နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့် လက်တွဲတိုက်ထုတ်ဖို့ NUG တိုက်တွန်း

ဒီဇင်ဘာလ (၂၁)ရက်။

စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားတွေ အတူလက်တွဲ အမြစ်ပြတ်တိုက်ထုတ်ဖို့ အရေးကြီးတယ်လို့ မနေ့က UWSP တည်ထောင်တဲ့ (၃၆)နှစ်ပြည့်ကို ပေးပို့တဲ့သဝဏ်လွှာမှာ NUG က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)အနေနဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရပြီး ဒီကနေ့ခေတ်မှာ အောင်မြင်မှုအသီးသီး ရရှိနေကာ ကျန်လူမျိုးတွေ အားကျရတဲ့ စံပြပြည်နယ်တစ်ခု ထူထောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

UWSP နဲ့ “ ဝ” လူမျိုးတို့ဟာ ခက်ခဲကြမ်းတမ်းတဲ့ အတိတ်သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရသလို ဒီကနေ့ကာလမှာ မြန်မာနိုင်ငံရဲ့ အခြားနေရာဒေသတွေမှာ လူမျိုးစုတွေက စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာ ထာဝရငြိမ်းချမ်းရေးရရှိပြီး ဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်းတည်ငြိမ်မှု ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့ အရေးကြီးတယ်လို့ ရေးသားထားပါတယ်။

“ ဝ” ပြည်ထဲ နေထိုင်နေတဲ့ “ ဝ” လူမျိုးတွေအပါအဝင် လူမျိုးပေါင်းစုံရဲ့ အေးချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို လက်တွေ့ဖော်ဆောင်နေတဲ့ UWSP (၃၆)နှစ်ပြည်ကို သဝဏ်လွှာပေးပို့ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူတယ်လို့ NUG က ပြောဆိုထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာဖို့၊ စစ်အာဏာရှင်စနစ် ပြုတ်ကျဖို့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ UWSP၊ “ ဝ” လူမျိုးတို့နဲ့အတူ လက်တွဲကြိုးပမ်းသွားမယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 30 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 25 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 27 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၃)ရက်။ အခုနှစ်ရက်တာထဲ မင်းတပ်မြို့‌ပေါ်နဲ့ အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ (၁၁)ကြိမ် တိုက်ခိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၁)ရက်နေ့မှာ ညပိုင်း မြို့ပေါ်ကို လေကြောင်းကနေ (၂)ကြိမ်၊ မနေ့က မနက်ပိုင်းမှာ
မြန်မာသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို ဆိုင်းငံ့သေဒဏ် ချမှတ်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် ဘေဂျင်း — တရုတ်နိုင်ငံသည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ဆက်တိုက် နှိမ်နင်းလျက်ရှိရာ ကြာသပတေးနေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဆိုင်းငံ့သေဒဏ်များ ချမှတ်လိုက်ကြောင်း တုန်လှုပ်ဖွယ်ရာ
မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ ဆေးလက်ထောက်သင်တန်း၊ စစ်သူနာပြုအကူသင်တန်း၊ သားဖွားတပ်ကြပ်ကြီးသင်တန်းနဲ့ ဆေးတပ်ဖွဲ့ဆိုင်ရာသင်တန်းတွေကို လက်ခံဖွင့်လှစ်ပေးတဲ့ သင်တန်းကျောင်းလို့ ဆိုပါတယ်။ ဒါပေမယ့်
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က အုတ်ဖိုမြို့ အေးမြသာယာမြို့သစ် မြို့အဝင်ရှိ ပျူစောထီးစခန်းကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)ရှိ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး