နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ICC ဖမ်းဝရမ်းကို ကြောက်လန့်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် နှစ် ၈၀ ပြည့်အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု ဆို

++++++++++++++++++++++++++++++

ဒီဇင်ဘာလ (၂၀) ရက်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် (Auschwitz) လွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပိုလန်နိုင်ငံတွင် ကျင်းပမည့် အခမ်းအနားကို တက်ရောက်မည် မဟုတ်ကြောင်း သတင်းရရှိပါသည်။

ပိုလန်သတင်းဌာန Rzeczpospolita က အစ္စရေးတာဝန်ရှိသူများသည် နေတန်ယာဟု၏တက်ရောက်မှုနှင့် ပတ်သက်၍ ၎င်းတို့၏ပိုလန်နိုင်ငံသားများထံ ဆက်သွယ်ခြင်းမရှိသေးကြောင်း ဖော်ပြခဲ့သည်။ နေတန်ယာဟုအား အောက်တိုဘာ ၇ ရက်ကတည်းက ကျူးလွန်ခဲ့သည့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများ” အတွက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ ဖမ်းဝရမ်းနှင့် ဆက်စပ်မှုရှိကြောင်း ဝါဆောက ပြောဆိုထားသည်။

နေတန်ယာဟုနှင့် ၎င်း၏ကာကွယ်ရေးဝန်ကြီးဟောင်းတို့အား စစ်ရာဇ၀တ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ထားသော ICC ၏ စီရင်ထုံးများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ပိုလန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပိုလန်နေ့စဉ်ထုတ်သတင်းစာတွင် ပြောကြားခဲ့သည်။

အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော (Isaac Herzog) သည်လည်း အဆိုပါပွဲကို တက်ရောက်ရန် အစီအစဉ်မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီများ၏ လူမျိုးတုံး သတ်ဖြတ်မှု ကပ်ဆိုးကြီးမှ လွတ်မြောက် လာခဲ့သူများကို ဆိုဗီယက်တပ်များက ကယ်တင်ခဲ့သည့် အခမ်းအနားကို ပိုလန်နိုင်ငံမှ သြဇဝစ် Auschwitz အကျဉ်းစခန်းဟောင်းတွင် ကျင်းပလေ့ရှိပါသည်။

ဤအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်များလည်း တက်ရောက်လေ့ရှိပါသည်။

၁၉၄၀ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း ဤသြဇဝစ်အကျဉ်းစခန်းတွင် ဂျူးလူမျိုး အကျဉ်းသား တသန်းကျော် သတ်ဖြတ်ခံခဲ့ရပြီး ဥရောပတခုလုံးတွင် ဂျူးလူမျိုး စုစုပေါင်း ၆ သန်း ခန့် အသတ်ခံခဲ့ရပါသည်။

သတင်းရင်းမြစ်။ Middle East Eye and Poland Media

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ