နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

K-pop ကြည့်တဲ့ မြောက်ကိုရီးယားလူငယ်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ


အခုမြင်တွေ့နေရတဲ့ ဗီဒီယိုရုပ်သံကတော့ မြောက်ကိုရီးယားအာဏာပိုင်တွေက ဆယ်ကျော်သက် လူငယ် နှစ်ဦးကို K-pop ဗီဒီယိုသီချင်းတွေ ကြည့်ရှုမှုကြောင့် အများပြည်သူမြင်ကွင်းရှေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် 12 နှစ် အမိန့်ချလိုက်တဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီဗီဒီယိုကို မြောက်ကိုရီးယားနိုင်ငံက ထွက်ပြေးလာသူတွေနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ South and North Development Institute (SAND) ကနေ ထုတ်ပြန်ခဲ့တာပါ။

ရိုက်တာသတင်းဌာနက အဲဒီသတင်းကို နှစ်ဖက်အတည်မပြုနိုင်သေးပေမယ့် ဘီဘီစီရုပ်သံက စတင် ပြသခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုမှာ South and North Development Institute (SAND) ကတောင်းဆိုထားတဲ့အတိုင်း ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ မျက်နာကို ရှင်းရှင်းလင်းလင်းမမြင်ရအောင် ခပ်ဝါးဝါးလုပ်ပေးထားရပါတယ်။

South and North Development Institute (SAND) ရဲ့ ဥက္ကဌဖြစ်သူ ချွိုင်ကျန်ဟူဟာ 2001 ခုနှစ်က မြောက်ကိုရီးယားနိုင်ငံကနေထွက်ပြေးလွတ်မြောက်လာခဲ့သူဖြစ်ပြီး အခုထုတ်ပြန်လိုက်တဲ့ဗီဒီယိုဟာ မြောက်ကိုရီးယားရဲ့ သတိပေးနှိုးဆော်မှုတစ်ခုဖြစ်လိမ့်မယ်လို့ ယူဆနေပါတယ်။

“ 2022 ခုနှစ်မှာ ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။ မြောက်ကိုရီးယားအာဏာပိုင်တွေဟာ အဲဒီဗီဒီယိုကို ရိုက်ကူးပြီး နိုင်ငံတွင်းဟောပြောပွဲတွေမှာ ပြသကာ ပညာပေးတွေ ဆောင်ရွက်ကြပါတယ်။ ဗီဒီယိုကို ရိုက်ကူးပေးပို့တဲ့သူက မြောက်ကိုရီးယားမှာ ခေတ်စားလာတဲ့ မိုဘိုင်းဖုန်းနဲ့ရိုက်ပြီးပို့လိုက်တာဖြစ်ပါတယ်”လို့ ချွိင်က ဆိုပါတယ်။

တောင်ကိုရီးယားရဲ့ K-pop ယဉ်ကျေးမှုဟာ တကမ္ဘာလုံးကို ဘယ်လောက်ထိ ပြန့်နှံ့နေသလဲဆိုတာကို အခုဖြစ်စဉ်က သက်သေပြနေသလို ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အတွက် ခေါင်းကိုက်စရာပြဿနာတစ်ခုဖြစ်တယ်လို့လည်း ချွိုင်က ပြောပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ တောင်ကိုရီးနိုင်ငံက ဖျော်ဖြေရေးအစီအစဉ်တွေ ကြည့်ရှုမှုနဲ့ တောင်ကိုရီးယားဘက်ကလို ပြုမူနေထိုင် ပြောဆိုမှုတွေကို ပိတ်ပင်ထားပြီး ပြုလုပ်သူတိုင်းကို ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်လေ့ရှိပါတယ်။

ဗီဒီယိုထဲမှာ ပါဝင်တဲ့ အသက် 16 နှစ်အရွယ် လူငယ်နှစ်ဦးဟာ Kpop ဗီဒီယိုတွေကို ၃ လကျော်ကြာ ကြည့်ရှုမှုနဲ့ ဖြန့်ဝေမှုကြောင့် ကြီးလေးတဲ့အမိန့်ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ 1950 မှာ စစ်မက်ဖြစ်ပွါးမှုရပ်တန့်ခဲ့ပေမယ့် နည်းပညာပိုင်းအရ စစ်ဖြစ်နေဆဲဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက