နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့ တွင် ဇူလိုင်လ (၉) ရက်နေ့က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူကို မိုင်းလားရဲတပ်ဖွဲ့က မြို့အနှံ့ လိုက်လံပြသ

ဇူလိုင်လ (၂၁) ရက်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့ တွင် ဇူလိုင်လ (၉) ရက်နေ့က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ယွမ်ငွေ ၁၅ သိန်းခန့်တန်ဖိုးရှိ ရွှေ ထည်ပစ္စည်းများ ယူဆောင်သွားသူအား မိုင်း လားရဲတပ်ဖွဲ့က ဇူလိုင် ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ အထူးဒေ သ (၄) သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်ဟာ လူမှုအသိုင်းအဝိုင်းအကြားမှာ အာရုံစိုက်ခံနေရတဲ့ဖြစ်ရပ်ဖြစ်တဲ့အတွက် မိုင်းလားရဲတပ်ဖွဲ့အနေနဲ့ အထူးအလေးထားပြီး ပြစ်မှုကျူးလွန်သူကို အလျင်အမြန် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

တရားခံဟာ ဓားပြတိုက်ပြီးတဲ့နောက် မိုင်းလားမြို့ကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပေမဲ့ ဓားပြတိုက်မှုဖြစ်စဉ်အပြီး ခြောက်ရက်အကြာမှာ တရားခံကို မိုင်းလားရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်တွေအရ ဓားပြတိုက်မှုကျူးလွန်သူဟာ အသက် (၂၅) နှစ်အရွယ်ရှိတယ်လို့ သိရပြီး ပြင်ပဒေသကနေ အထူးဒေသ (၄) ကို ရောက်ရှိလာတဲ့ အလုပ်အကိုင်မရှိသူ တစ်ဦးဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

မိုင်းလားရဲတပ်ဖွဲ့ဟာ ဓားပြတိုက်မှုကျူးလွန်သူကို ဇူလိုင် ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် ဇူလိုင် ၁၇ ရက်နေ့မှာ တရားခံကို သူဘယ်လို ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို လိုက်လံပြသခဲ့တာကို ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အချက်အလက်။

+++++++++

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ/အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (PSC / NDAA)

PSC / NDAA ရဲ့ ဌာနချုပ်ကို မိုင်းလားမှာ အခြေပြုထားပြီး ထိန်းချုပ်ရာ နယ်မြေကို အုပ်ချုပ်ရေးဒေသ သုံးခုအဖြစ် ပိုင်းခြားထားတယ်လို့ သိရပါတယ်။

(က) နန့်ပန်းဒေသ

(ခ) မိုင်းလားဒေသ

(ဂ) ဆီလူးဒေသ

NDAA ထိန်းချုပ်ရာဒေသဟာ ရှမ်းအရှေ့ မိုင်းယန်း၊ မိုင်းခတ်မြို့တွေရဲ့ အရှေ့ဘက်၊ ကျိုင်းတုံမြို့ရဲ့ အရှေ့မြောက်ဘက်၊ မိုင်းယောင်း-မိုင်းယုမြို့တွေရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက် တရုတ်နယ်စပ် တလျှောက်မှာ တည်ရှိတယ်လို့ သိရပါတယ်။

မြောက်ဘက်မှာ တရုတ်နယ်စပ်နဲ့ ၃၄၂ ဒသမ ၅ ကီလိုမီတာ ထိစပ်နေပြီး အရှေ့ဘက်မှာ မဲခေါင်မြစ်ကြောင်းအတိုင်း လာအိုနဲ့ ကီလိုမီတာ ၁၀၀ ကျော် ဆက်စပ်နေပါတယ်။ နယ်မြေအကျယ်အဝန်းမှာ ၄,၉၅၂ စတုရန်း ကီလိုမီတာရှိတယ်လို့ သိရပါတယ်။

PSC / NDAA ရဲ့ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလင်းက တာဝန်ယူပြီး တပ်မှူးအဖြစ် လော်ချန်းပေါင်းက တာဝန်ယူထားတယ်လို့ သိရပါတယ်။

NDAA ဟာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ အမှတ် (၈၁၅) စစ်ဒေသအဖြစ်မှ ၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်နေ့မှာ ဦးစိုင်းလင်း ဦးဆောင်တဲ့ တိုင်းရင်းသားတွေပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေက ခွဲထွက်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

စစ်ရေးလေ့လာသုံးသပ်သူများရဲ့ အချက်အလက်တွေအရ လက်နက်ကိုင်တပ်ဖွဲ့၊ ဒေသန္တရ အုပ်ချုပ်ရေးတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့အပါအဝင် စုစုပေါင်း အင်အား ၆၀,၀၀ ခန့် ရှိတယ်လို့ သိရပြီး စစ်ကောင်စီတပ်နှင့် ရင်ဆိုင်ထားတဲ့ မိုင်းလားနယ်မြေ ခံစစ်စည်းမှာ UWSA တပ်ရင်း အနည်းဆုံး လေးရင်းခန့် ခံစစ်တာဝန် အားဖြည့်ယူထားတယ်လို့ သိရပါတယ်။

UWSA, SSPP, NDAA အဖွဲ့သုံးဖွဲ့ဟာ စစ်ကောင်စီနဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်လို့ သိရပါတယ်။ NCA ရေးထိုးထားခြင်း မရှိသေးပါဘူး။

UWSA, SSPP, NDAA တို့ဟာ KIA, AA, TNLA, MNDAA တို့နဲ့ မဟာမိတ်ဖွဲ့စည်းထားပါတယ်။

UWSA, SSPP, NDAA, MNDAA တို့ဟာ အရင် ဗကပ ခေတ်ကာလ ကတည်းက သွေးသောက်ညီနောင် ဖွဲ့မှုကို ၂၀၂၃ ခုနှစ်အတွင်း ထပ်မံပြုလုပ်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို