နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး လူ ၁၀၀ က ဘယ်သူတွေလဲ။

နှစ်စဉ်နှစ်တိုင်း TIME မဂ္ဂဇင်းတွင် ထိုအဖြေရှိပါသည်။ TIME မဂ္ဂဇင်းသည် ၎င်း၏ ၂၀၂၄ ခုနှစ်အတွက် သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအိုင်ကွန်များကို ထုတ်ပြန်သည့် နှစ်ပတ်လည်စာရင်းတွင် ယမန်နှစ်ကလူများကို အပြောင်းအလဲ ပြုလုပ်ပြီး အသစ်များကို မီးမောင်းထိုးပြရန် တောင်းဆိုသော ဒါဇင်နှင့်ချီသော အားကစားသမားများ၊ ဖျော်ဖြေရေးသမားများ၊ အနုပညာရှင်များနှင့် နိုင်ငံရေးသမားများ ပါရှိပါသည်။ အချို့သောအမည်များသည် အံ့သြစရာမဟုတ်ပေ။ သို့ရာတွင် တချို့နာမည်များကိုမူ လူများက သိပ်မရင်းနှီးကြပါ။ လူအများက မရင်းနှီးသော မျက်နှာသစ်ငါးယောက်ကို အောက်တွင် ဖော်ပြထားပါသည်။


ရှောင်းဖိန် (Shawn Fain) ညီညွတ်သောမော်တော်ကားအလုပ်သမားများသမဂ္ဂ(UAW) ဥက္ကဋ္ဌ
ရှောင်းဖိန်သည် ပြီးခဲ့သည့် ဆောင်းဦးရာသီ၏ မော်တော်ယာဉ်လုပ်သားများ သပိတ်မှောက်မှုအတွင်း ခြောက်လအောက်နည်းသောသက်တမ်းဖြင့် ညီညွတ်သောမော်တော်ကားအလုပ်သမားများသမဂ္ဂ (United Auto Workers Union) ၏ ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့်ရှောင်းဖိန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအား မော်တော်ယာဉ်လုပ်သားများအား “ဒီသမဂ္ဂမှာ အဖွဲ့ဝင်တွေဟာ အမြင့်ဆုံး အာဏာပိုင်တွေ ဖြစ်ပါတယ်” ဟု ပြောစကားကို သမတဘိုင်ဒင်က ကိုးကားပြီး “ဒီနိုင်ငံမှာ ပြည်သူတွေက အမြင့်ဆုံးအာဏာပိုင်” ဖြစ်တယ်ဟု ဆိုခဲ့သည်။ ဖိန်နှင့် UAW အတွက် သမိုင်းဝင်လုပ်ခလစာတိုးမြှင့်ရေးတွင် သူလုပ်ခဲ့သော အလုပ်အားလုံးသည် ၂၀၂၃ ခုနှစ်တွင် သမဂ္ဂများရရှိသည့် “ခက်ခက်ခဲခဲရခဲ့သော အောင်မြင်မှု” ကို ကိုယ်စားပြုသည်ဟု ဘိုင်ဒင်က ဆိုသည်။ UAW ၏ ဦးဆောင်မှုဖြင့်၊ မော်တော်ကားထုတ်လုပ်သည့်စက်မှုလုပ်ငန်းတစ်ခုလုံးတွင် အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ UAW အနိုင်ရပြီးနောက်တွင် သမဂ္ဂမဟုတ်သော ကုမ္ပဏီများ ဖြစ်သည့် တိုယိုတာ၊ ဟွန်ဒါနှင့် ဟွန်ဒိုင်းတို့သည်လည်း လုပ်ခလစာများ တိုးပေးခဲ့သည်။ သို့သော် သပိတ်မှောက်ပြီးသည့်တိုင် UAW နှင့် ဖိန် တို့သည် လေးရက်၊ ၃၂ နာရီ အလုပ်ပတ်အတွက် ရည်ရွယ်၍ တိုက်ပွဲဖြစ်ဆဲဖြစ်သည်။ “သမဂ္ဂတွေ အနိုင်ရတဲ့အခါ အလုပ်သမားအားလုံးက ဒီအကျိုးကို ခံစားရမှာဖြစ်တယ်ဆိုတာကို သူတို့က အသိပေးခဲ့တယ်” ဟု ဘိုင်ဒင်က ဆိုသည်။

ရှောင်းဖိန် (Shawn Fain) ညီညွတ်သောမော်တော်ကားအလုပ်သမားများသမဂ္ဂ(UAW) ဥက္ကဌ

မိုတာဇ် အာဇိုင်ဇာ (Motaz Azaiza) ပါလက်စတိုင်း ဓာတ်ပုံဆရာ

အသက် ၂၅ နှစ်သာရှိသေးသော မိုတာဇ် အာဇိုင်ဇာ သည် ယခုနှစ် TIME ကျော်ကြားသူမျျားစာရင်းတွင် အသက်အငယ်ဆုံးဖြစ်သည်။ ပါလက်စတိုင်းတွင် လေးလကြာသတင်းရယူခဲ့သည့် ပါလက်စတိုင်းဓာတ်ပုံဆရာသည် သန်းနှင့်ချီသောအားပေးထောက်ခံသူများရှိသည့် သူ၏ Instagram တွင် စစ်ပွဲဖြစ်ပျက်နေမှုကို အချိန်တိုအတွင်း ဓာတ်ပုံများတင်ခဲ့ပြီး “သူ၏ဇာတိဂါဇာတွင် ကမ္ဘာ့မျက်လုံးများနှင့် နားများဖြစ်သည်” ဟု TIME မှ စာရေးဆရာ ရက်စမင် ရှာဟန် (Yasmeen Serhan) က ရေးသားခဲ့သည်။ “အိမ်ကထွက်ပြေးရတဲ့ မိသားစုပုံတွေ၊ ချစ်ခင်ရသူတွေအတွက် ငိုကြွေးနေတဲ့ အမျိုးသမီးတွေရဲ့ပုံတွေ၊ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးပုံစသည့် သူရိုက်ကူးတင်ပြသည့်ဓါတ်ပုံများသည် ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ခြင်းမှ တားမြစ်ခံထားရသော နိုင်ငံတကာစာနယ်ဇင်းများတွင် ဂါဇာအဖြစ်အပျက်များကို အရိပ်အမြွက် ပြသပေးသည့်ထဲမှာ အကြောင်းအချက်များ ဖြစ်သည်” ဟု ရှာဟန်က ရေးသားခဲ့သည်။ ထိုဒေသရှိ သတင်းထောက်များ ကြုံတွေ့နေရသော ကြီးမားသော အန္တရာယ်များကြားမှ သူသည် ထိုသို့အသက်စွန့်ရိုက်ယူ လုပ်ဆောင်ခဲ့သည်။ ဇန်နဝါရီလတွင် အာဇိုင်ဇာသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့သော်လည်း စစ်ပွဲမှာ နှေးကွေးခြင်း မရှိပေ။ ပြီးခဲ့သောလတွင် အစ္စရေးတပ်ဖွဲ့များသည် ပါလက်စတိုင်းသတင်းထောက်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ၎င်းတို့၏အတွင်းခံဘောင်းဘီကိုပင် ချွတ်ခိုင်းခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဒုက္ခသည် စခန်းတစ်ခု တိုက်ခိုက်ခံရမှုတွင် CNN တွင် အလုပ်လုပ်နေသော သတင်းထောက် အများအပြား အပါအဝင် ဒဏ်ရာများ ရရှိခဲ့သည်။

“ငါတွေ့ကြုံခဲ့ရတာတွေ ဒီကြုံတွေ့ခဲ့ရတာတွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ငါ့အတွက်ဘယ်လိုမှ ဖြေနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်” လို့ အာဇိုင်ဇာ က CNN ကို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်က အခု ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို အဖြေရှာနေသူတစ်ယောက်ပါ။ ဒါကို ရပ်တန့်ဖို့ လိုပါတယ်”ဟု သူက ဆိုသည်။

မိုတာဇ် အာဇိုင်ဇာ (Motaz Azaiza) ပါလက်စတိုင်း ဓာတ်ပုံဆရာ

ဂျန်နီ ဟာမိုဆို (Jenni Hermoso)၊ စပိန်အမျိုးသမီးဘောလုံးသမား

ဂျန်နီဟာမိုဆိုနှင့် စပိန်အမျိုးသမီးလက်ရွေးစင်အသင်းတို့သည် ပြီးခဲ့သောနွေရာသီက ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အနိုင်ရခဲ့ချိန်တွင် ရှေ့တန်းမှကစားသူ သူမအနေနှင့် မျှော်လင့်မထားသည့် နောက်ဆုံးအရာမှာ သူမ၏နည်းပြထံမှ အနမ်းတစ်ခုဖြစ်သည်။ သို့တိုင်၊ ထိုကဲ့သို့ ဖြစ်လာခဲ့သည်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေချိန်တွင် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လူးအစ် ရူဘိုင်လက်စ် (Luis Rubiales) သည် ဟာမိုဆို၏ မျက်နှာကို ဖမ်းကိုင်ကာ နှုတ်ခမ်းကိုနမ်းလိုက်သည်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် သဘောတူ ခွင့်ပြုချက်နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းမှ ထိုကိစ္စကိုပြောလာကြသည်။ ရူဘိုင်လက်စ် ကို ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် ဖီဖာက သုံးနှစ်ပိတ်ပင်ခဲ့ပြီး ဇန်နဝါရီလတွင် ဟာမိုဆိုသည် ဥက္ကဋ္ဌ ဟောင်းအား ဆန့်ကျင်ခါလိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် တရားရုံးတွင် သက်သေထွက်ဆိုခဲ့သည်။ TIME အတွက်ရေးသားသော အမေရိကန်ဘောလုံးကစားသမား မာနာရှင်မ် (Mana Shim) သည် ဟာမိုဆို၏ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့သည်။ “ဟာမိုဆို က သူမကို နှုတ်ပိတ်ဖို့ ကြိုးစားပေမဲ့ သူမက အမှန်တရားကို ထပ်ခါထပ်ခါ သတ္တိရှိရှိ ပြောပြခဲ့တယ်” ဟု ရှင်မ်က ဆိုသည်။


ဆက်ရှီ မာလက် (Sakshi Malik) အိန္ဒိယအမျိုးသမီး နပန်းသမား

ဆက်ရှီ မာလက်သည် ၂၀၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် ရီယို၌ ကျင်းပခဲ့သော အိုလံပစ်ဆုတံဆိပ်ကို ရရှိသည့် အိန္ဒိယနိုင်ငံ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော အမျိုးသမီး နပန်းသမားဖြစ်သည်။ သို့သော် ယမန်နှစ်နှောင်းပိုင်းတွင် သူမသည် အားကစားမှ အနားယူခဲ့သည်။ မာလက်သည် အမျိုးသမီးအားကစားသမားများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သည်ဟု စွပ်စွဲခံထားရသော ဘရပ် ဘူရှန်ရှာရန်ဆင်း(Brij Bhushan Sharan Singh) ကို ဖမ်းဆီးကာ နုတ်ထွက်ပေးရန် ပွင့်လင်းစွာတောင်းဆိုသည့်အုပ်စုမှ ဖြစ်ကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ နီရှာပါဟူဂျာ (Nisha Pahuja) က ရှင်းပြသည်။ အမျိုးသမီးတိုက်ပွဲသည် ၂၀၂၃ ခုနှစ်တစ်လျှောက်လုံး ကြာမြင့်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ အာရုံစူးစိုက်မှုကို ရယူခဲ့သည်။ နောက်ဆုံးတွင် ဆင်းအား ဒေလီရဲများက စော်ကားမှု၊ လိုက်ရှာခြင်းနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရပြီး ၎င်းတို့အားလုံးကို ငြင်းဆိုထားသည်။ နပန်းဖောင်ဒေးရှင်း၏အကြီးအကဲအဖြစ်မှ ဖယ်ရှားခံခဲ့ရသော်လည်း ဆင်းသည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ၎င်း၏ရင်းနှီးသောမဟာမိတ်နှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များဖြင့် အစားထိုးခဲ့ပြီး အငြင်းပွားဖွယ်ရာများကို ရပ်တန့်စေခဲ့သည်။ “နောက်လာမည့် အမျိုးသမီးနပန်းသမားများသည်လည်း အမြတ်ထုတ်ခံရမှုများနှင့် ရင်ဆိုင်ရလိမ့်မည်” ဟု မာလက်က အကြီးအကဲနေရာအစားထိုးခြင်းကို ကြေညာပြီးနောက် ဒီဇင်ဘာလတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “တကယ်လို့ (ဘရပ် ဘူရှန်ရှာရန်ဆင်း) ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်နဲ့ အနီးကပ်လက်ထောက်တစ်ဦးဦးကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရရင် ကျွန်မတို့ နပန်းကစားတာကို ရပ်လိုက်ပါပြီ” ဟု မာလက်ကကြေငြာခဲ့သည်။ ထိုအခိုက်အတန့်သည် “စိတ်ခံစားမှု၊ အများရှေ့တွင်ထုတ်ဖော်ပြောဆိုခဲ့သည့် အလွန်ရဲရင့်သော မတရားမှုကို ဖီဆန်အံတုသည့်လုပ်ရပ်ဖြစ်သည်” ဟု နီရှာပါဟူဂျာက ရေးသားခဲ့သည်။ “သို့သော် သူမသည် တိုက်ပွဲမှ နုတ်ထွက်သွားခဲ့ခြင်းမဟုတ် သူမ၏ အလင်းရောင်နှင့် အမြတ်ထုတ်စော်ကားမှုကို ဆန့်ကျင်ဘက်ပြုသူအားလုံး၏ အလင်းရောင်သည် ဆက်လက်တောက်ပနေမည်ဖြစ်ပါသည်” ဟု ရေးသားခဲ့သည်။


ရုရှားအတိုက်အခံခေါင်းဆောင်၏ဇနီး မုဆိုးမ ယူလီယာ နာဗာလ်နာယာ (Yulia Navalnaya)

ဖေဖော်ဝါရီလတွင် ကွယ်လွန်ခဲ့သော ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နီ (Alexey Navalny) ၏ဇနီး မုဆိုးမ ယူလီယာနာဗာလ်နာယာသည် သူမ၏ခင်ပွန်း ထားရစ်ခဲ့သည့်ခေါင်းဆောင်မှုနေရာကို အမြန်ဆုံးရယူခဲ့သည်။ သူသေဆုံးပြီး သုံးရက်အကြာတွင် သူမသည် ခင်ပွန်းဖြစ်သူ၏ လူမှုကွန်ရက်တွင် ရှစ်မိနစ်ကြာ ဗီဒီယိုဖိုင်ကို တင်ခဲ့ပြီး “ကျွန်မမှာ အရှုံးပေးပိုင်ခွင့် မရှိပါဘူး။ ကျမနဲ့အတူ ခံပြင်းစွာနဲ့ မျှဝေခံစားပေးဖို့ တောင်းဆိုပါတယ်။” နာဗယ်လ်နီသေဆုံးမှုမှာ ဥရောပတစ်ဝှမ်း အထူးသဖြင့် ဘာလင်နှင့် ပါရီကဲ့သို့ မြို့တော်များတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ရုရှားသံရုံးများအပြင်ဘက်တွင် “ပူတင်သည် လူသတ်သမား” နှင့် “ပူတင်ကို ဟိဂ်တရားရုံးကိုပို့” ဟူသော ဆိုင်းဘုတ်များဖြင့် စုဝေးရောက်ရှိခဲ့ကြသည်။ အရာအားလုံးကိုဖြတ်၍ နာဗာလ်နာယာ သည် သူမ၏ခင်ပွန်းသေဆုံးခြင်းကို “လူသတ်မှု” ဟုခေါ်ဆိုကာ ရုရှားအတိုက်အခံ အင်အားစုများကြားတွင် စည်းလုံးညီညွတ်မှု ပေးစွမ်းနိုင်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။ ဒုသမ္မတ ကာမလာဟဲရစ် (Kamala Harris) သည် TIME အတွက်ရေးသားခဲ့ပြီး နာဗာလ်နာယာ သည် “ဒီမိုကရေစီတန်ဖိုးများ” အတွက် “ရဲရင့်သောတိုက်ခိုက်ရေးသမား” ဟုခေါ်ဆိုခဲ့သည်။
” နာဗာလ်နာယာ သည် ၎င်း၏ခင်ပွန်း၏ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် ကတိပြုထားပြီး၊ အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်ပြီး လွတ်လပ်သော ဒီမိုကရေတစ် ရုရှားနိုင်ငံပေါ်ပေါက်ရေးအတွက် လုပ်ဆောင်နေသူများကို အသစ်တဖန် မျှော်လင့်ချက်များ ပေးဆောင်ခဲ့ပါတယ်” ဟု ဟဲရစ်က ရေးသားခဲ့သည်။

ရုရှားအတိုက်အခံခေါင်းဆောင်၏ဇနီး မုဆိုးမ ယူလီယာ နာဗာလ်နာယာ (Yulia Navalnaya)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက