နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

သထုံနဲ့ ကျိုက်ထိုမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား (၄)ဦးဒဏ်ရာရရှိခဲ့

မေလ (၂၀)ရက်။

သထုံမြို့နဲ့ ကျိုက်ထိုမြို့တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မေလ (၁၇)ရက်နေ့ နံနက်(၁၁)နာရီ (၅၅)မိနစ်အချိန်က ကျိုက်ထိုမြို့၊ ဘီးလင်း သံတားကင်းဂိတ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ(၈)တပ်ရင်းက လက်နက်ကြီး(၃)လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလက်နက်ကြီးတွေထဲက မိုးဝါးသိမ်ရွာထဲကို တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၄)နှစ်အရွယ် စောထူးကပေါ်ရဲ့ ဘေဘက်ခြေမျက်စိကို ကျည်စထိမှန်ခဲ့ကာ စောဝဲဘိုရဲ့ နေအိမ်နဲ့ အိမ်သာတို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မေလ (၁၈)ရက်နေ့ ညနေ(၄)နာရီ(၁၀)မိနစ်ကနေ (၄)နာရီ (၂၅)မိနစ်အထိ သထုံမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၉)တပ်ရင်းတပ်စခန်းကနေ ဝီယော်ကျေးနယ်ထဲက ကျေးရွာတွေကို လက်နက်ကြီး(၅)လုံး ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ထုံးဘိုလေးရွာနားကို (၃)လုံး၊ သုံးအိမ်စုရွာထဲကို (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးအိမ်စုရွာက အသက်(၄)နှစ်အရွယ် နော်ပေါက်ပေါက်ဟာ ဘယ်ဘက်နားရွက်ရှပ်ထိမှန်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် အသက်(၄၂)နှစ်အရွယ်ရှိသူတစ်ဦးနဲ့ အသက်(၃၅)နှစ်အရွယ်ရှိသူတစ်ဦးတို့ဟာလဲ လက်နက်ကြီးကျည်စ ရှပ်ထိဒဏ်ရာများရရှိခဲ့ကာ နေအိမ် (၃)လုံးနဲ့ သုံးဘီးဆိုင်ကယ်တစ်စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ KNU ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 6 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 7 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 7 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 7 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 44 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 38 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂန့်ဂေါခရိုင်စစ်ဌာနက ယောဒေသစစ်ဆင်ရေးကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 31 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 44 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ