နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို ရုရှားဖက်ကို ပထမဆုံးအကြိမ် ယူကရိန်း ပစ်လွှတ်

နိုဝင်ဘာလ (၂၀) ရက်။

ယူကရိန်းသည် နယ်စပ်ဖြတ်၍ ပထမဆုံးအကြိမ် အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ရုရှားလက်နက်တိုက်တစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်အရ စစ်ပွဲ ရက်ပေါင်း ၁,၀၀၀ အကြာတွင် ကြီးမားသော တိုးတက်လာမှုတစ်ခုဖြစ်သည်။

ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် တာဝေးပစ် အမေရိကန် လက်နက်များ အသုံးပြုရန် ဘိုင်ဒင် အစိုးရက ကိယက်ဗ်ကို မီးစိမ်းပြပြီး နှစ်ရက်အကြာတွင် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့ ဒေသစံတော်ချိန် နံနက် ၃း၂၅ နာရီ (အရှေ့ပိုင်းချိန် ည ၇း၂၅ နာရီ) တွင် ယူကရိန်းနိုင်ငံ Bryansk ရှိ နေရာတစ်ခုမှ ပဲ့ထိန်းဒုံးကျည် ခြောက်စင်းကို ပစ်လွှတ်ခဲ့ကြောင်းနှင့် တိုက်ခိုက်မှုတွင် ATACMS ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို ယူကရိန်းအတွင်း တာဝေးပစ် အမေရိကန်လက်နက်များကို ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအသုံးပြု တိုက်ခိုက်ခြင်းဖြစ်ပြီး၊ ကိ့ဗ်သည် ၎င်းကို ပေးအပ်လိုက်သော လုပ်ပိုင်ခွင့်များကို အသုံးပြုရာတွင် အချိန်အနည်းငယ်ကိုသာ ဖြုန်းတီးခဲ့ကြောင်း ပြသနေသည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် တိုက်ခိုက်မှုအား အတည်ပြုရန် သို့မဟုတ် ငြင်းဆိုရန် အတည်ပြုချက်မပေးသော်လည်း “ယူကရိန်းတွင် တာဝေးပစ်စွမ်းရည်တွေ ရှိပြီး ယူကရိန်းမှာ တာဝေးပစ်မောင်းသူမဲ့ လေယာဉ်တွေကို ကိုယ်ပိုင်ထုတ်လုပ်လျက်ရှိပါတယ်။ အခု ကျွန်တော်တို့မှာ ‘နက်ပကျွန်း’ (ယူကရိန်း ခရုဇ်ဒုံးပျံ) တွေလည်း ရှိပြီး အဲဒါတစ်ခုတည်းမဟုတ်ဘူး။ အခုဆိုရင် ကျွန်တော်တို့မှာ တာဝေးပစ် ATACMS တွေလည်း ရှိပြီဖြစ်ပါတယ်။ အဲဒါတွေအားလုံးကို ကျွန်တော်တို့ အသုံးပြုသွားမှာပါ” ဟု ဆိုသည်။

ဒုံးကျည်ငါးစင်းကို ပစ်ချခဲ့ပြီး အခြားတစ်ခု ပျက်စီးသွားခဲ့ကြောင်း ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။ ပျက်စီးသွားသော ဒုံးကျည်မှ အပိုင်းအစများသည် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခု၏ နယ်မြေပေါ်သို့ ကျရောက်ခဲ့ပြီး မီးလောင်သွားခဲ့သော်လည်း ငြိမ်းသတ်နိုင်ခဲ့ပြီး အသေအပျောက် သို့မဟုတ် ပျက်စီးမှု မရှိခဲ့ပါဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား၏ နျူကလီးယား အယူဝါဒကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညှိလိုက်ပြီး “နျူကလီးယား မပိုင်ဆိုင်သော မည်သည့်နိုင်ငံမှမဆို နျူကလီးယားပိုင်ဆိုင်သော နိုင်ငံတခုနှင့် ရုရှားနိုင်ငံကို ပူးတွဲတိုက်ခိုက်မှုအား ကျူးကျော်မှုအဖြစ် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်” ဟု ဆိုသည်။

ပြန်လည်ပြင်ဆင်ထားသော စစ်ရေးအယူဝါဒသည် သီအိုရီအရ နျူလက်နက်အသုံးပြုမှုတွင် တင်းကြပ်ထားသည့်သတ်မှတ်ချက်ကို လျှော့ချမည်ဟု ကရင်မလင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံအတွင်း တာဝေးပစ် အမေရိကန်ဒုံးကျည်များ အသုံးပြုရန် ယူကရိန်းအား တနင်္ဂနွေနေ့တွင် ခွင့်ပြုလိုက်ပြီး ယခင်က ပဋိပက္ခများ ပြင်းထန်စွာ မကြီးထွားလာရန်ပိတ်ပင်ထားမှုကို ဖြေလျော့၍ ယူကရိန်းနိုင်ငံကို မိမိကိုယ်ကို ကာကွယ်နိုင်ရန် လပေါင်းများစွာကြာ တားမြစ်ချက်ကို ပယ်ဖျက်ပေးခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်သည့်အခိုက်အတန့်တွင် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ ယူကရိန်း၏ မဟာဓာတ်အားလိုင်းကို ရပ်ဆိုင်းပြီး မစွမ်းဆောင်ရန် တိုက်ခိုက်လိုက်ပြီး တတိယမြောက် ဆောင်းရာသီတွင် ဆက်တိုက်အေးခဲနေသော အပူချိန်ကို လက်နက်အဖြစ် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ရုရှားသည် ယူကရိန်း၏မြို့များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဒလစပ်တိုက်ခိုက်မှုများဖြင့် ချေမှုန်းနေချိန်တွင် ရုရှားသည် ယူကရိန်း၏ အရှေ့ဘက်ရှိ ရှေ့တန်းစစ်မျက်နှာတွင် တိုး၍တိုက်လျက်ရှိသည်။

တချိန်တည်းမှာပင် နွေရာသီတွင် ယူကရိန်းတပ်များက ရဲရဲတောက် တန်ပြန်ထိုးစစ်ကို စတင်ခဲ့သည့် ရုရှားနိုင်ငံ Kursk ဒေသတွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ရုရှားက တပ်ဖြန့်ချထားသည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ မက်သရူးမီလာ (Matthew Miller) က စစ်ပွဲတွင် မြောက်ကိုးရီးယားတပ်များ ပါဝင်လာမှုသည် ရုရှား၏စစ်ရေး ပိုမိုကျယ်ပြန့်မှုကို ဖြစ်လာစေပြီး အာရှမှ စစ်တပ်ကို ဥရောပအတွင်း ပဋိပက္ခကို ပါဝင်လာစေသည်ဟု ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံအတွင်း ကြည်းတပ်ဗျူဟာမြောက်ဒုံးကျည်စနစ်များ သို့မဟုတ် ATACMS ကို အသုံးပြုခွင့်ပြုရန် ဆုံးဖြတ်ချက်ကို အမေရိကန်တာဝန်ရှိသူများက လအတန်ကြာ စဉ်းစားနေခဲ့ပြီး စွမ်းရည်အသစ်ကို ခွင့်ပြုခြင်းအပေါ် စဥ်းစားချင့်ချိန်ကြရာတွင် ကွဲပြားမှု ရှိခဲ့သည်။ အချို့က စစ်ပွဲများ ကျယ်ပြန့် ပြင်းထန်လာမည်ကို စိုးရိမ်ကြပြီး အချို့က သိုလှောင်ထားသည့်လက်နက်များ လျော့နည်းလာမည်ကို စိုးရိမ်ကြသည်။

ကိ့ဗ်သည် Bryansk ထက် ပိုမိုနက်ရှိုင်းသောနေရာရှိ ရုရှားရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အတွက် ယူကရိန်းလုပ် ဒရုန်းများကို အကြိမ်ကြိမ် အသုံးပြုခဲ့သော်လည်း၊ မော်စကိုသည် ဝေးလံသောနေရာအထိ ပစ်ခတ်နိုင်သော အနောက်တိုင်း လက်နက်များသည် ကြီးမားသော အရှိန်အဟုန်ဖြင့် ပြောင်းလဲစေနိုင်သောကြောင့် ယူကရိန်းကို အသုံးမပြုရန် မော်စကိုက ကာလရှည်ကြာ ထိန်းသိမ်းထားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာ‌ဂေး လက်ဗ်ရော့ဗ် (Sergey Lavrov) က မော်စကိုသည် အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်များ ပစ်လွှတ်ခြင်းကို အနောက်နိုင်ငံများ၏ “စစ်ပွဲမျက်နှာစာ အသစ်ဖွင့်ခြင်း” အဖြစ် ရှုမြင်မည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။

ရုရှား၏နျူကလီးယားအယူဝါဒကို မွမ်းမံပြင်ဆင်နေသည့် ပူတင်၏သတင်းကြောင့် အမေရိကန်အရာရှိများက အံ့အားသင့်ခြင်း မရှိခဲ့ကြကြောင်း ပြောကြားခဲ့သည်။ “ရုရှားသည် ၎င်း၏အယူဝါဒကိုမွမ်းမံရန်၎င်း၏ရည်ရွယ်ချက်ကို ရက်သတ္တပတ်များစွာကြာအောင်အချက်ပြခဲ့သည်” ဟုအမေရိကန်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

“ယူကရိန်းမှာ ရုရှားက နျူလက်နက်သုံးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အရိပ်အယောင်တွေ အမေရိကန်က မတွေ့ ရှိဘူး” ဟု ပင်တဂွန် လက်ထောက်သတင်းထောက် ဆာဘရီနာဆင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး “အရင်က တွေ့ခဲ့ရတဲ့ တာဝန်မဲ့ စကားလုံးတွေနဲ့ အတူတူပါပဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုံးကလိုပေါ့။” ဟု ဆိုခဲ့သည်။

နှစ်နှစ်ခွဲကျော်ကြာ စစ်ပွဲအတွင်း ရုရှားသည် ယူကရိန်းနှင့် ၎င်း၏မဟာမိတ်များက စစ်ရေးတိုးမြင့်လာသည်ဟု ယူဆသည့်အတွက် တုံ့ပြန်သည့်အနေဖြင့် မကြာခဏ နူကလီးယားလက်နက်ကို အသုံးပြုမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်က ယူကရိန်းသို့ ဥရောပတပ်ဖွဲ့များ စေလွှတ်ခြင်းအား တားမြစ်ထားခြင်း မရှိကြောင်း ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် ပူတင်သည် အနောက်နိုင်ငံများ၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များဆိုင်ရာ လေ့ကျင့်မှုပြုလုပ်ရန် အမိန့်ပေးခဲ့သည်။

လပေါင်းများစွာ ယူကရိန်းသမ္မတ ဇလန်းစကီးက “ကျွန်တော်တို့ရဲ့စစ်တပ်အတွက် တာဝေးပစ်ဒုံး စွမ်းရည်” သည် စစ်ပွဲအနိုင်ရရန်အတွက် သူ၏စစ်အောင်နိုင်ရေးအစီအမံ (“Victory Plan”) ၏အဓိက အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု ပြောဆိုခဲ့သည်။

တနင်္ဂနွေညနေခင်းတွင် ဘိုင်ဒင်မီးစိမ်းပြသည့် သတင်းများကို တုံ့ပြန်သည့်အနေဖြင့် ဇလန်းစကီးက“ ဒုံးပျံနဲ့ ပစ်လိုက်ခြင်း စကားလုံးတွေကို သယ်ဆောင်သွားတာမျိုး မဟုတ်ပါဘူး။ ဒီအရာတွေက ကြေညာမနေဘူး။ ဒုံးကျည်တွေက ဘာဆိုတာကို ပြသပါလိမ့်မယ်”ဟု ဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 83 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 95 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 91 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက