နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ ရဟတ်ယာဉ်နဲ့ လေယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

အောက်တိုဘာလ (၂၁)ရက်။

မနေ့က ည (၈)နာရီ (၂၃)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ‌၁၀၇မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“စစ်ရှုံးကောင်စီရဲ့ တောင်ငူလေတပ်စခန်းထဲကို ၁၀၇မမ ရှော့တိုက်ဒုံး (၃)လုံး Mission 24 အနေနဲ့ ပစ်ခတ်ရာ (၂)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံး (၂)လုံးမှာ တစ်လုံးက ကားဂိုဒေါင်ပေါ်ကျပြီး နောက်တလုံးက လေယာဉ်ဂိုဒေါင်ပေါ် ကျခဲ့တယ်”လို့ ဆိုပါတယ်။

ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ ကားဂိုဒေါင်နဲ့ လေယာဉ်ဂိုဒေါင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ်တစ်စီး အမြီးပိုင်းထိခိုက်ခဲ့သလို Y-12 တစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပြီး နောက်ဆက်တွဲထိခိုက်ပျက်စီးတာကို ဆက်လက်စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

တောင်ငူလေတပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ လေတပ်အရာရှိကြီးတစ်ဦးအပါအဝင် (၄)ဦးသေဆုံးခဲ့ပြီး လေတပ်အရာရှိ (၂)ဦးအပါအဝင် အခြားအဆင့် (၆)ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့လဲ ရေးသားထားပါတယ်။

“ပစ်ခတ်ပြီးမကြာခင်မှာ အရေးပေါ်လူနာတင်ကား (၃)စီး လေတပ်ထဲဝင်သွားပြီး လူနာတွေကို သယ်သွားခဲ့တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ထိခိုက်ပျက်စီးတာကိုလဲ ဆက်စုံစမ်းနေပါတယ်။ အခု ထိခိုက်ပျက်စီးတဲ့စာရင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကနေ သိရှိရတာပါ”လို့ BWM က ဆက်ပြောပါတယ်။

တောင်ငူလေတပ်ဟာ ကရင်၊ ကရင်နီ၊ ရှမ်းတောင်တို့က တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တာမှာ စစ်ရှုံးစစ်ကောင်စီ အဓိကအားထားရတဲ့ ‌လေတပ်စခန်းဖြစ်တာကြောင့် အခုစစ်ဆင်ရေးကို အကောင်အထည်ဖော်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်တာမှာ ထင်ရာစိုင်းသလိုဖြစ်နေတဲ့ အကြမ်းဖက်လေတပ်ကို နှိမ်နင်းဖို့ အထူးလိုအပ်လာပြီဖြစ်ကာ တော်လှန်ရေးအင်အားစုတွေလဲ နည်းမျိုးစုံနဲ့ တန်ပြန်တိုက်ခိုက်ဖို့ တိုက်တွန်းထားပါတယ်။

BWM အနေနဲ့လဲ လေတပ်နဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ အသိပေးထားကာ အခုစစ်ဆင်ရေးကို BWM အဖွဲ့ရဲ့ စီမံမှုနဲ့ NSA31 မြို့ပြပျောက်ကြားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 77 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 62 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို