နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စစ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြဝတီမြို့ခံ ၆,ဝဝဝ နီးပါး တိမ်းရှောင်နေရပြီး ထိခိုက်သေဆုံးသူများရှိနေ

ဧပြီလ ၂၁ ရက်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီကုန်သွယ်ရေး တံတား အမှတ်(၂)တွင် ခိုအောင်းတပ်စွဲနေထိုင်တဲ့ ခြေလျင် တပ်ရင်း- ခလရ ၂၇၅ တပ်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅၀ ခန့်နဲ့ KNLA မဟာမိတ် ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားအပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုတွေရှိတဲ့အပြင် မြဝတီမြို့ ဒေသခံ (၆ဝဝဝ) လောက်ဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်နှင့် သောင်ရင်းမြစ် ကမ်း နားနေရာများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း မြဝတီကုန်သွယ်ရေး တံတားအမှတ် (၂) တိုက်ပွဲအကြောင်းသတင်းထုတ်ပြန်လာပါတယ်။

ဧပြီလ ၂၀ ရက် နံနက်ပိုင်း ၁၁ နာရီမှ ည ၉ နာရီအချိန်အထိ စစ်ကောင်စီတပ်က ဗုံး ကြဲလေယာဉ် Y12 နဲ့ တိုက်ခိုက်ရေး ရဟတ်ယဉ် Mi 35 တိုက် ရဟတ်ယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်တဲ့အတွက် မြေနီကုန်းရပ်ကွက်နေအိမ်နှင့် ကုန်ပစ္စည်းသိုလှောင်ဂို‌ဒေါင်များ မီးလာင်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း သိရှိရပါတယ်။ Y12 နဲ့ ဗုံးကြဲတာ ၁၅၀ လုံးလောက်ရှိပြီး တော်လှန်ရေးအဖွဲ့တွေလည်း ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီလ ၂၁ ရက်နေ့ မနက် ၆နာရီ အချိန်ကလည်း မြဝတီမြို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က ညပိုင်းအထိ အမှတ် ၂ ချစ်ကြည်ရေးတံတား အနီးမှာသာ ဗုံးကျဲခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်းမှာတော့ ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ဘက်ကိုပါ ဗုံးကျဲလာတဲ့အတွက် မြ၀တီမြိုက ဒေသခံပြည်သူတွေအများအပြားဟာ သောင်ရင်းမြစ်ကမ်းဘေးမှာ ရှိနေကြတယ်လို့ သိရပါတယ်။

ထိုင်းဘက်ကလည်း မြန်မာစစ်ဘေးရှောင်တွေကို အခုအချိန်ထိ ပေးမဝင်သေးတဲ့အတွက် စစ်ဘေးရှောင်တွေဟာ သောင်ရင်းမြစ်အနီးမှာပဲ တိမ်းရှောင်နေရပါတယ်။

ဧပြီလ ၂၁ ရက်၊ ထိုင်းစံတော်ချိန် ၉း၃၀ မှာ နခွန်စဝမ်လေတပ်စခန်းကနေ F-16 ၂ စင်းကို မဲဆောက်နယ်စပ်ကို ထပ်လွှတ်လိုက်တယ်။ အရင်က ၂ စီးရှိပြီးဖြစ်တာကြောင့် အခု ၂ စီးနဲ့ပေါင်းရင် F-16 ၄ စီး မြဝတီ-မဲဆောက် နယ်စပ်တလျှောက်မှာ အဆင်သင့်ရှိနေမှာ ဖြစ်တယ်လို့ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက ပြောပါတယ်။

BGF ထဲမှာလည်း ကြာအင်းဆိပ်ကြီးက ဗိုလ်မှူးလေးဝင်း အစည်းအဝေးခေါ်တာ ၃ ခါတိတိ မလာတဲ့အတွက် ဗိုလ်စောချစ်သူက သေနတ်နဲ့ထောက်ပြီးဖမ်းသွားတယ် အခု သူ့ကိုရွှေကုက္ကိုမှာထားတယ်လို့ BGF သတင်းရင်းမြစ်က ပြောပါတယ်။ ဗိုလ်မှူးလေးဝင်း တပည့်တွေကတော့ သူတို့ဆရာကို မလွှတ်ရင် ပြန်တိုက်မယ်လို့ ပြောဆိုနေတယ်လို့ သူက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို