နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ကိုယ်စားလှယ်ရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦး အလုပ်ထုတ်ခံရ

ဇွန်လ (၂၀)ရက်။

NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတွေကြောင့် တိုင်ကြားခဲ့တဲ့ ဝန်ထမ်းအမျိုးသမီး ရာထူးက ရပ်ဆိုင်းခံခဲ့ရတယ်လို့ သိရပါတယ်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးဟာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးရဲ့ အတွင်းရေးမှူးအနေနဲ့ (၁၀)လကြာ တာဝန်ထမ်းဆောင်သူဖြစ်တယ်လို့ ဆိုပါတယ်။

တာဝန်ထမ်းဆောင်ချိန် NUG ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်က သူမအပေါ် လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက် ဖြစ်စေတာတွေနဲ့ လုပ်ငန်းခွင်ထဲ အထက်လူကြီးမပီသဘဲ ဝန်ထမ်းတွေအပေါ် နှိမ်ချပြောဆိုဆက်ဆံတာတွေကြောင့် တိုင်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကျူးလွန်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးဟာ မတ်လ (၈)ရက်နေ့က တိုင်ကြားချက်ခဲ့ကာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ (၂၀)ရက်နေ့မှာ လက်ခံရရှိခဲ့ပြီး ကျူးလွန်သူ ဆလိုင်းအိုက်ဇက်ခင်ကို ထပ်မံမဖြစ်ပွားဖို့ နှုတ်နဲ့ သတိပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုင်ကြားခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ကျူးလွန်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးနဲ့ အခြားဝန်ထမ်းတစ်ဦးကို ဧပြီလ (၃၀)ရက်နေ့ရက်စွဲနဲ့ ရာထူးကနေ ရပ်နားစာ ထုတ်ပြန်ခဲ့တယ်လို့ သိရပြီး အဲ့ဒီလုပ်ရပ်အပေါ် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ သူမက ပြောဆိုထားပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်တာမရှိတာကြောင့် ကျူးလွန်ခံရသူ ဝန်ထမ်းအမျိုးသမီးက အလုပ်တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုဖို့ကို မေလ (၁၄)ရက်နေ့မှာ ထပ်မံတင်ပြခဲ့တာပါ။

လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ ဆလိုင်းအိုက်ဇက်ခင်က တိုင်ကြားခံရတာရှိကြောင်းနဲ့ တာဝန်ရှိဝန်ကြီးဌာနအနေနဲ့ စုံစမ်းစစ်ဆေးပြီး အသိပေး/သတိပေးတာ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို