နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

တန့်ဆည်မြို့က NUG ကျောင်းတစ်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်ပြုလုပ်ခဲ့

ဇွန်လ (၂၀)ရက်။

မနေ့က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ NUG ကျောင်းတစ်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ် ကျင်းပခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တန့်ဆည်မြို့ရှိ NUG အခြေခံပညာကျောင်းတစ်ကျောင်းက ဆရာ/ဆရာမတွေအပါအဝင် ကျောင်းသူ/ကျောင်းသားတွေစုပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

မွေးနေ့အထိမ်းအမှတ်ပြုလုပ်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီပြိုင်ပွဲအပါအဝင် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး မိန့်ခွန်းတွေ ဖွင့်လှစ်နားဆင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းတာအပြင် ဘာသာပြန်ဆိုထားတဲ့ အကယ်၍ကဗျာကို ဖွင့်လှစ်နားဆင်ခဲ့သလို ခွန်အားဖြည့်မိငယ်သီချင်းကို သံပြိုင်သီဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ကိုလဲ ကြွေးကြော်ထုတ်ဖော်တာနဲ့ ပြိုင်ပွဲတွေမှာ ဆုရရှိသူတွေကို ဆုတွေပေးအပ်ချီးမြှင့်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဇွန်လ (၁၉)ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှုကို နိုင်ငံတဝန်းက ဒေသခံပြည်သူတွေနဲ့ အင်အားစုအသီးသီးတို့က ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

(၄) ရက်ကြာ အပစ်ရပ်မယ်လို့ ကိုးကန့်တပ် ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 4 Views
+++++++++++++++++++++++++++++ ဇူလိုင်လ (၁၄) ရက်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် အစည်းအဝေး ရှိနေတဲ့ အတွက် ဒီနေ့ (၁၄) ရက်နေ့
1027 Operations မြန်မာသတင်း

လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 6 Views
ဇူလိုင်လ (၁၄) ရက်။ ရှမ်းမြောက်၊ လောက်ကိုင်ဒေသ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ ကိုးကန့်တပ်ရဲ့ သတင်းဌာန The Kokang
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

သမ္မတဟောင်း ဒေါ်နယ် ထရန့်ကို လုပ်ကြံသတ်ဖြတ်သူကို FBI ဖော်ထုတ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 7 Views
ဇူလိုင်လ (၁၄) ရက်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက ဖော်ထုတ်ခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်သူ သေနတ်သမားဟာ အသက် ၂၀ အရွယ် သောမတ်စ် မက်သယူး ကရော့စ် (Thomas Mathews Crooks)
1027 Operations မြန်မာသတင်း

မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့တို့မှာ TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 6 Views
ဇူလိုင်လ (၁၄)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းရဲ့ (၁၉)ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့တို့မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုးကုတ်မြို့ရှိ ကမ္ဘာလုံးစေတီအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 3 Views
ဇူလိုင်လ (၁၄)ရက်။ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အပျက်အစီးများခဲ့တဲ့ လွိုင်ကော်မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ လွိုင်ကော်မြို့ထဲက စာသင်ကျောင်းအချို့ကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပြီး တက္ကသိုလ်တွေနဲ့ စာသင်ကျောင်းတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့
မြန်မာသတင်း

နမ့်စန်မြို့မှာ RCSS အဖွဲ့၀င်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 10 Views
ဇူလိုင်လ (၁၄) ရက်။ ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းအချိန်က နမ့်စန်မြို့၊ မတ်ကျန်းကျေးရွာအနီးက နားရိုင်းကျေးရွာလမ်းခွဲမှာ RCSS/SSA အဖွဲ့၀င်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့သူတွေဟာ RCSS/SSA ရဲ့
မြန်မာသတင်း

မိုင်းရယ်မြို့ကို SSPP/SSA ဝင်ရောက်ထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 18 Views
++++++++++++++++++++++++++ ဇူလိုင်လ (၁၃) ရက်။ ဒီကနေ့ ဇူလိုင်လ မနက် ၅ နာရီ ဝန်းကျင်မှာ မိုင်းရယ်မြို့ကို SSPP/SSA က နေပြည်တော်နဲ့ညှိပြီး ဝင်ရောက်ထိန်းချုပ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ အင်အား ၁၀၀၀ ကျော်ရှိတယ်လို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲငပလီ ဟိုတယ်ဇုန်ကို AA အပြည့်အဝထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 6 Views
**** သံတွဲ၊ မောင်တော မြိုဝင်နေရာများတွင် မိုင်းအန္တရာယ်သတိထားရန် AA ပြော *** ဇူလိုင်လ (၁၃) ရက်။ သံတွဲငပလီ ဟိုတယ်ဇုန်ကို AA အပြည့်အဝထိန်းချုပ်လိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းမြစ်ဆီက သိရပါတယ်။ သံတွဲမြိုနဲ့ မောင်တောမြို့အတွင်းကို ဝင်ရောက်နိုင်တဲ့