နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ပွဲအကူးအပြောင်းတွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်က်မန် (Linda McMahon) ကို ပညာရေးဝန်ကြီးအဖြစ် ထရန့်ရွေးချယ်

နိုဝင်ဘာလ (၂၀) ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ပညာရေးဌာန၏ နောက်လာမည့်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်း၏ရွေးကောက်ပွဲအကူးအပြောင်းတွင် တွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်က်မန် (Linda McMahon) ကို ရွေးချယ်လိုက်ပါသည်။

အင်္ဂါနေ့ညက CNN ၏အစောပိုင်းအစီရင်ခံချက်ကို ထရန့်ကြေညာခဲ့သော ဆုံးဖြတ်ချက်သည် လင်ဒါမက်က်မန်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တာဝန်လွှဲပြောင်းခံရမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် Cantor Fitzgerald စီအီးအိုသည် ဘဏ္ဍာရေးအတွင်းဝန် စကော့ဘက်ဆင့်ကို (Scott Bessent) နှင့် ရန်ဖြစ်ပြီးနောက် ၎င်း၏အခြားအကူးအပြောင်းတွဲဖက်ဥက္ကဌ ဟားဝါ့ဒ်လာ့ဒ်နစ် (Howard Lutnick) ကို အင်္ဂါနေ့အစောပိုင်းတွင် ကူးသန်းရောင်းဝယ်ရေးဌာနကို ဦးဆောင်ရန် ရွေးချယ်ခဲ့သည်။

“လင်ဒါဟာ သူမရဲ့ ဆယ်စုနှစ်များစွာရှိသော ခေါင်းဆောင်မှု အတွေ့အကြုံနဲ့ သူမရဲ့ ပညာရေးနှင့် စီးပွားရေးဆိုင်ရာ နက်နဲစွာ နားလည်သိရှိမှုကို အသုံးပြုကာ အမေရိကန်ကျောင်းသားတွေနဲ့ အလုပ်သမားတွေရဲ့ မျိုးဆက်သစ်တွေကို အားကောင်းလာစေဖို့နဲ့ ကမ္ဘာ့ပညာရေးမှာ အမေရိကားက နံပါတ်တစ် ဖြစ်လာစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့က ပညာရေးကို ပြည်နယ်တွေဆီကို ပြန်ပို့ပေးမှာ ဖြစ်ပြီး လင်ဒါက အဲဒီအားထုတ်မှုကို ဦးဆောင်သွားမှာပါ” ဟု ထရန့်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လင်ဒါမက်က်မန်သည် ရီပတ်ဘလစ်ကန် အလှူရှင်နှင့် ယခင်ပရိုဖက်ရှင်နယ် နပန်းသမား အမှုဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ထရမ့်၏ပထမသက်တမ်းအတွင်း အသေးစား စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရသည့် စီမံခန့်ခွဲသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ၂၀၁၇ ခုနှစ်တွင် ခန့်အပ်ခံရပြီး ၂၀၁၉ ခုနှစ်တွင် ထရန့်၏ America First Action ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန်နှင့် ထရန့်လိုလားသည့် super PAC တွင် ပါဝင်ရန် နှုတ်ထွက်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် လင်ဒါမက်က်မန်း၊ လယ်ရီ ကုဒ်လိုး (Larry Kudlow) နှင့် ပထမအကြိမ် ထရန့်အစိုးရလက်ထက်တွင်မှ အခြားအကြံပေးပုဂ္ဂိုလ်များသည် ထရန့်ကိုလိုလားသော တွေးခေါ်ပညာရှင်အဖွဲ့ကို တည်ထောင်ခဲ့ကြပြီး မက်မဟွန်းသည် America First Policy Institute (AFPI ) ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဖြစ်သည်။

AFPI သည် စတင်တည်ထောင်ချိန်မှစ၍ ဒေါ်လာသန်းပေါင်းများစွာ စုဆောင်းခဲ့ပြီး ထရန့်၏ ဒုတိယ သက်တမ်းအတွက် အနိုင်ရရှိရန် အလားအလာရှိသော မူဝါဒအဆိုပြုချက်များကို ချမှတ် စီစဉ်သည့် “အိမ်ဖြူတော်အတွက် စောင့်ဆိုင်းခြင်း” လုပ်ငန်းဆောင်တာများကို ချမှတ်လုပ်ဆောင်ခဲ့သည်။

ထရမ့်၏ ပညာရေးဝန်ကြီးသည် ထရန့်၏ မဲဆွယ်စည်းရုံးရေးခရီးစဥ်တလျှောက် ထရန့်က ဗဟို ပညာရေးဌာနကို ဖျက်သိမ်းရန် ထပ်ခါတလဲလဲ ဟောပြောခဲ့ခြင်းနောက် ထိုဌာနဖျက်သိမ်းမှုတွင် ကြီးကြပ်ရန် တာဝန်ပေးခံရနိုင်ဖွယ်ရှိသည်။

နိုင်ငံတစ်ဝန်းရှိ အများသူငါ K-12 ကျောင်းတိုင်းနီးပါးထံ ဖက်ဒရယ်ရန်ပုံငွေကို ပေးဆောင်ပြီး အမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံ ဖက်ဒရယ်ကျောင်းသားချေးငွေ အစုစုကို စီမံခန့်ခွဲသည့် ဌာနတစ်ခုလုံးကို ဖယ်ရှားရန် ခက်ခဲမည်ဖြစ်သည်။ ထိုသို့ ပိတ်သိမ်းခြင်းကို လွှတ်တော်မှသာ လုပ်ဆောင်ရန် လိုအပ်ပါသည်။

အချို့သော အစီအစဥ်များကို အခြားသော ဖက်ဒရယ်အေဂျင်စီများသို့ ရွှေ့ပေးလိုက်ခြင်းသည် ပို၍ ဖြစ်နိုင်ပါသည်။ ရီပတ်ဘလစ်ကန်များစွာအတွက် အဓိကရည်မှန်းချက်မှာ ဖက်ဒရယ်အစိုးရ၏ပါဝင်မှု အခန်းကဏ္ဍကို‌ ဒေသန္တရပညာရေးတွင် လျော့ချရန် ဖြစ်သည်။ ထိုဆောင်ရွက်ချက် အောင်မြင်နိုင်ရန်မှာ ရန်ပုံငွေပရိုဂရမ်များကို ထိန်းသိမ်းထားပြီး ပြည်နယ်နှင့် ကျောင်းများသို့ နှောင်ကြိုးအနည်းငယ်သာပါသော ငွေကြေးလွှဲပြောင်း ပေးခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်သည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးအသစ်အောက်တွင် ဌာနသည် LGBTQ+ ကျောင်းသားများအတွက် အကာအကွယ်များချဲ့ထွင်ရန် ကြိုးပမ်းသည့် Title IX အတွက် ဘိုင်ဒင်၏ စီမံခန့်ခွဲမှုအား ပြန်ဖျက်၍ ပြောင်းလဲမှုများကိုလုပ်ပြီး တရားဝင် စည်းမျဉ်းစည်းကမ်းလုပ်ငန်းစဉ်ကို ချမှတ်အသုံးပြုနိုင်သည်။ စည်းမျဉ်းအသစ်တစ်ခုက ခေါင်စဥ် IX သည် မိန်းကလေးများ၏ အားကစားအဖွဲ့များတွင် လိင်ပြောင်းလဲထားသူများမကစားနိုင်စေရန် တားမြစ်ထားခြင်းဖြစ်ပြီး ထိုအချက်ကို ထရန့်မှ ကိုင်စွဲ၍ မဲဆွယ်ခဲ့သည်။

လင်ဒါမက်က်မန်သည် သူမ၏ ခင်ပွန်း ဗင့်စ်မက်က်မန် (Vince McMahon) နှင့် ပူးတွဲတည်ထောင်ခဲ့သော ကမ္ဘာ့နပန်းပွဲ WWE ၏ စီအီးအိုဟောင်း တယောက်လည်း ဖြစ်သည်။ WWE ၏အကြီးအကဲအဖြစ် လင်ဒါမက်က်မန်သည် ၎င်း၏သေးငယ်သော နပန်းဖျော်ဖြေရေး ကုမ္ပဏီတစ်ခုမှ အများသူငှာ ရောင်းဝယ်ဖောက်ကားသည့် မီဒီယာအင်ပါယာကြီးတခုသို့ အသွင်ပြောင်းခြင်းကို ကြီးကြပ်ခဲ့သည်။ သူမသည် ၂၀၀၉ ခုနှစ်တွင် CEO ရာထူးမှ ဆင်းခဲ့သည်။

လင်ဒါမက်က်မန်သည် ကွန်နက်တီးကပ်ရှိ အမေရိကန် အထက်လွှတ်တော်အတွက် ၂၀၁၀ နှင့် ၂၀၁၂ အတွက် အရွေးခံမှုတွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သည်။ သူမသည် အဆိုပါ မဲဆွယ်စည်းရုံးရေးပွဲများကို ကိုယ်ပိုင်ရံပုံငွေ ပေးခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၅၀.၁သန်း နှင့် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၄၈.၇ သန်း သုံးစွဲခဲ့သည်ဟု အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Open Secrets ၏ အဆိုအရ သိရသည်။ ထရန့်သည် ၂၀၁၂ ခုနှစ်တွင် သူမ၏ မဲဆွယ်စည်းရုံးရေးသို့ ဒေါ်လာ ၅,၀၀၀ လှူဒါန်းခဲ့သည်။

မက်မဟွန်း ကိုယ်တိုင်သည် ရီပတ်ဘလီကန်ပါတီ၏ အဓိကအလှူရှင်တယောက်ဖြစ်ပြီး ထရန့်သမ္မတဖြစ်ရေးအတွက် ပထမဆုံးမဲဆွယ်စည်းရုံးစဉ်အတွင်း လင်ဒါမက်က်မန်သည် ထရန့် လိုလားသော စူပါ PAC နှစ်ခုအတွက် ဒေါ်လာ ၇ သန်းကျော် လှူဒါန်းခဲ့သည်ဟု Open Secrets မှ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက