နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဆန္ဒပြပွဲတွေ ပြင်းထန်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်

ဆန္ဒပြပွဲတွေ ပြင်းထန်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်

++++++++++++++++++++++++

အခုမြင်တွေ့နေရတာကတော့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပြီးနောက်မှာ မြို့တော်ဒါကာမှာ စစ်သားတွေ ကင်းလှည့်နေတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မကြာသေးမီ ကာလအတွင်းမှာပဲ လူအသေအပျောက်တွေနဲ့ ပိုမိုပြင်းထန်လာခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ယခုဖြစ်ပွါးနေတဲ့ ဆန္ဒပြပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အင်တာနက်နဲ့ စာတိုက်လုပ်ငန်းတွေကို ပိတ်ပစ်လိုက်ပါတယ်။ဒါကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံဟာ လက်ရှိကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ လူစုလူဝေးတွေမလုပ်ဖို့ အစိုးရနဲ့ လုံခြုံရေးအဖွဲ့တွေက တားမြစ်ပိတ်ပင်ထားပေမယ့် ဆန္ဒပြမှုတွေကတော့ နိုင်ငံထဲမှာ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဆေးရုံတွေက ရရှိတဲ့အချက်အလက်တွေအရ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နင်းရာမှာ ရာနဲ့ချီတဲ့ လူတွေသေဆုံးခဲ့ကြရပြီး ထောင်နဲ့ချီဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။ သေဆုံးသူအရေအတွက် များပြားလာချိန်မှာတော့ အစိုးရက တစ်နိုင်ငံလုံးညမထွက်ရအမိန့်ကို ထုတ်ပြန်ပြီး စစ်တပ်ကို လုံခြုံရေးယူခိုင်းခဲ့ပါတယ်။

အစိုးရအလုပ်တွေအတွက် ကျောင်းသားတွေက ခွဲတမ်းတွေပေးနေရတဲ့အပေါ် ဒေါသထွက်ခဲ့ရာကနေ အခုလို တစ်နိုင်ငံလုံအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ရတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၁ ပါကစ္စတန်မှ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ မိသားစုဝင်တွေအတွက် အစိုးရအလုပ် ၃၀ ရာခိုင်နှုန်းကို ခွဲဝေပေးထား ပါတယ်။

၂၀၁၈ ခုနှစ်မှာ ကျောင်းသားဆန္ဒပြပွဲတွေကြောင့် အစိုးရက အဲဒီခွဲတမ်းစနစ်ကို ဖျက်သိမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လအတွင်းမှာပဲ တရားရုံးချုပ်က ခွဲတမ်းပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ရာကနေ မကျေနပ်မှုတွေ အုံကြွလာခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက အဲဒီဆုံးဖြတ်ချက်အပေါ် ပြန်လည်အယူခံဝင်ထားပေမယ့် တရားရုံးချုပ်က အယူခံကို ဩဂုတ်လအတွင်း ပြန်လည်ကြားနာမှာဖြစ်ပါတယ်။

လူဦးရေ ၅ ပုံ ၁ ပုံက လူငယ်တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလုပ်လက်မဲ့ လူငယ်နှုန်းတိုးပွါးလာတာကလည်း ဆန္ဒပြပွဲတွေဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကတော့ စားစရာရိက္ခာနဲ့ ဝေယျာ၀စ္စလုပ်ငန်းတွေအတွက် ညမထွက်ရအမိန့်ကို နှစ်နာရီလျှော့ပေါ့လိုက်တယ်လို့ အစိုးရပိုင်မီဒီယာတွေကနေ ကြေညာခဲ့ပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေကတော့ အင်တာနက်ဖြတ်တောက်ထားခြင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကို ဝေဖန်ပြောဆို နေကြပါတယ်။ ဥရောပသမဂ္ဂကလည်း အကြမ်းဖက်နှိမ်နင်းမှုတွေကို စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ် ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 20 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး