နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ထရန့် နှင့်ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု ပူတင်ပြော

ဒီဇင်ဘာလ (၂၀) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မကြာသေးမီက ဆုတ်ယုတ်မှုများအပေါ် အပြုသဘောဆောင်သည့် လှည့်ဖျားပြောကြားမှုများကို ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည်။ ရုရှားနိုင်ငံသည် ဆီးရီးယားတွင် ၎င်း၏တာဝန်ကိုပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး ယူကရိန်းစစ်ပွဲကို အောင်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြုလုပ်သည့် ရှည်လျားသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သူနှင့် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်တို့သည် စကားမပြောဖြစ်သည်မှာ လေးနှစ်ကျော်ကြာ ရှိခဲ့ပြီး ဝါရှင်တန်ရှိ အစိုးရသစ်သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် စေ့စပ်ညှိနှိုင်းရေးလုပ်ရန် တွန်းအားပေးမည်ဟု မျှော်လင့်နေချိန်တွင် ပူတင်က သူ့အနေနှင့် ဆွေးနွေးရန် အသင့်ဖြစ်နေပြီဟု ခေါင်းညိတ်ပြခဲ့သည်။

ကြာသပတေးနေ့က ပြုလုပ်သည့်ပွဲသည် ပူတင်က နှစ်စဥ်လုပ်နေကြ လူထုနှင့်တွေ့ဆုံပြီး ပူတင်၏ ကျွမ်းကျင်မှုကို နှစ်စဉ်ပြသသည့် ပြည်တွင်းမူဝါဒနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အခြေအနေများကို အများက ဖုန်းဖြင့် မေးခြင်းအပါအဝင် အမေးအဖြေကဏ္ဍ ပါဝင်သည့်ပွဲ ဖြစ်သည်။

ရုရှား၏ ယူကရိန်းစစ်ပွဲသည် အဓိကအကြောင်းအရာဖြစ်ပြီး ပူတင်သည် ရုရှား၏ မကြာသေးမီက စစ်ပွဲသိမ်းပိုက်ရရှိမှုများနှင့် ချေမှုန်းရေးစစ်ပွဲကို အလေးပေး ပြောပြခဲ့သည်။

“ကျွန်တော်တို့ ဘာတွေ ကမ်းလှမ်းနိုင်သလဲ၊ ဒါမှမဟုတ် အသစ်တင်မြှောက်ထားတဲ့ သမ္မတထရန့်ကို ကျွန်တော်တို့ တွေ့ဆုံတဲ့အခါ ကျွန်တော်က ဘာကိုကမ်းလှမ်းနိုင်မလဲ” လို့ သင်တို့က မေးတယ်ဟု ပူတင်က NBC ၏ ကီးယားဆီမွန် (Keir Simmons) ၏ မေးခွန်းကို တုံ့ပြန်ခဲ့ပါသည်။

“ပထမဆုံး ဘယ်တော့ တွေ့မယ်ဆိုတာတော့ မသိဘူး။ အကြောင်းက သူဟာ ဒီအကြောင်းကို ဘာမှ မပြောသေးတာကြောင့် ဖြစ်တယ်” ဟု ပူတင်က ဖြေဆိုခဲ့သည်။

ကျွန်တော် သူနဲ့ စကားမပြောဖြစ်တာ လေးနှစ်ကျော်ပြီ။ ဟုတ်ပါတယ်၊ ကျွန်တော်က စကားပြောဖို့အတွက်အချိန်မရွေး အဆင်သင့်ဖြစ်နေပါပြီ၊ သူက တွေ့ချင်တယ်ဆိုရင် တွေ့ဆုံဆွေး‌နွေးဖို့အတွက် ကျွန်တော် က အဆင်သင့်ဖြစ်နေမှာပါ”

အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းစစ်မြေပြင်တွင် မကြာသေးမီက ဆုတ်ယုတ်မှုများကြောင့် ရုရှားသည် စေ့စပ်ညှိနှိုင်းရေးတွင် အားနည်းသော အနေအထားတွင်ရောက် ရှိနေသလားဟု မေးမြန်းရာ ပူတင်က “ကျွန်တော်က အားနည်းနေတဲ့ အခြေအနေမှာ ဒီစကားပြောဆိုမှု ဖြစ်လာမယ်လို့ ခင်ဗျားတို့က ပြောခဲ့တယ်။ ပြီးတော့ အမေရိကန်က မင်းကို လစာပေးနေတဲ့သူတွေက ရုရှားကို အားပျော့တဲ့ အနေအထားမှာ ရှိနေစေချင်တယ်။

“ကျွန်တော်ကတော့ မတူညီတဲ့အမြင်ကို ကိုင်ဆွဲထားတယ်။ ရုရှားဟာ လွန်ခဲ့တဲ့ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်းမှာ ပိုအားကောင်းလာတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာကြောင့်လဲ? စစ်မှန်တဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်လာတော့ ဘယ်သူ့ကိုမှ မှီခိုအားထားစရာ မလိုတော့ဘူး။”

ထရန့်သည် ရာထူးမှနုတ်ထွက်ချိန်မှစ၍ ပူတင်နှင့် အကြိမ်ကြိမ်ခေါ်ဆိုမှု မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ၎င်းတို့နှစ်ဦးသည် ၂၀၂၁ ခုနှစ်ကတည်းက “ခုနစ်ကြိမ်အထိ” စကားစမြည် ပြောဆိုခဲ့သည့် အကြောင်း မကြာသေးမီက ဝါရင့်သတင်းထောက် ဘော့ဝုဒ်ဝါ့ဒ် (Bob Woodward) ရေးသားသည့်အစီရင်ခံစာနှင့် ဆန့်ကျင်ဖက် ဖြစ်နေခဲ့သည်။

မော်စကို၏ ယူကရိန်းကို အလုံးစုံဝင်ရောက်ကျူးကျော်မှုကို ရုရှားက အထူးစစ်ရေး စစ်ဆင်ရေးအဖြစ်သာဖော်ညွှန်း လုပ်ဆောင်နေရသနည်း ဟူသည့် မေးခွန်းအတွက် ပူတင်က စစ်ပွဲက တတိယနှစ်အတွင်းဝင်ရောက်လာသည့်အခါ အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားကြောင်း ပူတင်က ပြောကြားခဲ့သည်။ .

“ရှေ့တန်းတလျှောက်လုံး နေ့တိုင်း လှုပ်ရှားတိုက်ခိုက်နေရတယ်။”

၎င်းက ဆက်လက်၍ “ကျွန်တော် ပြောခဲ့သလိုပဲ မီတာ ၁၀၀-၂၀၀-၃၀၀ တိုးနိုင်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့တိုက်ခိုက်ရေးသမားများက စတုရန်းကီလိုမီတာအလိုက် နယ်မြေကို သိမ်းပိုက်နေကြတယ်။ နေ့တိုင်း သိမ်းပိုက်နေတာကို အလေးပေး ပြောချင်ပါတယ်။”

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက “ယူကရိန်းအနေနဲ့ ရုရှားက သိမ်းပိုက်ထားသည့် ပိုင်နက်အားလုံးကို ပြန်လည်သိမ်းယူဖို့ အင်အားနည်းပါးနေပါတယ်” ဟု ဗုဒ္ဓဟူးနေ့က အင်တာဗျူး တစ်ခုမှာ ဝန်ခံခဲ့ပြီးနောက် ပူတင်၏ ပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားတပ်ဖွဲ့များသည် စစ်ပွဲ၏အစောပိုင်း ရက်သတ္တပတ်များအတွင်း မြို့တော်ကိ့ဗ်ကို သိမ်းပိုက်နိုင်ခြင်း မရှိခဲ့သော်လည်း ယူကရိန်းအရှေ့ပိုင်းစစ်ပွဲသည် ငွေကုန်ကြေးကျများပြီး ရက်စက်ကြမ်းကြုတ်သောစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သြဂုတ်လတွင် အံ့အားသင့်ဖွယ် ရုရှားနိုင်ငံတွင်းသို့ ယူကရိန်းက ကျုးကျော်လာပြီးနောက် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားတောင်ပိုင်း Kursk ဒေသတွင် ဆက်လက်တည်ရှိ နေသော်လည်း ထိုနေရာ၌ ယူကရိန်းတို့ သိမ်းပိုက်ထားသည့် မြေပြင်မှ ဖြည်းဖြည်းချင်း ဆုတ်ပေးနေခဲ့ရသည်။ ဒေသတွင်းမှ ဖုံးခေါ်ဆိုသူတစ်ဦးမှ Kursk အကြောင်း မေးမြန်းရာတွင် ရုရှားက ဒေသတစ်ခုလုံးကို ပြန်လည် သိမ်းပိုက်မည့်အချိန်ကို ပြောကြားရန် ပူတင်က ကတိကဝတ်ပြုရန် ငြင်းဆိုခဲ့သော်လည်း တနေ့တွင် ထိုသို့ဖြစ်လာမည်ဟု ကတိပြုခဲ့သည်။

“ယူကရိန်းတပ်ဖွဲ့တွေကို Kursk ဒေသကနေ တွန်းထုတ်မယ့်ရက်ကို တိတိကျကျ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျနော်တို့ ရဲဘော်တွေက အဲဒီနေရာမှာ တိုက်နေတယ်၊ ​​အခု တိုက်ပွဲတွေ ပြင်းထန်နေတယ်။ Kursk ဒေသအတွင်းကို ယူကရိန်းတပ်များ ဝင်ရောက်လာခြင်းက ဘယ်လိုစစ်ရေးအမြင်နဲ့ ဝင်ရောက်လာတယ်ဆိုတာ နားမလည်နိုင်ဘူး ဒါမှမဟုတ် သူတို့ရဲ့အကောင်းဆုံး တပ်ဖွဲယူနစ်တွေကို သေတွင်း ပို့‌ဆောင်နေတာလားမသိနိုင်ဘူး ဒါပေမယ့် ဒါတွေဟာ ဖြစ်ပျက်နေတယ်”

ရုရှားတပ်များနှင့်အတူ တိုက်ခိုက်နေသော မြောက်ကိုရီးယားတပ်များသည် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း ယူကရိန်းက ပြောကြားခဲ့ပါသည်။

ဖုံးဖြင့်ခေါ်ဆိုမေးမြန်းသူအား ဖြေကြားရာတွင် ပူတင်က မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များကို အကြောင်းကို ဖြေကြားခြင်း မရှိပေ။

“လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှု”

+++++++++++++++++++

ညီလာခံအတွင်း ပူတင်က ရုရှား၏ အားကောင်းသည့် လုံခြုံရေးဝန်ဆောင်မှုများအတွက် ရှက်စရာကောင်းသည့် ဆုတ်ယုတ်မှုကို ထုတ်ဖော်ပြောပြခဲ့သည်။ ရုရှားနိုင်ငံ၏ နျူကလီးယား၊ ဇီဝနှင့် ဓာတုကာကွယ်ရေးတပ်ဖွဲ့များကို ဦးဆောင်သူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလ်လော့ဗ် (Igor Kirillov) သည် အင်္ဂါနေ့နံနက်က မော်စကိုတွင် သတ်ဖြတ်ခံခဲ့ရသည်။ ပစ်မှတ်ထားသတ်ဖြတ်မှုကို ယူကရိန်း၏ အကြမ်းဖက်လုပ်ရပ်အဖြစ် ပူတင်က ရှုတ်ချခဲ့သည်။

“ဗိုလ်ချုပ်ကြီး ကီရီလ်လော့ဗ် (Kirillov) သတ်ဖြတ်မှုမှာ တွေးမိသလောက်တော့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုပဲ” ဟု ပူတင်က NBC ၏ ဆိုင်မွန် (Simmons) အား တုံ့ပြန်ဖြေကြားခဲ့သည်။

ရုရှားဗိုလ်ချုပ်ကြီးအား ယူကရိန်းက ဓာတုလက်နက်အသုံးပြုမှုအတွက် အလိုရှိနေခဲ့သည်။

ရုရှားနိုင်ငံ Kursk ဒေသရှိ အရပ်သားများကို ပစ်မှတ်ထားတယ်ဆိုသည့်အထောက်အထား မရှိသောအချက်ကို ပူတင်က ထောက်ပြခဲ့ပြီး “အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေကို အနောက်နိုင်ငံ စာနယ်ဇင်းအဖွဲ့တွေက ပြစ်တင်ရှုံ့ချတာမျိုး တစ်ခါမှ မကြားဖူးသေးဘူး” ဟု ပြောခဲ့ပါသည်။ “ဒါပေမယ့် ခင်ဗျားက ဒါကို သတိရပေးတဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်တယ်။” ဟုပြောခဲ့သည်။

ဆိုင်မွန် (Simmons) ကို ထပ်မံတုံ့ပြန်ပြောကြားရာတွင် ပူတင်က ဆီးရီးယားတွင် ပျောက်ဆုံးနေသည့် အမေရိကန် သတင်းထောက် အော်စတင်တိုက်စ် (Austin Tice) ၏ တည်နေရာကို စုံစမ်းမေးမြန်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသည် ဖြုတ်ချခံခဲ့ရသော ဆီးရီးယားအာဏာရှင်သည် ၎င်း၏အစိုးရ ပြိုလဲပြီးနောက် ရုရှားတွင် ခိုလှုံနေကြောင်း ပထမဆုံးအကြိမ် အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

“မော်စကိုကိုရောက်ပြီးကတည်းက သမ္မတ အာဆတ်နဲ့ ကျွန်တော် မဆုံဖြစ်သေးပေမယ့် တွေ့ဖို့ စီစဉ်ထားပါတယ်၊ သူနဲ့ ကျွန်တော် သေချာပေါက် စကားပြောမှာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။ ပူတင်အနေနှင့် အာဆတ်သည် တိုက်စ် (Tice ) နှင့်ပတ်သက်၍ သိရှိနိုင်ခြင်း ရှိမရှိအပေါ် သံသယဝင်နေပုံရသည်။

“ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော်က အရွယ်ရောက်နေတဲ့သူတွေဖြစ်တယ်” ဟု ပူတင်က ပြောသည်။ “လွန်ခဲ့တဲ့ ၁၂ နှစ်က ဆီးရီးယားမှာ လူတစ်ယောက် ပျောက်သွားတယ်၊ လွန်ခဲ့တဲ့ ၁၂ နှစ်၊ လွန်ခဲ့တဲ့ ၁၂ နှစ်က ဘယ်လိုအခြေအနေရှိလဲ၊ စစ်ရေးအရ လှုပ်ရှားဆောင်ရွက်မှုတွေ နှစ်ဖက်စလုံးမှာ ရှိတယ်ဆိုတာ နားလည်ပါတယ်။ တိုက်ပွဲရပ်ဝန်းမှာ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဒီအမေရိကန်နိုင်ငံသား ဘယ်လို ဖြစ်ပျက်ခဲ့တာကို သမ္မတအာဆတ်ကိုယ်တိုင် သိနိုင်ပါ့မလား။ ဘယ်လိုပဲဖြစ်ပါစေ ဒီနေ့ ဆီးရီးယားမြေပြင်အခြေအနေတွေကို ထိန်းချုပ်ထားသူတွေကို ဒီမေးခွန်း မေးပေးမယ်လို့ ကတိပြုပါတယ်” ဟု ပူတင်က ဆိုသည်။

ပူတင်က နှစ်စဉ်ပြုလုပ်နေသည့် နှစ်ကုန်အမေးအဖြေ သတင်းစာရှင်းလင်းပွဲသည် လူထုရှေ့တွင် ပြုလုပ်သည့် ထုံးတမ်းစဉ်လာတစ်ခု ဖြစ်သည်။ ရုရှားနိုင်ငံတစ်ဝှမ်းရှိ ကျောင်းများ၊ သူငယ်တန်းကျောင်းများနှင့် အစိုးရအဖွဲ့အစည်းများနှင့် ယူကရိန်းရှိ သိမ်းပိုက်ထားသောနယ်မြေများတွင် ဤထုတ်လွှင့်မှုအား စုပေါင်းကြည့်ရှုရန် စီစဉ်နေသည်ဟု ဆိုရှယ်မီဒီယာများတွင် ရေးသားချက်များအရ သိရသည်။

ကလေးသူငယ်များအပါအဝင် ပညာတတ်များနှင့် ကျောင်းသားများကို တီဗီဖန်သားပြင်များရှေ့တွင် စုဝေနေကြသည်ကို တွေ့မြင်နိုင်သည်။ ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်ဒေသများမှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ဤအမေးအဖြေပွဲကို ၎င်းတို့၏ တရားဝင်တယ်လီဂရမ်ချန်နယ်များတွင် ဓာတ်ပုံများ မျှဝေကြပြီး ၎င်းတို့၏ စိတ်ဝင်စားမှုကို လူသိရှင်ကြား ပြသခဲ့ကြပါသည်။

ယခုနှစ်အခမ်းအနားသည် စီးပွားရေးစိန်ခေါ်မှုများ၊ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်သော တင်းမာမှုများနှင့် အမေရိကန်တွင် ထရန့်တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေချိန်တွင် မသေချာမရေရာမှုများကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ရုရှားသည် ဆုတ်ယုတ်မှုများ ရှိနေသော်လည်း နယ်ပယ်အားလုံးတွင် အောင်နေသည်ဟု ၎င်း၏ ပြည်တွင်းပရိသတ်ကို ပူတင်က အာမခံချက်ပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက