နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း အာရှ

လကမ္ဘာပေါ်ကို ဂျပန်နိုင်ငံရဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ် ဆင်းသက်နိုင်ခဲ့

SLIM လို့ ခေါ်ဝေါ်ကြတဲ့ ဂျပန်နိုင်ငံရဲ့ Smart Lander for Investigating Moon အာကာသယာဉ်ဟာ ဇန်နဝါရီလ 19 ရက် ဒေသစံတော်ချိန် နံနက် 12 နာရီ မိနစ် 20 မှာ လကမ္ဘာကို ဆင်းသက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ လကမ္ဘာပေါ်ကို အာကာသယာဉ်လွှတ်တင်နိုင်တဲ့ ပဉ္စမမြောက် နိုင်ငံဖြစ်လာခဲ့ပေမယ့် ပါဝါပြဿနာကြောင့် အဲဒီမစ်ရှင်ကို ကာလတိုအတွင်းဖျက်သိမ်းဖို့ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါတယ်။

အဲဒီဂျပန်အာကာသစူးစမ်းလေ့လာရေးယာဉ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြား​တွေဟာ လျှပ်စစ်ဓါတ်အားထုတ်လုပ်မပေးနိုင်တော့တာကြောင့် ဆက်လက်မောင်းနှင်းဖို့ အခက်အခဲရှိနေတာဖြစ်တယ်လို့ ဂျပန်အာကာသလေ့လာရေးအေဂျင်စီက ပြောပါတယ်။ အာကာသလေ့လာရေ့းအေဂျင်စီရဲ့အကြီးအကဲဖြစ်သူ ဟီတိုရှိ ခုနိနာကာက “ဘက်ထရီကနေ လျှပ်စစ်အားမထုတ်ပေးနိုင်တော့လို့ ဘက်ထရီတွေက အရမ်းကို အားနည်းနေပါတယ်။ အာကာသယာဉ်ပေါ်က ဆိုလာပြားတွေဟာ တပ်ဆင်တဲ့ နေရာထောင့်မှားနေပေမယ့် နေရောင်ခြည်အပြောင်းအရွှေ့ကြောင့် ဘက်ထရီတွေ ပြန်အားပြည့်လာနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ SLIM အနေနဲ့ အင်ပြည့်အားပြည့်အလုပ်ပြန်လုပ်နိုင်ဖို့ ရက် 30 လောက်အချိန်ယူပြီး အားဖြည့်ရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

Moon Sniper လို့လည်း အမည်ရတဲ့ အဲဒီအာကာသယာဉ်ဟာ ရည်မှန်းထားတဲ့ လကမ္ဘာရဲ့မျက်နာပြင် မီတာ 100 အတွင်း ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။ Moon Sniper မှာ အသုံးပြုထားတဲ့ နည်းပညာဟာ လကမ္ဘာရဲ့ ဝန်ရိုးစွန်းတွေ၊ တောင်တန်းကုန်းမြင့်တွေမှာ ရေ၊ လောင်စာနဲ့ အောက်စီဂျင်ရှာဖွေရေးမှာ အစွမ်းထက်တဲ့ နည်ပညာဖြစ်လာလိမ့်မယ်လို့ ဂျပန်အာကာသလေ့လာရေးအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။ Moon Sniper အနေနဲ့ တိကျသေချာတဲ့ ရည်မှန်ချက်တွေ ထိရောက်အောင်မြင်ခြင်းရှိ၊မရှိကို စစ်ဆေးဖို့ တစ်လခန့် ကြာမြင့်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဂျပန်ုနိုင်ငံဟာ တိုးတက်နေတဲ့ တရုတ်နိုင်ငံကို ယှဉ်နိုင်ဖို့အတွက် အမေရိကန်နဲ့ ပူးပေါင်းကာ အာကာသစူးစမ်းလေ့လာရေးမှာ ကြီးမားတဲ့အခန်းကဏ္ဍအဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အာကာသလေ့လာရေးအေဂျင်စီအပြင်၊ ပုဂ္ဂလိကကဏ္ဍတွေကိုပါ လုပ်ပိုင်ခွင့်ပေးထားပြီး လာမယ့် နှစ်အနည်းငယ်အတွင်းမှာ နာဆာရဲ့ အကူအညီနဲ့ အာကာသယာဉ်မှူးတစ်ဦးကို အာကာသထဲ စေလွှတ်နိုင်ဖို့ကိုလည်း ရည်မှန်းထားပါတယ်။

လကမ္ဘာကို ဆင်းသက်နိုင်တဲ့ နိုင်ငံတွေထဲမှာ ဆိုဗီယက်ယူနီယံ၊ အမေရိကန်၊ တရုတ်၊အိန္ဒိယနဲ့ ယခုဂျပန်နိုင်ငံတို့သာရှိပြီး ပုဂ္ဂလိကကဏ္ဍကနေ လကမ္ဘာပေါ် တက်ရောက်နိုင်ခြင်းမရှိသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland)
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာဒူရို အဖမ်းခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်မည့် ဒယ်လ်စီ ရော်ဒရီဂက်ဇ် (Delcy Rodríguez) ဆိုသည်မှာ မည်သူနည်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 38 Views
CNN- ဇန်နဝါရီလ ၄ရက်၊ ၂၀၂၆ခုနှစ် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်စစ်ဆင်ရေးတစ်ခုအတွင်း သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) အဖမ်းခံရပြီးနောက်၊ တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလား၏ အုပ်ချုပ်ရေးအာဏာသည် အမှုဆောင် ဒုတိယသမ္မတ ဒယ်လ်စီ ရော်ဒရီဂက်ဇ်၏ လက်ထဲသို့
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတမာဒူရိုကိုအမေရိကန်တပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားမှု အပြည့်အစုံ နဲ့မြန်မာနိုင်ငံနဲ့နှိုင်းယှဥ်ကြည့်ခြင်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 46 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ့်ကို ထိတ်လန့်စရာ ကောင်းပြီး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ အဓိကဖြစ်ရပ်ကတော့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို အမေရိကန်တပ်ဖွဲ့တွေက
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

သမ္မတ ထရမ့်က ဗင်နီဇွဲလားတိုက်ခိုက်မှု “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု ပြောကြား၊ သမ္မတ မာဒူရိုနှင့် ဇနီးဖြစ်သူအား ဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခဲ့ဟုဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 23 Views
ဇန်နဝါရီလ (၃) ရက်။ အမေရိကန်သမ္မတ ထရမ့်သည် မြန်မာစံတော်ချိန် (၃) ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် ၎င်း၏ လူမှုကွန်ရက် (SNS) မှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံအား တိုက်ခိုက်မှုကို “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများ သိသိသာသာ ဆုတ်ယုတ်လာနေပြီး နေတန်ယာဟု၏ လက်ယာစွန်းအစိုးရကြောင့်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများ ပြစ်တင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျန်နဝါရီလ ၂ရက် ဂျေရုဆလင်မြို့ ။ ၎င်းတို့ကိုယ်ကို “ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးများ” (Women in Red) ဟု ခေါ်ဆိုကြသည်။ ဂါဇာစစ်ပွဲမတိုင်မီ တစ်နှစ်အလိုတွင် အစ္စရေးအစိုးရကို တိတ်ဆိတ်စွာ ဆန္ဒပြသည့်အနေဖြင့်