နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ ရဟတ်ယာဉ်နဲ့ လေယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

အောက်တိုဘာလ (၂၁)ရက်။

မနေ့က ည (၈)နာရီ (၂၃)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ‌၁၀၇မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်ရှုံးကောင်စီရဲ့ တောင်ငူလေတပ်စခန်းထဲကို ၁၀၇မမ ရှော့တိုက်ဒုံး (၃)လုံး Mission 24 အနေနဲ့ ပစ်ခတ်ရာ (၂)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံး (၂)လုံးမှာ တစ်လုံးက ကားဂိုဒေါင်ပေါ်ကျပြီး နောက်တလုံးက လေယာဉ်ဂိုဒေါင်ပေါ် ကျခဲ့တယ်” လို့ ဆိုပါတယ်။

ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ ကားဂိုဒေါင်နဲ့ လေယာဉ်ဂိုဒေါင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ်တစ်စီး အမြီးပိုင်းထိခိုက်ခဲ့သလို Y-12 တစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပြီး နောက်ဆက်တွဲထိခိုက်ပျက်စီးတာကို ဆက်လက်စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

တောင်ငူလေတပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ လေတပ်အရာရှိကြီးတစ်ဦးအပါအဝင် (၄)ဦးသေဆုံးခဲ့ပြီး လေတပ်အရာရှိ (၂)ဦးအပါအဝင် အခြားအဆင့် (၆)ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့လဲ ရေးသားထားပါတယ်။

“ ပစ်ခတ်ပြီးမကြာခင်မှာ အရေးပေါ်လူနာတင်ကား (၃)စီး လေတပ်ထဲဝင်သွားပြီး လူနာတွေကို သယ်သွားခဲ့တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ထိခိုက်ပျက်စီးတာကိုလဲ ဆက်စုံစမ်းနေပါတယ်။ အခု ထိခိုက်ပျက်စီးတဲ့စာရင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကနေ သိရှိရတာပါ” လို့ BWM က ဆက်ပြောပါတယ်။

တောင်ငူလေတပ်ဟာ ကရင်၊ ကရင်နီ၊ ရှမ်းတောင်တို့က တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တာမှာ စစ်ရှုံးစစ်ကောင်စီ အဓိကအားထားရတဲ့ ‌လေတပ်စခန်းဖြစ်တာကြောင့် အခုစစ်ဆင်ရေးကို အကောင်အထည်ဖော်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်တာမှာ ထင်ရာစိုင်းသလိုဖြစ်နေတဲ့ အကြမ်းဖက်လေတပ်ကို နှိမ်နင်းဖို့ အထူးလိုအပ်လာပြီဖြစ်ကာ တော်လှန်ရေးအင်အားစုတွေလဲ နည်းမျိုးစုံနဲ့ တန်ပြန်တိုက်ခိုက်ဖို့ တိုက်တွန်းထားပါတယ်။

BWM အနေနဲ့လဲ လေတပ်နဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ အသိပေးထားကာ အခုစစ်ဆင်ရေးကို BWM အဖွဲ့ရဲ့ စီမံမှုနဲ့ NSA31 မြို့ပြပျောက်ကြားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 30 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 33 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 34 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ