးပုဂ္ဂလအမေရိကန်အထက်လွှတ်တော် အမတ်ဘာနီဆန်းဒါး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 25 Views
———————— ဂါဇာနဲ့ပတ်သက်တဲ့သူ့အမြင် ++++++++++++ ဂါဇာနဲ့ပတ်သက်လို့ ထရန် ပြောနေတာက အတော်လက်မခံနိုင်စရာပါပဲ။ နားမလည်နိုင်စရာပါပဲ။ လွန်ခဲ့တဲ့ ၁၅ လကာလကြာ မယုံကြည်စရာကောင်းလောက်အောင် ထိခိုက်ခံစားနေရသူတွေ ရှိခဲ့လား ဂါဇာမှာ လူပေါင်း ၄သောင်း ၅ထောင် ကျော်သေဆုံးခဲ့ပြီး လူတစ်သိန်း
နိုင်ငံတကာသတင်း အမေရိကန်

“ မက္ကဆီကိုပင်လယ်ကွေ့” ကို ဆက်လက်အသုံးပြုခြင်းအတွက် ဘဲဥပုံရုံးမှ AP သတင်းထောက်ကို သတင်းယူခွင့်ပိတ်ပင်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၁၂) ရက်။ “ အမေရိကပင်လယ်ကွေ့” နှင့် “ မက္ကဆီကိုပင်လယ်ကွေ့” ဟူသောအမည်များအသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို ကိုးကားပြီး ဘဲဥပုံရုံးမှ သမတအမိန့်ကို လက်မှတ်ရေးထိုးခြင်းနှင့်ဆက်နွယ်သည့် သတင်းများရယူခြင်းနှင့်ပတ်သက်ပြီး AP သတင်းထောက်များအား ပိတ်ပင်ထားကြောင်း အေပီသတင်းဌာနက ပြောကြားခဲ့သည်။
မြန်မာသတင်း အာရှ

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတွေဟာ သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ဒေသတွင်းနိုင်ငံတွေရဲ့