နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဟွန်ဒါ (Honda) နှင့် နီဆန်း (Nissan) တို့ လုပ်ငန်းပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်း

ဒီဇင်ဘာလ (၁၉) ရက်။

မော်တော်ယာဥ်ထုတ်လုပ်သည့် ဂျပန်ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် ဟွန်ဒါနှင့် နီဆန်းတို့သည် အနာဂတ်တွင် စီးပွားရေးအရ လုပ်ငန်းများ ပေါင်းစည်းမှု ပြုလုပ်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း စွမ်းဆောင်ရည် ညံ့ဖျင်းနေသည့် ကုမ္ပဏီကြီးနှစ်ခုသည် ပေါင်းစည်းရန် အကောင်အထည် ဖော်လာနိုင်ဖွယ်ရှိသည်။

ကုမ္ပဏီနှစ်ခုသည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း အလားအလာရှိသော ပေါင်းစည်းမှုအတွက် တိကျသော အချိန်ဇယားကိုမှု မဖော်ပြခဲ့ပေ။ ကုမ္ပဏီနှစ်ခု ပေါင်းစည်းမှု အကောင်အထည်ပေါ်လာမည်ဆိုပါက ကုမ္ပဏီက မည်သည့်ပုံစံဖြင့် ဆောင်ရွက်မည်ကို မသိရပေ။ Nikkei Shimbun သတင်းစာက ကုမ္ပဏီနှစ်ခု လုပ်ငန်းပေါင်းစည်းမှု ဖြစ်နိုင်ခြေကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ပထမဆုံး ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ကုမ္ပဏီနှစ်ခုသည် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ဖြစ်နိုင်ခြေ အမျိုးမျိုးကို ရှာဖွေနေကြောင်း ရှင်းပြခဲ့သည်။ ကုမ္ပဏီတစ်ခုနှင့် တစ်ခုသည် အားသာချက်များကို အသုံးချရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့ကြပါသည်။ နောင်တွင် မွမ်းမံပြင်ဆင်ထားသော အချက်အလက်တစ်စုံတစ်ရာ ရှိပါက သက်ဆိုင်သူများထံသို့ သင့်လျော်သည့်အချိန်၌ အသိပေးသွားမည်ဟု ပြောဆိုခဲ့သည်။

မတ်လတွင် ဟွန်ဒါနှင့် နီဆန်း တို့သည် လျှပ်စစ်ကား (EV) ကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။ ဩဂုတ်လတွင် ကုမ္ပဏီနှစ်ခုသည် ဘက်ထရီနည်းပညာကို ပူးပေါင်းလုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။ သို့သော် ယခုနှစ်အစမှစတင်၍ ကုမ္ပဏီနှစ်ခုစလုံးသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး ပိုမိုနီးကပ်သော ဆက်ဆံရေးမှ အကျိုးအမြတ်ရရှိနိုင်သည့် အခြေအနေ ဖြစ်လာခဲ့သည်။

ကုမ္ပဏီနှစ်ခုစလုံးသည် ကမ္ဘာ့အကြီးဆုံး တရုတ်မော်တော်ကားဈေးကွက်တွင် ရုန်းကန်နေရသည်။ ဤအခြေအနေသည် တရုတ်နိုင်ငံပြင်ပရှိ ကားထုတ်လုပ်သူအများအပြားအတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ တရုတ်ဖောက်သည်များသည် ယခင်က နိုင်ငံခြားကုန်အမှတ်တံဆိပ်များထံ လာရောက်အားပေးကြသော်လည်း နောက်ပိုင်းတွင် အများစုမှာ ပိုမိုကောင်းမွန်သော နာမည်ကောင်းရှိသော ပြည်တွင်းအမှတ်တံဆိပ်များဆီသို့ ပြောင်းလဲလာကြသည်။

ဘဏ္ဍာရေးအစုရှယ်ယာနှင့် လဲလှယ်ရေး အက်ဥပဒေ ချိုးဖောက်မှုဖြင့် ၂၀၁၈ ခုနှစ်တွင် Nissan ကုမ္ပဏီဥက္ကဋ္ဌဟောင်း ကားရို့စ်ဂိုး (Carlos Ghosn) အား တိုကျိုခရိုင်အစိုးရရှေ့နေများရုံးက ဖမ်းဆီးလိုက်ခြင်း၏ အကျိုးဆက်များကို ခံစားနေရပါသည်။ Nissan သည် ယခင်ဥက္ကဋ္ဌဟောင်းကို ရာထူးမှ ထုတ်ပယ်ခဲ့သော်လည်း ကားရို့စ်ဂိုးသည် စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး တိုကျိုမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

နီဆန်း၊ ရီနော (ပြင်သစ်) နှင့် မစ်ဆူဘီရှီမော်တာတို့ ပါဝင်သော ကုမ္ပဏီသုံးခုသည် ပေါင်းစည်းခဲ့ကြပြီး တစ်ချိန်က ကားထုတ်လုပ်သူများကြားတွင် ကမ္ဘာ့အကြီးဆုံး အရင်းအနှီးနှင့် စီးပွားရေး မဟာမိတ် ဖြစ်ခဲ့သော်လည်း ဥက္ကဋ္ဌဟောင်း ကားရို့စ်ဂိုး ဖြုတ်ချခံရပြီးနောက် ရီနောသည် နီဆန်း၏ ရှယ်ယာများကို သိသိသာသာ လျှော့ချခဲ့ပြီးနောက် နီဆန်းကုမ္ပဏီသည် အားနည်းလာခဲ့သည်။

နီဆန်း၏ အဆိုအရ ယခုနှစ် မတ်လမှ စက်တင်ဘာလအထိ လုပ်ငန်းလည်ပတ်အမြတ်ငွေသည် ယမန်နှစ် အလားတူကာလထက် ၉၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ယင်းအတွက် တာဝန်ခံမှုကို ပြသသည့်အနေနှင့် နီဆန်းကုမ္ပဏီအမှုဆောင်အရာရှိချုပ် အူချီဒါမာကိုတိုသည် ၎င်း၏ နှစ်စဉ်လခ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၃ သန်းနီးပါးမှ ၅၀ ရာနှုန်းကို ပြန်လည်ပေးအပ်မည်ဟု ကြေညာခဲ့သော်လည်း ၎င်း၏ လစာမြင့်မားမှုအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ထို့အပြင် ဝန်ထမ်း ၉၀၀၀ ကိုလည်း လျော့ချရန် ကြေညာထားပြီးဖြစ်သည်။

တစ်ဖက်တွင်လည်း ဟွန်ဒါသည် ၂၀၄၀ ခုနှစ်အထိ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) မထုတ်လွှတ်သော မော်တော်ကားအသစ်များအားလုံးကို ထုတ်လုပ်ရန် အစီအစဉ်ရှိကြောင်း ကြေညာထားသော်လည်း အကူးအပြောင်းမှာ နှေးကွေးနေပါသည်။

အဘယ်ကြောင့်ဆိုသော် ဥရောပနှင့် အမေရိကရှိ EV ကားများ ၀ယ်လိုအား ကျဆင်းလာနေသည့်အတွက် ဖြစ်သည်။ ဓာတ်ဆီသုံးကားများသည် EV ကားများနှင့် နှိုင်းယှဉ်လျှင် ဈေနှုန်းးသက်သာသည့်အပြင် ဓာတ်အားသွင်သည့်း အခြေခံအဆောက်အအုံများလည်း ချို့တဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် ဆောင်းကာလ ရှည်လျားသည့် ဥရောပတွင် လျှပ်စစ်ကားများ၏ ဘက်ထရီစွမ်းအင်သည် ဆောင်းရာသီတွင် လျော့နည်းလာသည့်အတွက် နောက်ပိုင်းတွင် ဓာတ်ဆီ/ဒီဇယ်သုံးကားများ၏ဝယ်လိုအားက ပိုများလာပြီး လျှပ်စစ်ကားဈေးကွက်က နှေးကွေးလာနေပါသည်။

သတင်းရင်းမြစ်။ CNN ဂျပန်၊ Nikkei နှင့် ဂျပန်မီဒီယာများ

ဓာတ်ပုံ။

နီဆန်းကုမ္ပဏီအမှုဆောင်အရာရှိချုပ် အူချီဒါမာကိုတို (ဘယ်) နှင့် ဟွန်ဒါကုမ္ပဏီအမှုဆောင်အရာရှိချုပ် မီဘေတိုရှိဟီရို

မှတ်ချက်။ ဂျပန်အမည်များကို ဂျပန်ပုံစံဖြင့် မိသားစုနာမည်မှစတင်ရေးသားထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက