နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းတုန်းမြို့နယ်ထဲ ဘယ်လက်နက်ကိုင်အဖွဲ့မဆို စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေဆီ ခွင့်ပြုချက်ယူရမယ်လို့ မြို့နယ်ပကဖထုတ်ပြန်

နိုဝင်ဘာလ (၂၁)ရက်။

မင်းတုန်းမြို့နယ်ထဲ ဘယ်အဖွဲ့မဆို လက်နက်တွေနဲ့ သွားလာတာ၊ စစ်ရေးလှုပ်ရှားတာနဲ့ စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေက သဘောတူခွင့်ပြုမှသာ ပြုလုပ်ဖို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ရာမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ညီညွတ်ဖို့လိုကာ အဲ့ဒီညီညွတ်ရေးကို သတိကြီးစွာနဲ့ ရေရှည်ထိန်းသိမ်းရမယ့် တာဝန်က အဖွဲ့အားလုံးမှာရှိတယ်လို့ ဆိုပါတယ်။

မင်းတုန်းမြို့နယ်ထဲ စစ်ရေးလှုပ်ရှားရင်း သတင်း၊ ရိက္ခာ စတဲ့ အခြေခံလိုအပ်ချက်တွေ အရေးပေါ်လိုအပ်ရင် ဘယ်တော်လှန်ရေးအဖွဲ့အစည်းမဆို မြို့နယ်ပကဖဆီ အကူအညီတောင်းခံနိုင်ကာ တတ်နိုင်သလောက် ကူညီဖို့ အသင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး မြို့နယ်ပကဖကိုယ်တိုင် အခြားအဖွဲ့တွေ တာဝန်ယူလှုပ်ရှားနေတဲ့ နေရာဒေသတွေကို ဖြတ်သန်းသွားလာတာ၊ စစ်ရေးလှုပ်ရှားတာ၊ အထိုင်ချတာနဲ့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လိုရင် သက်ဆိုင်ရာ တပ်ရင်းတွေ၊ ပကဖတွေဆီ ခွင့်တောင်းပြီးမှ ဝင်ရောက်မယ်လို့ ရေးသားထားပါတယ်။

ဒီလို စနစ်တကျ ပူးပေါင်းဆောင်ရွက်တာမရှိဘဲ တာဝန်ရှိအဖွဲ့တွေကို ခွင့်မတောင်း၊ သတင်းမပို့ဘဲ ကိုယ့်သဘောဆန္ဒအတိုင်း ဖြတ်သန်းသွားလာတာ၊ စစ်ရေးလှုပ်ရှားတာ၊ စခန်းချနေထိုင်တာက ဒေသခံတာဝန်ရှိ အဖွဲ့အပေါ် မလေးစားတဲ့လုပ်ရပ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေအားလုံး တာဝန်ယူလှုပ်ရှားနေတဲ့ ဒေသတွေမှာ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး အခြားအဖွဲ့ရဲ့ နယ်မြေထဲကို စည်းကမ်းမဲ့စွာ ဝင်ရောက်တာ‌တွေမလုပ်ဖို့ အသိပေးထားမြစ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 116 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 92 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 79 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 92 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို