နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 16 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း အာရှ

လကမ္ဘာပေါ်ကို ဂျပန်နိုင်ငံရဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ် ဆင်းသက်နိုင်ခဲ့

SLIM လို့ ခေါ်ဝေါ်ကြတဲ့ ဂျပန်နိုင်ငံရဲ့ Smart Lander for Investigating Moon အာကာသယာဉ်ဟာ ဇန်နဝါရီလ 19 ရက် ဒေသစံတော်ချိန် နံနက် 12 နာရီ မိနစ် 20 မှာ လကမ္ဘာကို ဆင်းသက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ လကမ္ဘာပေါ်ကို အာကာသယာဉ်လွှတ်တင်နိုင်တဲ့ ပဉ္စမမြောက် နိုင်ငံဖြစ်လာခဲ့ပေမယ့် ပါဝါပြဿနာကြောင့် အဲဒီမစ်ရှင်ကို ကာလတိုအတွင်းဖျက်သိမ်းဖို့ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါတယ်။

အဲဒီဂျပန်အာကာသစူးစမ်းလေ့လာရေးယာဉ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြား​တွေဟာ လျှပ်စစ်ဓါတ်အားထုတ်လုပ်မပေးနိုင်တော့တာကြောင့် ဆက်လက်မောင်းနှင်းဖို့ အခက်အခဲရှိနေတာဖြစ်တယ်လို့ ဂျပန်အာကာသလေ့လာရေးအေဂျင်စီက ပြောပါတယ်။ အာကာသလေ့လာရေ့းအေဂျင်စီရဲ့အကြီးအကဲဖြစ်သူ ဟီတိုရှိ ခုနိနာကာက “ဘက်ထရီကနေ လျှပ်စစ်အားမထုတ်ပေးနိုင်တော့လို့ ဘက်ထရီတွေက အရမ်းကို အားနည်းနေပါတယ်။ အာကာသယာဉ်ပေါ်က ဆိုလာပြားတွေဟာ တပ်ဆင်တဲ့ နေရာထောင့်မှားနေပေမယ့် နေရောင်ခြည်အပြောင်းအရွှေ့ကြောင့် ဘက်ထရီတွေ ပြန်အားပြည့်လာနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ SLIM အနေနဲ့ အင်ပြည့်အားပြည့်အလုပ်ပြန်လုပ်နိုင်ဖို့ ရက် 30 လောက်အချိန်ယူပြီး အားဖြည့်ရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

Moon Sniper လို့လည်း အမည်ရတဲ့ အဲဒီအာကာသယာဉ်ဟာ ရည်မှန်းထားတဲ့ လကမ္ဘာရဲ့မျက်နာပြင် မီတာ 100 အတွင်း ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။ Moon Sniper မှာ အသုံးပြုထားတဲ့ နည်းပညာဟာ လကမ္ဘာရဲ့ ဝန်ရိုးစွန်းတွေ၊ တောင်တန်းကုန်းမြင့်တွေမှာ ရေ၊ လောင်စာနဲ့ အောက်စီဂျင်ရှာဖွေရေးမှာ အစွမ်းထက်တဲ့ နည်ပညာဖြစ်လာလိမ့်မယ်လို့ ဂျပန်အာကာသလေ့လာရေးအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။ Moon Sniper အနေနဲ့ တိကျသေချာတဲ့ ရည်မှန်ချက်တွေ ထိရောက်အောင်မြင်ခြင်းရှိ၊မရှိကို စစ်ဆေးဖို့ တစ်လခန့် ကြာမြင့်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဂျပန်ုနိုင်ငံဟာ တိုးတက်နေတဲ့ တရုတ်နိုင်ငံကို ယှဉ်နိုင်ဖို့အတွက် အမေရိကန်နဲ့ ပူးပေါင်းကာ အာကာသစူးစမ်းလေ့လာရေးမှာ ကြီးမားတဲ့အခန်းကဏ္ဍအဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အာကာသလေ့လာရေးအေဂျင်စီအပြင်၊ ပုဂ္ဂလိကကဏ္ဍတွေကိုပါ လုပ်ပိုင်ခွင့်ပေးထားပြီး လာမယ့် နှစ်အနည်းငယ်အတွင်းမှာ နာဆာရဲ့ အကူအညီနဲ့ အာကာသယာဉ်မှူးတစ်ဦးကို အာကာသထဲ စေလွှတ်နိုင်ဖို့ကိုလည်း ရည်မှန်းထားပါတယ်။

လကမ္ဘာကို ဆင်းသက်နိုင်တဲ့ နိုင်ငံတွေထဲမှာ ဆိုဗီယက်ယူနီယံ၊ အမေရိကန်၊ တရုတ်၊အိန္ဒိယနဲ့ ယခုဂျပန်နိုင်ငံတို့သာရှိပြီး ပုဂ္ဂလိကကဏ္ဍကနေ လကမ္ဘာပေါ် တက်ရောက်နိုင်ခြင်းမရှိသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

တီဟီရန်နှင့် နျူကလီးယား သဘောတူညီချက်အသစ်အတွက် ထရန့် တွန်းအားပေးနေချိန်တွင် တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ပေကျင်းမှာ တွေ့ဆုံဆွေးနွေးနေကြသည်။

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 8 Views
မတ်လ (၁၄) ရက်။ တရုတ်နိုင်ငံသည် တီဟီရန်၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲများအတွက် အီရန်နှင့် ရုရှားနိုင်ငံတို့မှ သံတမန်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို ဝီလီယံအလ်ဆပ် (William Alsup) အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 8 Views
မတ်လ (၁၄) ရက်။ ကယ်လီဖိုးနီးယား တရားသူကြီးက ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို အမိန့်ထုတ် ကယ်လီဖိုးနီးယားပြည်နယ်မှ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက အလုပ်ထုတ်လိုက်တဲ့ ထောင်နဲ့ချီတဲ့ အစမ်းခန့်ထားသည့်ဝန်ထမ်းများကို ယာယီပြန်ခန့်အပ်ဖို့ ဒုတိယဖက်ဒရယ်တရားသူကြီးက အမိန့်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 9 Views
မတ်လ (၁၄) ရက်။ ထရန့်အစိုးရက အလုပ်ထုတ်လိုက်သော ထောင်နှင့်ချီသော အစမ်းခန့်ဝန်ထမ်းများအား ၎င်းတို့၏အလုပ်များတွင် ယာယီပြန်လည်ခန့်အပ်ရမည်ဟု ဒုတိယဖက်ဒရယ်တရားသူကြီးက ကြာသပတေးနေ့တွင် ဆုံးဖြတ်ခဲ့သည်။ ဒီမိုကရက်တစ်သမတ အိုဘားမားလက်ထက်က ခန့်အပ်ထားခဲ့သော ဝါရင့်တရားသူကြီး ဂျိမ်းစ်ဗရီဒါက ယာယီ တားမြစ်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံတယ်ဟု ပူတင် ပြောသော်လည်း ထရန့်ကို ဖုန်းခေါ်ဖို့ လိုနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 9 Views
မတ်လ (၁၄) ရက်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အယူအဆက မှန်ကန်ပြီး ကျွန်တော် သေချာပေါက် ထောက်ခံမှာ ဖြစ်ပေမယ့် ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စရပ်တွေ ရှိသေးကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။ သမ္မတ ဗလာဒီမာပူတင်က ရုရှားက အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာချိန်တွင် ကနေဒါသည် အမေရိကန်ကို လက်တုံ့ပြန်၍ စည်းကြပ်ခွန် ဒေါ်လာ ၂၁ ဘီလီယံဖြင့် ဒဏ်ခတ်လိုက်ခြင်း

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 8 Views
မတ်လ (၁၃) ရက်။ ကနေဒါအစိုးရဟာ ဒေါ်လာဈေးတခုနှင့်တခု ချဉ်းကပ်မှုအတိုင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် မနက် ၁၂:၀၁ နာရီမှာအခွန်စည်းကြပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှ သွင်းကုန် ဒေါ်လာ ၂၉.၈
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဒေါ်နယ်ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲရဲ့ ပထမဆုံး ပစ်ခတ်မှုကို စတင်ခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 9 Views
မတ်လ (၁၃) ရက်။ ထရန့်က ကနေဒါ၏ တင်ပို့ကုန်များဖြစ်သည့် စတီးလ်နှင့် အလူမီနီယံတို့အပေါ် စည်းကြပ်ခွန်များ ချမှတ်ခဲ့သည်ကို တုံ့ပြန်သည့်အနေနှင့် ကနေဒါနိုင်ငံသည် ဒေါ်လာ ၂၁ ဘီလီယံတန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းများအချို့အပေါ် လက်တုံ့ပြန် ကုန်သွယ်မှုခွန်အသစ်ကို ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တောင်းဆိုချက်တွေကို အမေရိကန်ထံ ရုရှားပေးပို့ထား

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 7 Views
+++++++++++++++++++++++++ ယူကရိန်းနဲ့စစ်ပွဲကို အဆုံးသတ်ပြီး ဝါရှင်တန်နဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်မယ့် သဘောတူညီချက်အတွက် အမေရိကန်ကို ရုရှားကတောင်းဆိုချက်တွေ ပေးပို့ထားတယ်လို့ သတင်းရင်းမြစ်တွေရဲ့ စကားကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရုရှားက ယူကရိန်းနဲ့စစ်ပွဲအဆုံးသတ်ရေးအတွက် တောင်းဆိုချက်တွေ ပေးပို့ထားကြောင်း သတင်းရင်းမြစ်နှစ်ခုက
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်ရဲ့ မူဝါဒတွေကြောင့် အမေရိကန် စီးပွားရေး မတည်မငြိမ် ဖြစ်စေတယ်လို့ အမေရိကန်နိုင်ငံသားတွေ ယုံကြည်

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 6 Views
မတ်လ (၁၃) ရက်။ ထိပ်တန်းကုန်သွယ်ဖက် နိုင်ငံအချို့အပေါ် အခွန်တင်းကြပ်မှုဟာ အမေရိကန်ရဲ့ စတော့စျေးကွက်ကို လှုပ်ခတ်စေခဲ့တာကြောင့် သမ္မတထရန့်ရဲ့ လုပ်ဆောင်ချက်တွေဟာ စျေးကွက်မတည်ငြိမ်မှုကိုဖြစ်စေတယ်လို့ အမေရိကန်နိုင်ငံသားတွေယုံကြည်နေကြကြောင်း ရိုက်တာရဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။ လူ ၃ ဦးမှာ ရီပက်ဘလီကန်တစ်ဦး