နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည်ကို အစ္စရေး မကာကွယ်နိုင်ခဲ့ဟုဆို

ယီမင်နိုင်ငံမှ ဒုံးကျည်တစ်စင်းသည် စနေနေ့တွင် တဲလ်အဗီးမြို့ကို ညတွင်းချင်း ထိမှန်ခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက ရှားရှားပါးပါး မြို့တော်ကို ဖြတ်ကျော်ဝင်ရောက်မှုကို ကာကွယ်တားဆီးရာမှာ မအောင်မြင်ခဲ့ဟု ပြောကြားခဲ့သည်။

ဒုံးကျည်သည် တဲလ်အဗီးမြို့တောင်ပိုင်း ဂျက်ဖာ (Jaffa) ဧရိယာတွင် ကျရောက်ခဲ့ပြီး ယီမင်မှ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ လူတစ်ဒါဇင်ကျော် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုများ အရသိရသော်လည်း လူသေဆုံးမှု မရှိကြောင်း သိရသည်။

အစ္စရေး၏ ဒုတိယအကြီးဆုံးမြို့ တဲလ်အဗီးမြို့ သည် နိုင်ငံ၏ စီးပွားရေးနှင့် သံတမန်ရေးရာ ဗဟိုဌာနဖြစ်သည်။ အစ္စရေး၏ ကျယ်ပြန့်သော လေကြောင်းရန် ကာကွယ်ရေးကြောင့် ကမ်းရိုးတန်းမြို့မှ ပစ်လွှတ်သော ဒုံးကျည်များမှ တိုက်ရိုက် ထိမှန်မှုမှာ ရှားပါးသည်။

တိုက်ခိုက်မှုအပြီးတွင်၊ ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့ဝင်များသည် စနေနေ့အစောပိုင်းတွင် ဂျက်ဖာ (Jaffa) ဧရိယာရှိ အစ္စရေးပစ်မှတ်သို့ “ပါလက်စတိုင်း ၂” ဟု တံဆိပ်တပ်ထားသော အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

“ဒုံးကျည်က ပစ်မှတ်ကို တိကျစွာ ထိမှန်ပြီး အစ္စရေးရဲ့ ကာကွယ်ရေးနဲ့ ကြားဖြတ်စနစ်တွေက ကာကွယ်နိုင်ခြင်း မရှိခဲ့ပါဘူး” ဟု စစ်သွေးကြွအုပ်စုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အနီးနားရှိ အဆောက်အဦများတွင် မှန်ကွဲအက်ကွဲမှုများကြောင့် အနည်းဆုံး လူ ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အစ္စရေး၏ မဂင် ဒေးဗစ် အဒုံမ် (Magen David Adom) (MDA) အရေးပေါ်ဌာနမှ ပြောကြားခဲ့သည်။

ထို့အပြင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးကို ကုသပေးခဲ့ပြီး ၎င်းတို့ လုြံခုံသည့်နေရာတွင်ထားပေးခဲ့ပြီး အထိတ်တလန့်ဖြစ်ခဲ့ရသူ ၇ ဦးတို့ကို ကုသပေးခဲ့သည်။

ထိုနေရာတွင် နေထိုင်သူ အသက် ၆၉ နှစ်အရွယ်ရှိဘက်သ် ရှာဟိုင်း (Beth Shahai) ကရိုက်တာ သတင်းဌာနသို့ ပြောကြားရာတွင် သူမသည် ဥသြသံများကြားခဲ့ရသော်လည်း ဒုံးကျည်သည် နေအိမ်မှ ထွက်ပြေးရန် အချိန်မရမီတွင် ပေါက်ကွဲသွားကြောင်း သိရသည်။

“ပဲ့ထိန်းဒုံးကျည်က ကျွန်မတို့ အဆောက်အဦရဲ့ နောက်ကွယ်မှာ ကျရောက်ခဲ့ပြီး ပြတင်းပေါက်တွေ အားလုံးက ပထမထပ်၊ ဒုတိယထပ်နဲ့ ဧရိယာတစ်ခုလုံးကို ပေါက်ကွဲလွင့်ထွက်ခဲ့ပါတယ်။ အရမ်းကြောက်စရာကောင်းတယ်” ဟု သူမက ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တို့၏ စစ်ပွဲသည် ယမန်နှစ် အောက်တိုဘာလတွင် စတင်ခဲ့ချိန်မှစ၍ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၊ အီရန်ကျောထောက် နောက်ခံပြု ယီမင်နိုင်ငံရှိ ဟူသီသူပုန်များ၊ စစ်သွေးကြွအုပ်စုများအပြင် အီရန်ကိုယ်တိုင်ကပါ ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းခံနေရသည်။ ဒုံးကျည်အားလုံးနီးပါးကို အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးများက ကြားဖြတ်ဟန့်တားထားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဝိုင်းရံထားမှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူပေါင်း သောင်းနှင့်ချီ သေဆုံးပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်စေခဲ့ပြီး လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀၀ ခန့် သေဆုံးခဲ့ရသည်။

ဟူသီများသည် ဂါဇာရှိစစ်ပွဲကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး ရေလမ်းများထဲမှ တစ်ခုဖြစ်သည့် ပင်လယ်နီရှိ သင်္ဘောများကို လပေါင်းများစွာ ပစ်မှတ်ထား တိုက်ခိုက်နေခဲ့သည်။

ဟူသီ၊ ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာတို့သည် ဒေသတွင်း အများအပြားတွင် ပျံ့နှံ့နေသော အီရန်ဦးဆောင်သော မဟာမိတ်အဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယမန်နှစ် စစ်ပွဲစတင် ကတည်းက အစ္စရေးနှင့် ၎င်း၏မဟာမိတ်များကို တိုက်ခိုက်ခဲ့သည်။ ပါလက်စတိုင်းနယ်မြေအတွင်း အပစ်အခတ် ရပ်စဲရေး မပြီးမချင်း အစ္စရေးနှင့် ၎င်း၏ မဟာမိတ်များအား တိုက်ခိုက်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် စစ်သွေးကြွများက လူ ၁၀၀၀ ကျော် သေဆုံးပြီး ရာနှင့်ချီသော ဓားစာခံများကို သိမ်းပိုက်ခဲ့သည့် အစ္စရေးကို တိုက်ခိုက်ခဲ့ရာ ၁၄ လကျော်ကြာ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

ကြာသပတေးနေ့တွင် အစ္စရေးစစ်တပ်က ယီမင်နိုင်ငံမှ ပစ်လွှတ်သော ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ပြီး တဲလ်အဗီးမြို့ အနီးရှိ စာသင်ကျောင်းတစ်ကျောင်းကို ကြီးမားသော ထိခိုက်မှုဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် ဟစ်ဇ်ဘိုလာ ဒုံးပျံမှ အပိုင်းအစများသည် မြို့တွင်းရှိ အဆောက်အအုံ တစ်ခုကို ထိမှန်ခဲ့သည်။

ဇူလိုင်လတွင် ဟူသီတို့သည် တဲလ်အဗီးမြို့ ၌ လူအသေအပျောက်များသော မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ယင်းအဖွဲ့၏ ပထမဆုံးသော တိုက်ခိုက်မှုလည်း ဖြစ်သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံတွင် တချို့က ထရန့်ကို မော်စီတုံး၏တစ္ဆေအဖြစ် ရှုမြင်ကြသည်

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 12 Views
+++++++++++++++ ဒင်းသည် ၎င်း၏ ဆယ်ကျော်သက်အရွယ်တွင် ဥက္ကဌ မော်စီတုံး၏ တော်လှန်သော အတွေးအခေါ်များကို ထက်သန်စွာ ယုံကြည်သူအဖြစ် တရုတ်နိုင်ငံတွင် ကြီးပြင်းလာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဟောင်း ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနေဟု ကြေညာ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 13 Views
မေလ (၁၉) ရက်။ အမေရိကန် သမ္မတဟောင်းဘိုင်ဒင်သည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနေကြောင်း စစ်ဆေးတွေရှိခဲ့ရသည်ဟု အမေရိကန်သမ္မတဟောင်းဘိုင်ဒင်၏ ရုံးခန်းက မေလ ၁၈
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ ကြီးမားတဲ့ မြေပြင်ကျူးကျော်ထိုးစစ် ပြုလုပ်ခဲ့ကြောင်း အစ္စရေး ကြေညာ

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 15 Views
မေလ (၁၈) ရက်။ အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းထိန်းချုပ်ထားသော ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ကြီးမားသောမြေပြင်ကျူးကျော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ရိုက်တာနှင့် အခြားသတင်းအေဂျင်စီများ၏ အဆိုအရ အစ္စရေးနှင့် အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့သည် ကာတာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာကျော်သဌေးကြီး ဝါရင်ဘတ်ဖတ်က ကုမ္ပဏီရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းကို ထုတ်ဖော်ပြော

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 10 Views
မေလ (၁၈) ရက်။ ၁၄ ရက်နေ့ထုတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ကျော်ကြားတဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံသူ အသက် (၉၄) နှစ်အရွယ် ဝါရင်ဘတ်ဖတ်က ဘာ့ခ်ရှီးယား ဟက်သာဝေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏စီအီးအိုကနေ နုတ်ထွက်ရတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် ရန်လိုတဲ့ထရန့်ဟာ “ အဆင့်နိမ့်လွန်းတယ်” လို့ အီရန်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 22 Views
မေလ (၁၇) ရက်။ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် ရန်လိုတဲ့ မှတ်ချက်စကားကို သူ့အနေနဲ့ တုံ့ပြန်ရန်မထိုက်တန်ဘူးလို့ ၁၇ ရက်နေ့က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ အီရန်မီဒီယာတွေရဲ့
နိုင်ငံတကာသတင်း အမေရိကန်

ဆိုရှယ်မီဒီယာမှာ တင်ထားသည့်ပို့စ်ကြောင့် “ FBI ညွှန်ကြားရေးမှူးဟောင်းကို တရားစွဲတာဟာ အကျိုးမရှိနိုင်ဘူး” ဟု ဥပဒေနဲ့ လုံခြုံရေးကျွမ်းကျင်သူတွေပြော

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 23 Views
မေလ (၁၇) ရက်။ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေ (James Comey) သည် ဂဏန်းနံပါတ်လေးခု ရေးသားထားသော ပင်လယ်ခွံ ရုပ်ပုံတစ်ပုံကို တင်ခဲ့ပြီးနောက် သမ္မတ ‌ဒေါ်နယ်ထရန့်၏ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း အမေရိကန်ထောက်လှမ်းရေးညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ဥရောပ

ငြိမ်းချမ်းရေးဆွေး‌နွေးပွဲအပြီး နာရီပိုင်းအတွင်း ရုရှားလက်စွမ်းပြ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 21 Views
မေလ (၁၇) ရက်။ ဆူမီဒေသတွင် ရုရှားဘတ်စ်ကားတစ်စီး တိုက်ခိုက်မှုကြောင့် ကိုးဦးသေဆုံးကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နာရီပိုင်းအကြာတွင် ယူကရိန်းက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရုရှားမောင်းသူမဲ့ လေယာဉ်တစ်စီး၏ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး ခုနစ်ဦး
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးခံရသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 140 Views
မေလ (၁၇) ရက်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားဆဲ လူကုန်ကူးခံရသူများကို ကယ်တင်ရန် အရေးပေါ် အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။ ယင်းဒုက္ခသည်များထဲတွင် ကင်မရွန်း၊ အီသီယိုးပီးယား၊