နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

‘ပူတင်က ကျွန်မခင်ပွန်းကို သတ်ခဲ့တယ်’

ဖေဖော်ဝါရီလ (၂၁) ရက်။

ရုရှားအကျဉ်းထောင်ထဲတွင် သေဆုံးသွားသည့် ရုရှားအတိုက်အခံခေါင်းဆောင် အာလက်ဇီနာဗယ်နီ (အသက် ၄၇နှစ်) ၏ဇနီး ယူလီယာနာဗယ်နီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်က သူမ၏ခင်ပွန်းဖြစ်သူအား သတ်ပစ်ခဲ့ကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တင်ထားသည့် ဗီဒီယိုတွင် ပြောကြားလိုက်သည်။ “ ပျော်ရွှင်စရာကောင်းပြီး လှပတဲ့ ရုရှားနိုင်ငံ” အတွက် ခင်ပွန်းသည်ရဲ့ အမွေကို ဆက်ခံပြီး သူ့ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ယူလီယာက ပြောလိုက်ပါသည်။

ရုရှားအာဏာပိုင်များသည် အာလက်ဇီနာဗယ်နီ၏ အလောင်းကို ဖုံးကွယ်ထားပြီး သူ၏သေဆုံးရသည့်အကြောင်းရင်းကို ဖုံးကွယ်ရန် “ ညံ့ဖျင်းတဲ့လိမ်ညာမှု” ဖြင့် ပူတင်၏ Novichok (ဓာတုအဆိပ်) နှင့်သတ်ဖြတ်ထားသည့် သဲလွန်စကို ဖျောက်ဖျက်ဖို့ စောင့်မျှော်နေကြောင်းလည်း ယူလီယာက အခိုင်အမာဆိုခဲ့သည်။

ယူလီယာသည် ခင်ပွန်းဖြစ်သူ၏ ဆိုရှယ်မီဒီယာအကောင့်တွင် ရှစ်မိနစ်ကြာ ဗီဒီယိုကို တင်ခဲ့သည်။ သူမသည် သမ္မတပူတင်ကို “ ငါ့သားသမီးတွေရဲ့အဖေကို သတ်ခဲ့တယ်” ဟု စွပ်စွဲခဲ့ပြီး “ ပူတင်က ငါ့ဘဝမှာအရေးကြီးဆုံးလူဖြစ်တဲ့ ငါ့ရဲ့ချစ်လှစွာသောခင်ပွန်းကို လုယူသွားခဲ့တယ်” ဟု ရှုတ်ချလိုက်သည်။

ထို့နောက် သူမက “ ကျွန်မယောက်ကျား အာလက်ဇီနာဗယ်နီရဲ့အလုပ်တွေကို ကျွန်မ ဆက်လုပ်သွားမယ်” ဟု ကြေညာလိုက်ပြီး ရုရှားလူမျိုးတွေကို ရည်ရွယ်ပြီး “ ကျွန်မ မကြောက်ပါဘူး။ ရှင်တို့လည်း ကြောက်စရာမလိုဘူး” ဟု ရုရှားဘာသာစကားဖြင့် ပြောကြားခဲ့သည်။

Novichok (ဓာတုအဆိပ်) သည် ယခင် ဆိုဗီယက်ယူနီယံတွင် အသုံးပြုခဲ့သော အာရုံကြောဆိုင်ရာ ထိခိုက်စေသည့် ဓာတုပစ္စည်းဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင်၊ အာလက်ဇီနာဗယ်နီ၏အတွင်းခံဘောင်းဘီထဲတွင် Novichok ထည့်ခံထားရပြီး အဆိပ်သင့်ခဲ့ရသည်။

အလက်ဇီ နာဗယ်နီသည် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် မြောက်ဘက်စွန်းရှိ အကျဉ်းထောင်တစ်ခုတွင် ရုတ်တရက် သေဆုံးသွားခဲ့သည်။ အာလက်ဇီနာဗယ်နီအား သတ်ဖြတ်ရန် Novichok ကို ထပ်မံအသုံးပြုခဲ့သလားဆိုသည်ကို ရှင်းရှင်းလင်းမသိရသေးပါ။

“ လွန်ခဲ့တဲ့ သုံးရက်က ပူတင် ဘာကြောင့် အာလက်ဇီကို သတ်ခဲ့တာလဲဆိုတာ ကျွန်မတို့ သိပါတယ်။ မကြာခင်မှာ ဒီအကြောင်းကို ပြောသွားမှာပါ။ ဘယ်သူက ဒီရာဇ၀တ်မှု ကျူးလွန်ခဲ့သလဲဆိုတာကို အတိအကျ သိသွားတော့မှာပါ။ သူ့ကို နာမည်ကို ဖော်ပြပေးပြီး မျက်နှာကိုလည်း ပြသသွားမယ်။” ဟု ယူလီယာကပြောလိုက်သည်။

ပြည်ပတွင် နိုင်ငံရေးခိုလှုံသူအနေနှင့် နေထိုင်နေသည့် ယူလီယာသည် ၎င်း၏ခင်ပွန်း၏အမွေဆက်ခံရန် ရည်ရွယ်ချက်ဖြင့် ဘယ်လ်ဂျီယမ်၊ ဘရပ်ဆဲလ်မြို့ ၌ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အလက်ဇီ နာဗယ်နီ၏ပြောရေးဆိုခွင့်ရှိသူက အလောင်းအား (၁၄) ရက်အတွင်းပြန်လည်ရရှိရန်မျှော်လင့်ထားကြောင်းပြောကြားခဲ့ပြီးထိုအချိန်အတောအတွင်း “ ဓာတုစမ်းသပ်မှုအချို့” လုပ်ဆောင်လိမ့်မည်ဟုပြောကြားခဲ့သည်။

Source: CNN

ကွယ်လွန်သူ အလက်ဇီ နာဗယ်နီ၏ဇနီး ယူလီယာ နာဗယ်နီ/Alexey Malgavko/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 45 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 73 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 53 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”