နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်ဒဂုံရှိ စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှူး စီးနင်းတိုက်ခိုက်ခံရ၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့သေဆုံး

စက်တင်ဘာလ (၂၁)ရက်။

မနေ့က နံနက် (၉)နာရီကျော်အချိန်က တောင်ဒဂုံမြို့ရှိ စစ်ကောင်စီလက်အောက်ခံ (၁၀၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးအင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်သူကို နှိပ်စက်ဖိနှိပ်ပြီး အဓမ္မငွေကြေးတွေတောင်းခံကာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်ဖို့ အထောက်အပံ့ဖြစ်တာကြောင့် တောင်ဒဂုံမြို့ရှိ (၁၀၇)ရပ်ကွက်ရုံးကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စီးနင်းတိုက်ခိုက်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ကြည်ထွန်းနဲ့ ရာအိမ်မှူး ဆွေမြင့်အောင်တို့ သေဆုံးခဲ့ပြီး ရုံးအကူ မျိုးမြင့်ထွန်း(ခ)သားကြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Anonymous Force(ရန်ကုန်စစ်ဒေသခွဲ-PRF)က “ Cheetah Operation” ထဲက တစ်ခုအနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးထဲ တော်လှန်ရေးအဖွဲ့၀င်တွေအနေနဲ့ တစ်စုံတစ်ရာ ထိခိုက်ခဲ့တာမရှိခဲ့ဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

(၁၀၇)ရပ်ကွက် ငုဝါမြိုင်လမ်းမပေါ်ရှိ အုပ်ချုပ်ရေးမှူးရုံး၀င်းထဲကို လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပလက်ဝမှာ အရပ်သား (၃)ဦး သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ကြိုးစားသွားမယ်လို့ IKACC ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ ပလက်ဝမြို့နယ်မှာ အရပ်သား (၃)ဦး သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်အောင် ကြိုးစားသွားမယ်လို့ ခူမီး(ချင်း)မျိုးနွယ်စုရေးရာအတိုင်ပင်ခံကောင်စီ(IKACC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကာတာနိုင်ငံမှာကျင်းပတဲ့ အေစီဒီထိပ်သီးအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝနကြီး တက်ရောက်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 5 Views
အောက်တိုဘာလ (၄)ရက်။ မနေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ)ရဲ့ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ
မြန်မာသတင်း

စက်သုံးဆီဝယ်တဲ့အခါ ကတ်အသုံးပြုပြီးဝယ်ယူဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ ပြည်တွင်းမှာ စက်သုံးဆီတွေကို ဝယ်ယူခွင့်ကတ်ပြားပုံစံတွေနဲ့ ဝယ်ယူနိုင်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ စက်သုံးဆီအသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အခုက စက်သုံးဆီဝယ်ဖို့ ဝယ်ယူခွင့်ကတ်တွေဆိုပြီး နမူနာပုံစံထွက်လာတာတွေ့ရတယ်။ ဘယ်လိုမျိုးလုပ်မယ်ဆိုတာတော့ သေချာမသိရသေးဘူး၊ ပြောနေကြတာတော့
မြန်မာသတင်း

ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေ အလည်အပတ်ပတ်စ်ပို့(PV)နဲ့ မသွားဖို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 5 Views
အောက်တိုဘာလ (၄)ရက်။ ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေ အလည်အပတ်ပတ်စ်ပို့(PV)နဲ့ မသွားကြဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ပသွားရောက်လုပ်ကိုင်မယ့်သူတွေဟာ အလုပ်အကိုင်ပတ်စ်ပို့(PJ)နဲ့ OWIC လျှောက်ထားတာတို့ကို မပြုလုပ်ဘဲ PV ကိုသာ လျှောက်ထားပြီး လေကြောင်းခရီးနဲ့ ပြည်ပထွက်ဖို့
မြန်မာသတင်း

အင်အား (၂၀၀၀၀)ကျော်နဲ့ စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ PNA ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ စက်တင်ဘာလ (၃၀)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးဒေသ (၆)ရှိ ရန်ကင်းစစ်ဒေသမှာ အင်အား (၂၀၀၀၀)ကျော်ပါဝင်တဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PNA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အင်အား (၂၀၀၀၀)ကျော်ပါတဲ့ စစ်သင်တန်းဆင်းပွဲကို
မြန်မာသတင်း

တစ်လတာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ကျော်သေဆုံးပြီး (၄၁)ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ စက်တင်ဘာလထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း (၁၄၄)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ရှုံးစစ်ကောင်စီဘက်က (၇၄)ဦးသေဆုံးခဲ့ကာ (၄၁)ဦး ဒဏ်ရာရရှိခဲ့တယ်ပြီး
1027 Operations မြန်မာသတင်း

လားရှိုးမြို့ တိုက်လေယာဉ်တွေနဲ့ ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခံရ၊ (၃)လတာထဲ အရပ်သား (၃၀)ကျော်သေဆုံးပြီး (၉၀)‌ကျော် ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 4 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နံနက် (၂)နာရီကျော်အချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၂နာရီ (၁၃)မိနစ်ကနေ (၅)နာရီကျော်အထိ
မြန်မာသတင်း

ပဲခူးရိုးမထဲက ရေလှောင်တမံကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၂)ဦးကျော်သေဆုံးပြီး (၁၄)ဦးကျော်ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 6 Views
အောက်တိုဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီခန့်က ပဲခူးရိုးမထဲ အင်အား (၄၀)ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ပဲခူးရိုးမထဲရှိ ဂမုန်းရေလှောင်တမံကို ဝိုင်းကျေးရွာရဲစခန်းကနေ တက်လာတာဖြစ်ပြီး သာယာဝတီခရိုင် တပ်ရင်း