နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ၄၅ ဦးကို အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရ

++++++++++++++++++

နိုဝင်ဘာလ (၂၀) ရက်။

အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဟောင်ကောင်၏ ထင်ရှားကျော်ကြားသော ဒီမိုကရေစီလိုလားသူ ၄၅ ဦးကို ဟောင်ကောင်တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံက လွန်ခဲ့သည့်လေးနှစ်က အမျိုးသားလုံခြုံရေးနှင့် ပတ်သက်သည့်စီမံချက်ဖြင့် ဖြိုခွင်းမှု စတင်ပြီးနောက် ကန့်သတ်ချုပ်ချယ်ထားသည့် ဟောင်ကောင်၏ နိုင်ငံရေး လွတ်လပ်ခွင့်အတွက် အကြီးမားဆုံးသော ထိုးနှက်ချက် ဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ထင်ရှားသော လွှတ်တော်အမတ်ဟောင်းများ၊ တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမားသမဂ္ဂများနှင့် သတင်းထောက်များ အပါအဝင် လေးဆယ့်ငါးဦးအား ထောင်ဒဏ် လေးနှစ်နှင့်နှစ်လမှ ၁၀ နှစ်အထိ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်၌ ကြီးမားသော ဒီမိုကရေစီရေး ဆန္ဒပြပွဲများ လှုပ်ခတ်လာပြီးနောက်တွင် တရုတ်အစိုးရသည် အတိုက်အခံများကို အရှိန်မြှင့် နှိမ်နင်းခဲ့သည်။

ယခုအကြိမ် ထောင်ဒဏ်ချမှတ်သည့် တရားစီရင်ရေးစာတမ်းများတွင် ဟောင်ကောင်သည် မည်မျှပြောင်းလဲသွားသည်ကို ဖော်ပြနေသည်။ တစ်ချိန်က ဆန္ဒပြပွဲများ ဖြစ်လေ့ဖြစ်ထ ရှိခဲ့သော ဟောင်ကောင်သည် အာဏာရှင်တရုတ်ပြည်မကြီး၏ ပုံသဏ္ဍာန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အတိုက်အခံခေါင်းဆောင်များကို အကျဉ်းချကာ အခြားဝေဖန်သူများကိုလည်း နှုတ်ပိတ်သွားစေခဲ့သည်။ အချို့လည်း ပြည်ပသို့ ထွက်ပြေးသွားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သော ဥပဒေပညာရှင် Benny Tai သည် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေအောက်တွင် ချမှတ်ခဲ့သည့် အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်သည်။ တစ်ချိန်က နာမည်ကြော်ကြားခဲ့သော ဒီမိုကရေစီလှုပ်ရှားမှု၏ သင်္ကေတဖြစ်သော ကျောင်းသားခေါင်းဆောင် Joshua Wong ကို ထောင်ဒဏ် လေးနှစ်နှင့် ရှစ်လ ချမှတ်ခဲ့သည်။

တရားစွဲဆိုခံခဲ့ရသည့် ၄၇ ဦးသည် ၂၀၂၀ ပြည့်နှစ်တွင် ၎င်းတို့၏ အနိုင်ရနိုင်ခြေကို တိုးမြှင့်ရန် တရားဝင် မဟုတ်သော ပဏာမရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ဟောင်ကောင်တစ်ဝှမ်း မဲဆန္ဒရှင်များအား ဆန့်ကျင်ရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ဟောင်ကောင်၏ ခေါင်းဆောင်ပိုင်း၊ ရဲတပ်ဖွဲ့နှင့် အစိုးရရှေ့နေများက ဒီမိုကရေစီလိုလားသူ အများစုသည် ဟောင်ကောင်အစိုးရကို ဖြုတ်ချရန် ကြီးမားသော၊ စနစ်တကျ ကြံစည်မှု တစ်ခုဖြစ်ပြီး အမျိုးသားလုံခြုံရေး ဥပဒေများကို ချိုးဖောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

မေလတွင် တရားရုံးက စွဲချက်များအား ငြင်းဆိုသူ ၁၄ ဦးနှင့် အပြစ်ရှိကြောင်း ဝန်ခံသူ ၃၁ ဦးတို့ကို စီရင်ချက်ချခဲ့သည်။ လူနှစ်ဦးသာ တရားသေလွတ်မြောက်ခဲ့သည်။

“ဟောင်ကောင် ၄၇” ရုံးတင်စစ်ဆေးခြင်းဟု ကျယ်ကျယ်ပြန့်ပြန့် သိကြသော ဤတရားစွဲဆိုမှုသည် လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာ အစိုးရများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ လူ့အခွင့်အရေးအဖွဲ့များသည် တစ်ချိန်က ဟောင်ကောင်သည် နိုင်ငံရေးဆန္ဒပြမှုများနှင့် အတိုက်အခံများကို လက်ခံခဲ့သည့် စီးပွားရေးအချက်အချာမြို့ဖြစ်သည့် မြို့တော်တွင် အာဏာရှင်ဆန်လာသည့် သိသိသာသာ အပြောင်းအလဲများကို စိုးရိမ်နေကြသည်။

Source: CNN ဂျပန်

ဓာတ်ပုံ။

ဘယ်ဘက်- Benny Tai

ညာဘက်- Joshua Wong

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 85 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 84 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 99 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက