နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်မှုထမ်းဖို့ စည်းရုံးထားသူတွေကို လာခေါ်တဲ့ ပျူစောထီးသင်တန်းဆင်းတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

နိုဝင်ဘာလ (၁၉)ရက်။

နိုဝင်ဘာလ (၁၇)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စုရှိ ပေါ်လံကြီး ကျေးရွာနေ အောင်ဌေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အောင်ဌေးဟာ ပျုစောထီးအပတ်စဉ်(၁)သင်တန်းဆင်းဖြစ်ကာ PPDF (၃၆၀၁)တပ်ရင်း တပ်ခွဲ(၄)နဲ့ (၃၆၀၂)တပ်ရင်း တပ်ခွဲ(၃)တို့က သူ့ရဲ့နေအိမ်ကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဝမ်းဗိုက်ထိမှန်ကာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီး အောင်ဌေးဟာ ချင်းလည်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်တွေနဲ့အတူ ဒေသခံပြည်သူတွေ ဝယ်လာတဲ့ ကုန်ပစ္စည်းတွေကို မထင်ရင်မထင်သလို ဆဲဆိုရမ်းကားစွာ စစ်ဆေးတာ ပြုလုပ်နေသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး သူဟာ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးတာနဲ့ တော်လှန်ရေးထောက်ပို့တွေရဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီထံ ပေးပို့နေသူလဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးတွေကို အခါအခွင့်သင့်ရင်သင့်သလို ပြတ်သားစွာ အရေးယူနေပြီလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သတင်းပေးတာ၊ လမ်းပြလိုက်တာ၊ သူတို့နဲ့အတူတကွ နေထိုင်တာနဲ့ သူတို့ရှိတဲ့နေရာတွေကို ရှောင်တိမ်းသွားလာကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနင်္သာရီမြို့ သိန်ခွန်းရွာအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က အရပ်သားတွေကို ပေါ်တာဆွဲတာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 14 Views
ဇန်နဝါရီလ (၂၃)ရက်။ တနင်္သာရီမြို့ရှိ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေတယ်လို့ တိုင်းစစ်ဌာန(တနင်္သာရီ)ရဲ့ ဗျူဟာ(၃၅)နယ်မြေတာဝန်ခံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အစည်းအဝေးတွေနဲ့ အချိန်ကုန်ကြရမယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 12 Views
ဇန်နဝါရီလ (၂၃)ရက်။ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ အခုရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြော‌ဆိုခဲ့တယ်လို့
မြန်မာသတင်း

ရုပ်သံရိုက်ကူးထုတ်လွှင့်တာတွေကို AI နည်းပညာနဲ့ ပြောင်းလဲဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 6 Views
ဇန်နဝါရီလ (၂၃)ရက်။ ရုပ်သံရိုက်ကူးထုတ်လွှင့်တာတွေကို AI နည်းပညာနဲ့ ပြောင်းလဲဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က စစ်တပ်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(တောင်ညို)မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်တွေအနေနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်တာနဲ့ပတ်သက်ပြီး အတိုင်းအတာတခုအထိ အတွေ့အကြုံရှိပြီးဖြစ်ကာ ပြည်ပရုပ်သံလိုင်းတွေရဲ့ ရိုက်ကူးထုတ်လွှင့်တာတွေကို လေ့လာဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဒေသခံအများစု နေရပ်စွန့်ခွာနေတဲ့ ချောင်းသာမှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ ချောင်းသာမြို့မှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အဓမ္မဖိအားပေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ တိုက်ပွဲမဖြစ်သေးပေမယ့် ချောင်းသာမှာဒေသခံ အများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီ။ အခုလိုအခြေအနေမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေနဲ့
မြန်မာသတင်း

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 14 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့ကစပြီး မတ္တရာ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ မတ္တရာမြို့နယ်ထဲ လက်နက်ကြီးပစ်ခတ်တာတွေသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာနေတာလို့ ဆိုပါတယ်။
1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 10 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ ရဲစခန်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဒီကနေ့ နောင်ချိုမြို့ ရဲစခန်းအနီးဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ကန့်ဘလူမြို့ပေါ်က လူငယ်(၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 11 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ကန့်ဘလူမြို့ပေါ်က လူငယ် (၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ ဖမ်းတာတွေက အခုမှမဟုတ်ဘူး အရင်ကထဲက ညဘက်တွေဝင်ဆွဲတာ။ အခုက
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သားတစ်ဦး KNDF ထံ ထွက်ပြေးခိုလှုံ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 11 Views
ဇန်နဝါရီလ (၂၂)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ