နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားသူတွေထဲက သတ်ဖြတ်ခဲ့တဲ့ ပြည်သူ (၅)ဦးရဲ့ရုပ်လောင်းကို ပြန်တွေ့

ဇန်နဝါရီလ (၂၀) ရက်။

ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ မဲအိုးကျေးရွာက ပြည်သူ(၅)ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ရှိထားတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇန်နဝါရီလ (၁၈)ရက်နေ့က စစ်ကောင်စီတပ်ဟာ မဲအိုးကျေးရွာကို အင်အားအလုံးအရင်းနဲ့ အလစ်အငိုက်၀င်ရောက်လာခဲ့ပြီး ပြည်သူ (၅၀)ခန့်ကို ဖမ်းဆီးခဲ့ကာ အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး (၁၅)ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“၁၈ရက်နေ့က ပြည်သူတွေအိပ်ပျော်နေတဲ့အချိန်မှာ ရေဦးကနေ အင်အား (၈၅)ဦးနဲ့ စစ်ကြောင်းထိုးပြီး ၀င်လာတာ၊ အဲ့ဒီလို အင်အားအလုံးအရင်းနဲ့ ၀င်ပြီးတော့ ပြည်သူ (၅၀)ဦးကို ဖမ်းသွားတယ်၊ နောက်ပြီး ပြည်သူတွေဆီကနေ ရွှေတွေ၊ ငွေတွေ၊ ဖုန်းတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေ ယူသွားသေးတယ်၊ အချို့ကိုတော့ ပြန်လွှတ်ပြီး (၁၅)ယောက်ကို လက်ယက်ကုန်းကို ဖမ်းသွားတယ်”လို့ အဖွဲ့က ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မဲအိုးရွာက ပြည်သူ (၁၅)ဦးကို လက်ယက်ကုန်းကျေးရွာဆီ ဖမ်းဆီးခေါ်ဆောင်သွားကာ ဇန်နဝါရီလ (၁၉)ရက်နေ့မှာ ဖမ်းဆီးခံရသူတွေထဲက အမျိုးသမီးတစ်ဦးကို နေအိမ်တစ်အိမ်မှာ ထည့်သွင်းမီးရှို့သတ်ဖြတ်ခဲ့တာကို တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် အမျိုးသား (၃)ဦးကိုလည်း ကိုယ်လက်အင်္ဂါတွေ တစစီ အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်ခဲ့တာတွေ တွေ့ရှိခဲ့ရပြီး ဒီကနေ့မှာတော့ ရေဦးမြို့နယ်ရှိ ပိဋကတ်ကျရွာအနီးမှာ သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ (၅)ဦးဟာ မခင်နှင်းဌေး၊ ကိုဇော်၀င်း၊ ကိုထွန်း၊ ကိုအောင်မြင့်ကျော် (ခ) ကိုကုလားနဲ့ ကိုဇော်မင်းညွန့် (ခ) တာပုတို့ဖြစ်ကာ ကျန် (၁၀) ဦးပျောက်ဆုံးနေသေးတယ်လို့ ပြောဆိုထားပါတယ်။

အခုအချိန်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး၀င်ရောက်တာတွေကြောင့် ပြည်သူ (၂၀၀၀၀) ကျော် ရွာလုံးကျွတ် ထွက်ပြေးနေရကာ အချို့ကျေးရွာတွေမှာ ပြန်လည်၀င်ရောက်သူတွေရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို