နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကနီမှာ လေကြောင်းဗုံးကြဲခံရပြီး အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့အပေါ် NUG ဝမ်းနည်းကြောင်းထုတ်ပြန်

ဒီဇင်ဘာလ (၁၉)ရက်။

ဒီဇင်ဘာလ (၁၆)ရက်နေ့ ည(၈)နာရီခန့်က ကနီမြို့ရှိ နတ်ကြီးရွာနဲ့ ကျောက်လှေကားရွာတို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ပြီး အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့အပေါ် NUG က မနေ့က ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ကနီမြို့ရှိ နတ်ကြီးရွာနဲ့ ကျောက်လှေကားရွာတို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ လေယာဉ်နဲ့ ရက်စက်ယုတ်မာစွာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောက်လှေကားရွာရှိ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းတွေမှာ ပညာသင်နေတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် (၃)ဦးအပါအဝင် (၅)ဦးသေဆုံးခဲ့ပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ကျောင်းတွေ၊ လူနေအိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာလို့ ရေးသားထားပါတယ်။

အခုလို ကလေးသူငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရတဲ့အပေါ် NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ ပြောဆိုထားပါတယ်။

NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို တိုက်ခိုက်ကာ ကလေးသူငယ်တွေ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ဖြစ်စဉ်တွေကို အသေးစိတ်မှတ်တမ်းတင်ထားတယ်လို့လဲ ‌ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သေဆုံးခဲ့ရတဲ့ ကလေးသူငယ်တွေအတွက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ဆောင်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူတရပ်လုံးနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြု ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ပြောတာတွေအပေါ် စစ်ကောင်စီနဲ့ခိုင်းနှိုင်းတဲ့ ဒေါက်တာတူးခေါင်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 25 Views
မေလ (၁၃)ရက်။ ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ ပြောဆိုနေတာတွေအပေါ် NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 26 Views
မေလ (၁၃)ရက်။ မေလ (၉)ရက်နေ့ ‌နံနက် (၇)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဆန်းသစ်ကျေးရွာအနီး စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်းမှာ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန် လေကြောင်းတိုက်ခိုက်ခံရတာလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 68 Views
မေလ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်က ဒီပဲယင်းမြို့ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ ကလေးတွေ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး
မြန်မာသတင်း

မန်တုံမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 34 Views
မေလ (၁၃)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်က မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည(၁၂)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က
မြန်မာသတင်း

ဂန့်ဂေါမြို့မှာ စစ်ကောင်စီစစ်ကြောင်းက ကလေးငယ်တွေအပါအဝင် အရပ်သား (၁၁)ဦးကို သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ဂန့်ဂေါမြို့တောင်ပိုင်း လယ်မကျေးရွာကို ခလရ(၅၀)နဲ့ အမြောက်တပ်က အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ခလရ(၅၀)နဲ့ အမြောက်တပ်က စခတွေပေါင်းပြီး အင်အား
မြန်မာသတင်း

ချင်းတပ်ဖွဲ့တွေပူးပေါင်းပြီး Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 22 Views
မေလ (၁၂)ရက်။ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေပေါင်းစည်းကာ Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ဖို့ သဘောတူခဲ့တယ်လို့ ချင်းညီနောင်(CB)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌ဧပြီလ (၂၆)ရက်နေ့ကနေ (၂၉)ရက်အထိ ချင်းညီနောင် မြေပြင်အစည်းအဝေးကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့ပြီး
မြန်မာသတင်း

ဒီပဲယင်းရှိ စာသင်ကျောင်း ဗုံးကြဲခံရပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဒီပဲယင်းမြို့အနောက်ဘက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက်(၉)နာရီ (၄၀)လောက်မှာ ဒီပဲယင်းအနောက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို
မြန်မာသတင်း

ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
စစ်ကောင်စီဘက်က တပ်ရင်မှူးအပါအဝင် အရာရှိတွေနဲ့ တပ်သား (၅၀)ခန့် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြ မေလ (၁၂)ရက်။ မေလ (၈)ရက်နေ့က ရွှေကျင်မြို့ ညောက်ခြေထောက်ရွာရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့