နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း အာရှ

လကမ္ဘာပေါ်ကို ဂျပန်နိုင်ငံရဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ် ဆင်းသက်နိုင်ခဲ့

SLIM လို့ ခေါ်ဝေါ်ကြတဲ့ ဂျပန်နိုင်ငံရဲ့ Smart Lander for Investigating Moon အာကာသယာဉ်ဟာ ဇန်နဝါရီလ 19 ရက် ဒေသစံတော်ချိန် နံနက် 12 နာရီ မိနစ် 20 မှာ လကမ္ဘာကို ဆင်းသက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ လကမ္ဘာပေါ်ကို အာကာသယာဉ်လွှတ်တင်နိုင်တဲ့ ပဉ္စမမြောက် နိုင်ငံဖြစ်လာခဲ့ပေမယ့် ပါဝါပြဿနာကြောင့် အဲဒီမစ်ရှင်ကို ကာလတိုအတွင်းဖျက်သိမ်းဖို့ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါတယ်။

အဲဒီဂျပန်အာကာသစူးစမ်းလေ့လာရေးယာဉ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြား​တွေဟာ လျှပ်စစ်ဓါတ်အားထုတ်လုပ်မပေးနိုင်တော့တာကြောင့် ဆက်လက်မောင်းနှင်းဖို့ အခက်အခဲရှိနေတာဖြစ်တယ်လို့ ဂျပန်အာကာသလေ့လာရေးအေဂျင်စီက ပြောပါတယ်။ အာကာသလေ့လာရေ့းအေဂျင်စီရဲ့အကြီးအကဲဖြစ်သူ ဟီတိုရှိ ခုနိနာကာက “ဘက်ထရီကနေ လျှပ်စစ်အားမထုတ်ပေးနိုင်တော့လို့ ဘက်ထရီတွေက အရမ်းကို အားနည်းနေပါတယ်။ အာကာသယာဉ်ပေါ်က ဆိုလာပြားတွေဟာ တပ်ဆင်တဲ့ နေရာထောင့်မှားနေပေမယ့် နေရောင်ခြည်အပြောင်းအရွှေ့ကြောင့် ဘက်ထရီတွေ ပြန်အားပြည့်လာနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ SLIM အနေနဲ့ အင်ပြည့်အားပြည့်အလုပ်ပြန်လုပ်နိုင်ဖို့ ရက် 30 လောက်အချိန်ယူပြီး အားဖြည့်ရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

Moon Sniper လို့လည်း အမည်ရတဲ့ အဲဒီအာကာသယာဉ်ဟာ ရည်မှန်းထားတဲ့ လကမ္ဘာရဲ့မျက်နာပြင် မီတာ 100 အတွင်း ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။ Moon Sniper မှာ အသုံးပြုထားတဲ့ နည်းပညာဟာ လကမ္ဘာရဲ့ ဝန်ရိုးစွန်းတွေ၊ တောင်တန်းကုန်းမြင့်တွေမှာ ရေ၊ လောင်စာနဲ့ အောက်စီဂျင်ရှာဖွေရေးမှာ အစွမ်းထက်တဲ့ နည်ပညာဖြစ်လာလိမ့်မယ်လို့ ဂျပန်အာကာသလေ့လာရေးအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။ Moon Sniper အနေနဲ့ တိကျသေချာတဲ့ ရည်မှန်ချက်တွေ ထိရောက်အောင်မြင်ခြင်းရှိ၊မရှိကို စစ်ဆေးဖို့ တစ်လခန့် ကြာမြင့်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဂျပန်ုနိုင်ငံဟာ တိုးတက်နေတဲ့ တရုတ်နိုင်ငံကို ယှဉ်နိုင်ဖို့အတွက် အမေရိကန်နဲ့ ပူးပေါင်းကာ အာကာသစူးစမ်းလေ့လာရေးမှာ ကြီးမားတဲ့အခန်းကဏ္ဍအဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အာကာသလေ့လာရေးအေဂျင်စီအပြင်၊ ပုဂ္ဂလိကကဏ္ဍတွေကိုပါ လုပ်ပိုင်ခွင့်ပေးထားပြီး လာမယ့် နှစ်အနည်းငယ်အတွင်းမှာ နာဆာရဲ့ အကူအညီနဲ့ အာကာသယာဉ်မှူးတစ်ဦးကို အာကာသထဲ စေလွှတ်နိုင်ဖို့ကိုလည်း ရည်မှန်းထားပါတယ်။

လကမ္ဘာကို ဆင်းသက်နိုင်တဲ့ နိုင်ငံတွေထဲမှာ ဆိုဗီယက်ယူနီယံ၊ အမေရိကန်၊ တရုတ်၊အိန္ဒိယနဲ့ ယခုဂျပန်နိုင်ငံတို့သာရှိပြီး ပုဂ္ဂလိကကဏ္ဍကနေ လကမ္ဘာပေါ် တက်ရောက်နိုင်ခြင်းမရှိသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 112 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 99 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု