နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

‘ပူတင်က ကျွန်မခင်ပွန်းကို သတ်ခဲ့တယ်’

ဖေဖော်ဝါရီလ (၂၁) ရက်။

ရုရှားအကျဉ်းထောင်ထဲတွင် သေဆုံးသွားသည့် ရုရှားအတိုက်အခံခေါင်းဆောင် အာလက်ဇီနာဗယ်နီ (အသက် ၄၇နှစ်) ၏ဇနီး ယူလီယာနာဗယ်နီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်က သူမ၏ခင်ပွန်းဖြစ်သူအား သတ်ပစ်ခဲ့ကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တင်ထားသည့် ဗီဒီယိုတွင် ပြောကြားလိုက်သည်။ “ပျော်ရွှင်စရာကောင်းပြီး လှပတဲ့ ရုရှားနိုင်ငံ” အတွက် ခင်ပွန်းသည်ရဲ့ အမွေကို ဆက်ခံပြီး သူ့ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ယူလီယာက ပြောလိုက်ပါသည်။

ရုရှားအာဏာပိုင်များသည် အာလက်ဇီနာဗယ်နီ၏ အလောင်းကို ဖုံးကွယ်ထားပြီး သူ၏သေဆုံးရသည့်အကြောင်းရင်းကို ဖုံးကွယ်ရန် “ညံ့ဖျင်းတဲ့လိမ်ညာမှု” ဖြင့် ပူတင်၏ Novichok (ဓာတုအဆိပ်) နှင့်သတ်ဖြတ်ထားသည့် သဲလွန်စကို ဖျောက်ဖျက်ဖို့ စောင့်မျှော်နေကြောင်းလည်း ယူလီယာက အခိုင်အမာဆိုခဲ့သည်။

ယူလီယာသည် ခင်ပွန်းဖြစ်သူ၏ ဆိုရှယ်မီဒီယာအကောင့်တွင် ရှစ်မိနစ်ကြာ ဗီဒီယိုကို တင်ခဲ့သည်။ သူမသည် သမ္မတပူတင်ကို “ငါ့သားသမီးတွေရဲ့အဖေကို သတ်ခဲ့တယ်” ဟု စွပ်စွဲခဲ့ပြီး “ပူတင်က ငါ့ဘဝမှာအရေးကြီးဆုံးလူဖြစ်တဲ့ ငါ့ရဲ့ချစ်လှစွာသောခင်ပွန်းကို လုယူသွားခဲ့တယ်” ဟု ရှုတ်ချလိုက်သည်။

ထို့နောက် သူမက “ကျွန်မယောက်ကျား အာလက်ဇီနာဗယ်နီရဲ့အလုပ်တွေကို ကျွန်မ ဆက်လုပ်သွားမယ်” ဟု ကြေညာလိုက်ပြီး ရုရှားလူမျိုးတွေကို ရည်ရွယ်ပြီး “ကျွန်မ မကြောက်ပါဘူး။ ရှင်တို့လည်း ကြောက်စရာမလိုဘူး” ဟု ရုရှားဘာသာစကားဖြင့် ပြောကြားခဲ့သည်။

Novichok (ဓာတုအဆိပ်) သည် ယခင် ဆိုဗီယက်ယူနီယံတွင် အသုံးပြုခဲ့သော အာရုံကြောဆိုင်ရာ ထိခိုက်စေသည့် ဓာတုပစ္စည်းဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင်၊ အာလက်ဇီနာဗယ်နီ၏အတွင်းခံဘောင်းဘီထဲတွင် Novichok ထည့်ခံထားရပြီး အဆိပ်သင့်ခဲ့ရသည်။

အလက်ဇီ နာဗယ်နီသည် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် မြောက်ဘက်စွန်းရှိ အကျဉ်းထောင်တစ်ခုတွင် ရုတ်တရက် သေဆုံးသွားခဲ့သည်။ အာလက်ဇီနာဗယ်နီအား သတ်ဖြတ်ရန် Novichok ကို ထပ်မံအသုံးပြုခဲ့သလားဆိုသည်ကို ရှင်းရှင်းလင်းမသိရသေးပါ။

“လွန်ခဲ့တဲ့ သုံးရက်က ပူတင် ဘာကြောင့် အာလက်ဇီကို သတ်ခဲ့တာလဲဆိုတာ ကျွန်မတို့ သိပါတယ်။ မကြာခင်မှာ ဒီအကြောင်းကို ပြောသွားမှာပါ။ ဘယ်သူက ဒီရာဇ၀တ်မှု ကျူးလွန်ခဲ့သလဲဆိုတာကို အတိအကျ သိသွားတော့မှာပါ။ သူ့ကို နာမည်ကို ဖော်ပြပေးပြီး မျက်နှာကိုလည်း ပြသသွားမယ်။” ဟု ယူလီယာကပြောလိုက်သည်။

ပြည်ပတွင် နိုင်ငံရေးခိုလှုံသူအနေနှင့် နေထိုင်နေသည့် ယူလီယာသည် ၎င်း၏ခင်ပွန်း၏အမွေဆက်ခံရန် ရည်ရွယ်ချက်ဖြင့် ဘယ်လ်ဂျီယမ်၊ ဘရပ်ဆဲလ်မြို့ ၌ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အလက်ဇီ နာဗယ်နီ၏ပြောရေးဆိုခွင့်ရှိသူက အလောင်းအား (၁၄) ရက်အတွင်းပြန်လည်ရရှိရန်မျှော်လင့်ထားကြောင်းပြောကြားခဲ့ပြီးထိုအချိန်အတောအတွင်း “ဓာတုစမ်းသပ်မှုအချို့” လုပ်ဆောင်လိမ့်မည်ဟုပြောကြားခဲ့သည်။

Source: CNN

ကွယ်လွန်သူ အလက်ဇီ နာဗယ်နီ၏ဇနီး ယူလီယာ နာဗယ်နီ/Alexey Malgavko/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက