နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို ရုရှားဖက်ကို ပထမဆုံးအကြိမ် ယူကရိန်း ပစ်လွှတ်

နိုဝင်ဘာလ (၂၀) ရက်။

ယူကရိန်းသည် နယ်စပ်ဖြတ်၍ ပထမဆုံးအကြိမ် အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ရုရှားလက်နက်တိုက်တစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်အရ စစ်ပွဲ ရက်ပေါင်း ၁,၀၀၀ အကြာတွင် ကြီးမားသော တိုးတက်လာမှုတစ်ခုဖြစ်သည်။

ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် တာဝေးပစ် အမေရိကန် လက်နက်များ အသုံးပြုရန် ဘိုင်ဒင် အစိုးရက ကိယက်ဗ်ကို မီးစိမ်းပြပြီး နှစ်ရက်အကြာတွင် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့ ဒေသစံတော်ချိန် နံနက် ၃း၂၅ နာရီ (အရှေ့ပိုင်းချိန် ည ၇း၂၅ နာရီ) တွင် ယူကရိန်းနိုင်ငံ Bryansk ရှိ နေရာတစ်ခုမှ ပဲ့ထိန်းဒုံးကျည် ခြောက်စင်းကို ပစ်လွှတ်ခဲ့ကြောင်းနှင့် တိုက်ခိုက်မှုတွင် ATACMS ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို ယူကရိန်းအတွင်း တာဝေးပစ် အမေရိကန်လက်နက်များကို ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအသုံးပြု တိုက်ခိုက်ခြင်းဖြစ်ပြီး၊ ကိ့ဗ်သည် ၎င်းကို ပေးအပ်လိုက်သော လုပ်ပိုင်ခွင့်များကို အသုံးပြုရာတွင် အချိန်အနည်းငယ်ကိုသာ ဖြုန်းတီးခဲ့ကြောင်း ပြသနေသည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် တိုက်ခိုက်မှုအား အတည်ပြုရန် သို့မဟုတ် ငြင်းဆိုရန် အတည်ပြုချက်မပေးသော်လည်း “ယူကရိန်းတွင် တာဝေးပစ်စွမ်းရည်တွေ ရှိပြီး ယူကရိန်းမှာ တာဝေးပစ်မောင်းသူမဲ့ လေယာဉ်တွေကို ကိုယ်ပိုင်ထုတ်လုပ်လျက်ရှိပါတယ်။ အခု ကျွန်တော်တို့မှာ ‘နက်ပကျွန်း’ (ယူကရိန်း ခရုဇ်ဒုံးပျံ) တွေလည်း ရှိပြီး အဲဒါတစ်ခုတည်းမဟုတ်ဘူး။ အခုဆိုရင် ကျွန်တော်တို့မှာ တာဝေးပစ် ATACMS တွေလည်း ရှိပြီဖြစ်ပါတယ်။ အဲဒါတွေအားလုံးကို ကျွန်တော်တို့ အသုံးပြုသွားမှာပါ” ဟု ဆိုသည်။

ဒုံးကျည်ငါးစင်းကို ပစ်ချခဲ့ပြီး အခြားတစ်ခု ပျက်စီးသွားခဲ့ကြောင်း ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။ ပျက်စီးသွားသော ဒုံးကျည်မှ အပိုင်းအစများသည် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခု၏ နယ်မြေပေါ်သို့ ကျရောက်ခဲ့ပြီး မီးလောင်သွားခဲ့သော်လည်း ငြိမ်းသတ်နိုင်ခဲ့ပြီး အသေအပျောက် သို့မဟုတ် ပျက်စီးမှု မရှိခဲ့ပါဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား၏ နျူကလီးယား အယူဝါဒကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညှိလိုက်ပြီး “ နျူကလီးယား မပိုင်ဆိုင်သော မည်သည့်နိုင်ငံမှမဆို နျူကလီးယားပိုင်ဆိုင်သော နိုင်ငံတခုနှင့် ရုရှားနိုင်ငံကို ပူးတွဲတိုက်ခိုက်မှုအား ကျူးကျော်မှုအဖြစ် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်” ဟု ဆိုသည်။

ပြန်လည်ပြင်ဆင်ထားသော စစ်ရေးအယူဝါဒသည် သီအိုရီအရ နျူလက်နက်အသုံးပြုမှုတွင် တင်းကြပ်ထားသည့်သတ်မှတ်ချက်ကို လျှော့ချမည်ဟု ကရင်မလင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံအတွင်း တာဝေးပစ် အမေရိကန်ဒုံးကျည်များ အသုံးပြုရန် ယူကရိန်းအား တနင်္ဂနွေနေ့တွင် ခွင့်ပြုလိုက်ပြီး ယခင်က ပဋိပက္ခများ ပြင်းထန်စွာ မကြီးထွားလာရန်ပိတ်ပင်ထားမှုကို ဖြေလျော့၍ ယူကရိန်းနိုင်ငံကို မိမိကိုယ်ကို ကာကွယ်နိုင်ရန် လပေါင်းများစွာကြာ တားမြစ်ချက်ကို ပယ်ဖျက်ပေးခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်သည့်အခိုက်အတန့်တွင် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ ယူကရိန်း၏ မဟာဓာတ်အားလိုင်းကို ရပ်ဆိုင်းပြီး မစွမ်းဆောင်ရန် တိုက်ခိုက်လိုက်ပြီး တတိယမြောက် ဆောင်းရာသီတွင် ဆက်တိုက်အေးခဲနေသော အပူချိန်ကို လက်နက်အဖြစ် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ရုရှားသည် ယူကရိန်း၏မြို့များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဒလစပ်တိုက်ခိုက်မှုများဖြင့် ချေမှုန်းနေချိန်တွင် ရုရှားသည် ယူကရိန်း၏ အရှေ့ဘက်ရှိ ရှေ့တန်းစစ်မျက်နှာတွင် တိုး၍တိုက်လျက်ရှိသည်။

တချိန်တည်းမှာပင် နွေရာသီတွင် ယူကရိန်းတပ်များက ရဲရဲတောက် တန်ပြန်ထိုးစစ်ကို စတင်ခဲ့သည့် ရုရှားနိုင်ငံ Kursk ဒေသတွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ရုရှားက တပ်ဖြန့်ချထားသည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ မက်သရူးမီလာ (Matthew Miller) က စစ်ပွဲတွင် မြောက်ကိုးရီးယားတပ်များ ပါဝင်လာမှုသည် ရုရှား၏စစ်ရေး ပိုမိုကျယ်ပြန့်မှုကို ဖြစ်လာစေပြီး အာရှမှ စစ်တပ်ကို ဥရောပအတွင်း ပဋိပက္ခကို ပါဝင်လာစေသည်ဟု ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံအတွင်း ကြည်းတပ်ဗျူဟာမြောက်ဒုံးကျည်စနစ်များ သို့မဟုတ် ATACMS ကို အသုံးပြုခွင့်ပြုရန် ဆုံးဖြတ်ချက်ကို အမေရိကန်တာဝန်ရှိသူများက လအတန်ကြာ စဉ်းစားနေခဲ့ပြီး စွမ်းရည်အသစ်ကို ခွင့်ပြုခြင်းအပေါ် စဥ်းစားချင့်ချိန်ကြရာတွင် ကွဲပြားမှု ရှိခဲ့သည်။ အချို့က စစ်ပွဲများ ကျယ်ပြန့် ပြင်းထန်လာမည်ကို စိုးရိမ်ကြပြီး အချို့က သိုလှောင်ထားသည့်လက်နက်များ လျော့နည်းလာမည်ကို စိုးရိမ်ကြသည်။

ကိ့ဗ်သည် Bryansk ထက် ပိုမိုနက်ရှိုင်းသောနေရာရှိ ရုရှားရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အတွက် ယူကရိန်းလုပ် ဒရုန်းများကို အကြိမ်ကြိမ် အသုံးပြုခဲ့သော်လည်း၊ မော်စကိုသည် ဝေးလံသောနေရာအထိ ပစ်ခတ်နိုင်သော အနောက်တိုင်း လက်နက်များသည် ကြီးမားသော အရှိန်အဟုန်ဖြင့် ပြောင်းလဲစေနိုင်သောကြောင့် ယူကရိန်းကို အသုံးမပြုရန် မော်စကိုက ကာလရှည်ကြာ ထိန်းသိမ်းထားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာ‌ဂေး လက်ဗ်ရော့ဗ် (Sergey Lavrov) က မော်စကိုသည် အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်များ ပစ်လွှတ်ခြင်းကို အနောက်နိုင်ငံများ၏ “စစ်ပွဲမျက်နှာစာ အသစ်ဖွင့်ခြင်း” အဖြစ် ရှုမြင်မည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။

ရုရှား၏နျူကလီးယားအယူဝါဒကို မွမ်းမံပြင်ဆင်နေသည့် ပူတင်၏သတင်းကြောင့် အမေရိကန်အရာရှိများက အံ့အားသင့်ခြင်း မရှိခဲ့ကြကြောင်း ပြောကြားခဲ့သည်။ “ ရုရှားသည် ၎င်း၏အယူဝါဒကိုမွမ်းမံရန်၎င်း၏ရည်ရွယ်ချက်ကို ရက်သတ္တပတ်များစွာကြာအောင်အချက်ပြခဲ့သည်” ဟုအမေရိကန်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

“ ယူကရိန်းမှာ ရုရှားက နျူလက်နက်သုံးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အရိပ်အယောင်တွေ အမေရိကန်က မတွေ့ ရှိဘူး” ဟု ပင်တဂွန် လက်ထောက်သတင်းထောက် ဆာဘရီနာဆင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး “အရင်က တွေ့ခဲ့ရတဲ့ တာဝန်မဲ့ စကားလုံးတွေနဲ့ အတူတူပါပဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုံးကလိုပေါ့။” ဟု ဆိုခဲ့သည်။

နှစ်နှစ်ခွဲကျော်ကြာ စစ်ပွဲအတွင်း ရုရှားသည် ယူကရိန်းနှင့် ၎င်း၏မဟာမိတ်များက စစ်ရေးတိုးမြင့်လာသည်ဟု ယူဆသည့်အတွက် တုံ့ပြန်သည့်အနေဖြင့် မကြာခဏ နူကလီးယားလက်နက်ကို အသုံးပြုမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်က ယူကရိန်းသို့ ဥရောပတပ်ဖွဲ့များ စေလွှတ်ခြင်းအား တားမြစ်ထားခြင်း မရှိကြောင်း ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် ပူတင်သည် အနောက်နိုင်ငံများ၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များဆိုင်ရာ လေ့ကျင့်မှုပြုလုပ်ရန် အမိန့်ပေးခဲ့သည်။

လပေါင်းများစွာ ယူကရိန်းသမ္မတ ဇလန်းစကီးက “ ကျွန်တော်တို့ရဲ့စစ်တပ်အတွက် တာဝေးပစ်ဒုံး စွမ်းရည်” သည် စစ်ပွဲအနိုင်ရရန်အတွက် သူ၏စစ်အောင်နိုင်ရေးအစီအမံ (“ Victory Plan” ) ၏အဓိက အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု ပြောဆိုခဲ့သည်။

တနင်္ဂနွေညနေခင်းတွင် ဘိုင်ဒင်မီးစိမ်းပြသည့် သတင်းများကို တုံ့ပြန်သည့်အနေဖြင့် ဇလန်းစကီးက“ ဒုံးပျံနဲ့ ပစ်လိုက်ခြင်း စကားလုံးတွေကို သယ်ဆောင်သွားတာမျိုး မဟုတ်ပါဘူး။ ဒီအရာတွေက ကြေညာမနေဘူး။ ဒုံးကျည်တွေက ဘာဆိုတာကို ပြသပါလိမ့်မယ်”ဟု ဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က