နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ပွဲအကူးအပြောင်းတွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်က်မန် (Linda McMahon) ကို ပညာရေးဝန်ကြီးအဖြစ် ထရန့်ရွေးချယ်

နိုဝင်ဘာလ (၂၀) ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ပညာရေးဌာန၏ နောက်လာမည့်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်း၏ရွေးကောက်ပွဲအကူးအပြောင်းတွင် တွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်က်မန် (Linda McMahon) ကို ရွေးချယ်လိုက်ပါသည်။

အင်္ဂါနေ့ညက CNN ၏အစောပိုင်းအစီရင်ခံချက်ကို ထရန့်ကြေညာခဲ့သော ဆုံးဖြတ်ချက်သည် လင်ဒါမက်က်မန်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တာဝန်လွှဲပြောင်းခံရမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် Cantor Fitzgerald စီအီးအိုသည် ဘဏ္ဍာရေးအတွင်းဝန် စကော့ဘက်ဆင့်ကို (Scott Bessent) နှင့် ရန်ဖြစ်ပြီးနောက် ၎င်း၏အခြားအကူးအပြောင်းတွဲဖက်ဥက္ကဌ ဟားဝါ့ဒ်လာ့ဒ်နစ် (Howard Lutnick) ကို အင်္ဂါနေ့အစောပိုင်းတွင် ကူးသန်းရောင်းဝယ်ရေးဌာနကို ဦးဆောင်ရန် ရွေးချယ်ခဲ့သည်။

“လင်ဒါဟာ သူမရဲ့ ဆယ်စုနှစ်များစွာရှိသော ခေါင်းဆောင်မှု အတွေ့အကြုံနဲ့ သူမရဲ့ ပညာရေးနှင့် စီးပွားရေးဆိုင်ရာ နက်နဲစွာ နားလည်သိရှိမှုကို အသုံးပြုကာ အမေရိကန်ကျောင်းသားတွေနဲ့ အလုပ်သမားတွေရဲ့ မျိုးဆက်သစ်တွေကို အားကောင်းလာစေဖို့နဲ့ ကမ္ဘာ့ပညာရေးမှာ အမေရိကားက နံပါတ်တစ် ဖြစ်လာစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့က ပညာရေးကို ပြည်နယ်တွေဆီကို ပြန်ပို့ပေးမှာ ဖြစ်ပြီး လင်ဒါက အဲဒီအားထုတ်မှုကို ဦးဆောင်သွားမှာပါ” ဟု ထရန့်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လင်ဒါမက်က်မန်သည် ရီပတ်ဘလစ်ကန် အလှူရှင်နှင့် ယခင်ပရိုဖက်ရှင်နယ် နပန်းသမား အမှုဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ထရမ့်၏ပထမသက်တမ်းအတွင်း အသေးစား စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရသည့် စီမံခန့်ခွဲသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ၂၀၁၇ ခုနှစ်တွင် ခန့်အပ်ခံရပြီး ၂၀၁၉ ခုနှစ်တွင် ထရန့်၏ America First Action ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန်နှင့် ထရန့်လိုလားသည့် super PAC တွင် ပါဝင်ရန် နှုတ်ထွက်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် လင်ဒါမက်က်မန်း၊ လယ်ရီ ကုဒ်လိုး (Larry Kudlow) နှင့် ပထမအကြိမ် ထရန့်အစိုးရလက်ထက်တွင်မှ အခြားအကြံပေးပုဂ္ဂိုလ်များသည် ထရန့်ကိုလိုလားသော တွေးခေါ်ပညာရှင်အဖွဲ့ကို တည်ထောင်ခဲ့ကြပြီး မက်မဟွန်းသည် America First Policy Institute (AFPI ) ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဖြစ်သည်။

AFPI သည် စတင်တည်ထောင်ချိန်မှစ၍ ဒေါ်လာသန်းပေါင်းများစွာ စုဆောင်းခဲ့ပြီး ထရန့်၏ ဒုတိယ သက်တမ်းအတွက် အနိုင်ရရှိရန် အလားအလာရှိသော မူဝါဒအဆိုပြုချက်များကို ချမှတ် စီစဉ်သည့် “ အိမ်ဖြူတော်အတွက် စောင့်ဆိုင်းခြင်း” လုပ်ငန်းဆောင်တာများကို ချမှတ်လုပ်ဆောင်ခဲ့သည်။

ထရမ့်၏ ပညာရေးဝန်ကြီးသည် ထရန့်၏ မဲဆွယ်စည်းရုံးရေးခရီးစဥ်တလျှောက် ထရန့်က ဗဟို ပညာရေးဌာနကို ဖျက်သိမ်းရန် ထပ်ခါတလဲလဲ ဟောပြောခဲ့ခြင်းနောက် ထိုဌာနဖျက်သိမ်းမှုတွင် ကြီးကြပ်ရန် တာဝန်ပေးခံရနိုင်ဖွယ်ရှိသည်။

နိုင်ငံတစ်ဝန်းရှိ အများသူငါ K-12 ကျောင်းတိုင်းနီးပါးထံ ဖက်ဒရယ်ရန်ပုံငွေကို ပေးဆောင်ပြီး အမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံ ဖက်ဒရယ်ကျောင်းသားချေးငွေ အစုစုကို စီမံခန့်ခွဲသည့် ဌာနတစ်ခုလုံးကို ဖယ်ရှားရန် ခက်ခဲမည်ဖြစ်သည်။ ထိုသို့ ပိတ်သိမ်းခြင်းကို လွှတ်တော်မှသာ လုပ်ဆောင်ရန် လိုအပ်ပါသည်။

အချို့သော အစီအစဥ်များကို အခြားသော ဖက်ဒရယ်အေဂျင်စီများသို့ ရွှေ့ပေးလိုက်ခြင်းသည် ပို၍ ဖြစ်နိုင်ပါသည်။ ရီပတ်ဘလစ်ကန်များစွာအတွက် အဓိကရည်မှန်းချက်မှာ ဖက်ဒရယ်အစိုးရ၏ပါဝင်မှု အခန်းကဏ္ဍကို‌ ဒေသန္တရပညာရေးတွင် လျော့ချရန် ဖြစ်သည်။ ထိုဆောင်ရွက်ချက် အောင်မြင်နိုင်ရန်မှာ ရန်ပုံငွေပရိုဂရမ်များကို ထိန်းသိမ်းထားပြီး ပြည်နယ်နှင့် ကျောင်းများသို့ နှောင်ကြိုးအနည်းငယ်သာပါသော ငွေကြေးလွှဲပြောင်း ပေးခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်သည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးအသစ်အောက်တွင် ဌာနသည် LGBTQ+ ကျောင်းသားများအတွက် အကာအကွယ်များချဲ့ထွင်ရန် ကြိုးပမ်းသည့် Title IX အတွက် ဘိုင်ဒင်၏ စီမံခန့်ခွဲမှုအား ပြန်ဖျက်၍ ပြောင်းလဲမှုများကိုလုပ်ပြီး တရားဝင် စည်းမျဉ်းစည်းကမ်းလုပ်ငန်းစဉ်ကို ချမှတ်အသုံးပြုနိုင်သည်။ စည်းမျဉ်းအသစ်တစ်ခုက ခေါင်စဥ် IX သည် မိန်းကလေးများ၏ အားကစားအဖွဲ့များတွင် လိင်ပြောင်းလဲထားသူများမကစားနိုင်စေရန် တားမြစ်ထားခြင်းဖြစ်ပြီး ထိုအချက်ကို ထရန့်မှ ကိုင်စွဲ၍ မဲဆွယ်ခဲ့သည်။

လင်ဒါမက်က်မန်သည် သူမ၏ ခင်ပွန်း ဗင့်စ်မက်က်မန် (Vince McMahon) နှင့် ပူးတွဲတည်ထောင်ခဲ့သော ကမ္ဘာ့နပန်းပွဲ WWE ၏ စီအီးအိုဟောင်း တယောက်လည်း ဖြစ်သည်။ WWE ၏အကြီးအကဲအဖြစ် လင်ဒါမက်က်မန်သည် ၎င်း၏သေးငယ်သော နပန်းဖျော်ဖြေရေး ကုမ္ပဏီတစ်ခုမှ အများသူငှာ ရောင်းဝယ်ဖောက်ကားသည့် မီဒီယာအင်ပါယာကြီးတခုသို့ အသွင်ပြောင်းခြင်းကို ကြီးကြပ်ခဲ့သည်။ သူမသည် ၂၀၀၉ ခုနှစ်တွင် CEO ရာထူးမှ ဆင်းခဲ့သည်။

လင်ဒါမက်က်မန်သည် ကွန်နက်တီးကပ်ရှိ အမေရိကန် အထက်လွှတ်တော်အတွက် ၂၀၁၀ နှင့် ၂၀၁၂ အတွက် အရွေးခံမှုတွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သည်။ သူမသည် အဆိုပါ မဲဆွယ်စည်းရုံးရေးပွဲများကို ကိုယ်ပိုင်ရံပုံငွေ ပေးခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၅၀.၁သန်း နှင့် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၄၈.၇ သန်း သုံးစွဲခဲ့သည်ဟု အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Open Secrets ၏ အဆိုအရ သိရသည်။ ထရန့်သည် ၂၀၁၂ ခုနှစ်တွင် သူမ၏ မဲဆွယ်စည်းရုံးရေးသို့ ဒေါ်လာ ၅,၀၀၀ လှူဒါန်းခဲ့သည်။

မက်မဟွန်း ကိုယ်တိုင်သည် ရီပတ်ဘလီကန်ပါတီ၏ အဓိကအလှူရှင်တယောက်ဖြစ်ပြီး ထရန့်သမ္မတဖြစ်ရေးအတွက် ပထမဆုံးမဲဆွယ်စည်းရုံးစဉ်အတွင်း လင်ဒါမက်က်မန်သည် ထရန့် လိုလားသော စူပါ PAC နှစ်ခုအတွက် ဒေါ်လာ ၇ သန်းကျော် လှူဒါန်းခဲ့သည်ဟု Open Secrets မှ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲသည် တိုင်းပြည်အကျယ်အဝန်းပမာဏကြီးမားသောရုရှားအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်လာနေပါသလား။

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
ယူကရိန်း၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် ယခင်ကထက် ပိုမိုရဲရင့်လာကာ ကမ္ဘာ့အကြီးဆုံးနိုင်ငံသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။ ကိယက်ဗ်၊ ယူကရိန်း။ ။ မော်စကိုမြို့မှ ပစိဖိတ်ဆိပ်ကမ်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကို အစ္စရေးက အကူအညီတောင်းနေသည့် “ဘန်ကာဖောက်ထွင်းဗုံး” ရဲ့ စွမ်းအားက ဘာလဲ။

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 15 Views
ဇွန်လ (၁၉) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ပိုင်ပစ္စည်းများကို အသုံးပြုခြင်းအပေါ် အပြုသဘောဆောင်သည့်သဘောထားကို ပြသနေချိန်တွင် အစိုးရတာဝန်ရှိသူများနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ထရန့်သည် အီရန်တွင် အမေရိကန်၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချရန် နီးကပ်လာချိန်တွင် ပိုမိုကျယ်ပြန့်သော ပဋိပက္ခဖြစ်မှုကို ရှောင်ရှားရန် အာရုံစိုက်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
ဇွန်လ (၁၉) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများတွင် ပါဝင်ခြင်း ပြုသင့်မသင့်ကို ချိန်ဆနေပြီး နက်ရှိုင်းစွာ တည်ဆောက်ထားသည့် မြေအောက်နျူကလီးယား သန့်စင် အဆောက်အအုံများကို ပစ်ရန် ဘန်ကာဗုံးများ အသုံးပြုခြင်းအပါအဝင် စစ်ပွဲတွင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်၏ Arak နျူကလီးယားစက်ရုံကို အစ္စရေး တိုက်ခိုက်ခဲ့ရာ ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း သိရသည်။

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉) ရက်။ တီဟီရန်မြို့ အနောက်တောင်ဘက် ၁၅၅ မိုင် (ကီလိုမီတာ ၂၅၀) အကွာတွင်ရှိသော အီရန်နိုင်ငံ၏ အာရက် (ခ) (Arak) အကြီးစား HWR ဓာတ်ပေါင်းဖိုအား အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာနှင့်
အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်က အီရန်ကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ကို ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း လတ်တလောတွင် အမိန့်မထုတ်ပြန်သေးဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 15 Views
ဇွန်လ ၁၉ ရက်။ အမေရိကန် သမ္မတထရမ့်က အီရန်ကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ကို ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း အီရန်က နျူကလီးယားစီမံကိန်းများကို စွန့်လွှတ်မည်/မစွန့်လွှတ်မည်ကို စောင့်ကြည့်ရန် လတ်တလောတွင် အမိန့်မထုတ်ပြန်သေးကြောင်း ဇွန် ၁၇ ရက် ညပိုင်းက ၎င်း၏
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲ နောက်ဆုံးအခြေအနေ- ရုရှား၏ အင်အားများစွာဖြင့်နှင့် တိုက်ခိုက်မှုအတွင်း ယူကရိန်း ၁၆ ဦး သေဆုံးပြီး ၁၃၄ ဦး ဒဏ်ရာရရှိခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ ၁၇ ရက်နေ့၏ အဓိကဖြစ်စဉ်မှုများ- ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှု ကြီးမားသောရုရှားဒုံးကျည်နှင့်ဒရုန်းတိုက်ခိုက်မှုသည် ကိ့ဗ် ကို ထိမှန်ခဲ့ရာ လူ ၁၄ဦး သေဆုံးခဲ့ပြီး ၁၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ဇလန်းစကီး သည် ထရန့်ကနေဒါ G7အစည်းအဝေးမှ ထွက်ခွာသွားပြီးနောက်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာမှာ အစားအစာလာယူသူတွေကို အစ္စရေးစစ်တပ်က ဒုံးကျည်နဲ့ပစ်ရာ အနည်းဆုံး လူ ၅၁ ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
++++++++++++++++ ဂါဇာကမ်းမြောင်ဒေသတွင် အကူအညီများ အလွန့်အလွန် လိုအပ်နေသောကြောင့် သူတို့အနေနှင့် အကူအညီထောက်ပံ့မှုများ ရှာဖွေနေခြင်းကို အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်
အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်က အီရန်အား ခြွင်းချက်မရှိ လက်နက်ချရန် တောင်းဆို

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် “ ခြွင်းချက်မရှိ လက်နက်ချရန်” အီရန်ဇွန်လ ၁၇ ရက်နေ့တွင် တောင်းဆိုခဲ့ပြီး အမေရိကန်၏ စိတ်ရှည်မှုသည်ကန့်သတ်ချက်သို့ ရောက်ရှိနေသည်ဟု သတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက အီရန်၏ အဓိပတိခေါင်းဆောင်